ဟင်းအနှစ် နှင့် ပုစွန်ခရမ်းချဉ်သီးချက်

แชร์
ฝัง
  • เผยแพร่เมื่อ 14 ต.ค. 2024
  • Taste Window ပရိသတ်ကြီး မင်္ဂလာပါ။ “ဒီနေ့ဘာချက်ရင်ကောင်းမလဲ” အစီအစဉ်မှ ပြန်လည်ကြိုဆိုပါတယ်။ အခုတစ်ပတ်မှာတော့ အိမ်ရှင်မတွေအတွက် အရမ်းကိုမှ အသုံးဝင်စေမယ့် ဟင်းအနှစ်ချက်နည်း ကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ အသင့်ချက်ပြီးသား ဟင်းအနှစ်လေးရှိရုံနဲ့ ဟင်းတစ်ခွက်ကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန်ချက်နိုင်မှာ ဖြစ်ပါတယ်။
    ဟင်းအနှစ်ချက်တဲ့အခါမှာ ငရုတ်သီးအခြောက်တောင့်တွေကို ကိုယ်တိုင်သန့်စင်ပြီး အသုံးပြုထားတဲ့အတွက် ကျန်းမာရေးအတွက်လည်း စိတ်ချရတာပေါ့နော်။ ငရုတ်သီးအခြောက်တောင့် အမျိုးအစားတွေကိုလည်း ရှင်းပြထားတာြဖစ်လို့ အိမ်ရှင်မတွေအနေနဲ့ ကြိုက်နှစ်သက်ရာ အမျိုးအစားကို ရွေးချယ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဟင်းအနှစ်ချက်တဲ့အခါမှာ အဓိကအရေးကြီးဆုံးအချက်က အထားခံဖို့ပဲ ဖြစ်ပါတယ်။ ဟင်းအနှစ်ကို တစ်ပတ်စာအထားခံအောင် ဘယ်လိုမျိုးချက်ရမလဲဆိုတာ အခုဗီဒီယိုမှာလေးမှာ ကြည့်လိုက်ကြရအောင်နော်။
    နောက်တစ်ခုအနေနဲ့ အခုချက်ပြသွားတဲ့ ဟင်းအနှစ်ကို အသုံးပြုပြီးတော့ ပုစွန်ခရမ်းချဉ်သီးချက် ကိုလည်း ချက်ပြထားပါသေးတယ်။ ဟင်းရဲ့ အနံ့နဲ့ အရသာအတွက် အခြားပါဝင်ပစ္စည်းတွေကို အများကြီးထည့်သုံးစရာ မလိုတော့တာြဖစ်လို့ အရမ်းကို အဆင်ပြေလွယ်ကူစေပါတယ်။ အချိန်ကုန်သက်သာစေတဲ့အတွက်ကြောင့် အိမ်ရှင်မတိုင်း မိမိတို့အိမ်မှာ ဟင်းအနှစ်တစ်ခွက်ကို ချက်ထားကြဖို့ အကြံပေးပါရစေနော်။
    ဗီဒီယိုကို ကြည့်ပြီး အခုချက်ပြသွားတဲ့ ဟင်းအနှစ်နဲ့ပတ်သတ်ပြီး မေးချင်တာလေးတွေရှိရင်လည်း မေးမြန်းလို့ရပါတယ်။ နောက်တစ်ပတ်တွေမှာလည်း ဘာတွေချက်စေချင်လဲဆိုတာကို comment မှာ အကြံပေးသွားလို့ရပါတယ်။ နောက်ပြီး ပရိသတ်တွေရော ဘာတွေချက်စားဖြစ်ကြလဲဆိုတာကိုလည်း comment မှာ ပြောသွားပေးကြပါဉီးနော်။
    “ဟင်းအနှစ်”
    ကြက်သွန်နီ - ၃၂၀ ဂရမ် (၂၀ကျပ်သားခန့်)
    ကြက်သွန်ဖြူ - ၁၅၀ ဂရမ် (၁၀ကျပ်သားခန့်)
    ချင်း - ၃၇ ဂရမ် (၂ကျပ်ခွဲသားခန့်)
    ငရုတ်ပွအခြောက်တောင့် - ၇၅ ဂရမ် (၅ကျပ်သားခန့်)
    ဆီ - ၁ လီတာ
    ငံပြာရည် - ၁၅၀ ဂရမ် (၁၀ကျပ်သားခန့်)
    နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
    ပုစွန်ခရမ်းချဉ်သီးချက်
    ပုစွန် - ၃၅၀ ဂရမ်
    ကိုင်းခရမ်းချဉ်သီး - ၃လုံး
    နံနံပင် - အနည်းငယ်
    ဟင်းအနှစ် - စားပွဲဇွန်း ၂ ဇွန်း
    ငရုတ်သီးစိမ်း - အနည်းငယ်
    မန်ကျည်းသီးမှည့်ရည် - စားပွဲဇွန်း ၁ ဇွန်း
    ဆား - အနည်းငယ် ( ပုစွန်နယ်ရန်)
    နနွင်းမှုန့် - အနည်းငယ် ( ပုစွန်နယ်ရန်)
    ငံပြာရည် - အနည်းငယ်
    #taste_window
    #ဟင်းအနှစ်
    #ပုစွန်ခရမ်းချဉ်သီးချက်
    #ဒီနေ့ဘာချက်ရင်ကောင်းမလဲ
    #TinTinOo

ความคิดเห็น • 7

  • @cuisjiiie305
    @cuisjiiie305 ปีที่แล้ว

    အမြင်နဲ့တင်စားချင်စရာ ကျေးဇူးပါ

  • @thidaroo7791
    @thidaroo7791 ปีที่แล้ว

    ကျေးဇူးပါ

  • @phonephone2422
    @phonephone2422 2 ปีที่แล้ว

    ေသချာေြပာြပ ေပးဒဲ့အတွက် ေကျးဇူးပါ​👍​🤩🤩🤩😍😍😍💕

  • @dr.soewynn2949
    @dr.soewynn2949 2 ปีที่แล้ว

    Thanks for tasty curry chille paste.

  • @thinyushwezin119
    @thinyushwezin119 ปีที่แล้ว

    ကျေးဇူးအထူးပါ❤❤❤

  • @nweni6537
    @nweni6537 2 ปีที่แล้ว

    ပုဇွန်ကျားက ကျောရိုးခွဲ ချီးကြောင်းထုပ်ရန်လိုအပ်ပါတယ်

  • @jaungjaung9386
    @jaungjaung9386 2 ปีที่แล้ว

    ဆီ က ၁ လီတာတောင်လိုလား