မုန့်ကြာလိပ်

แชร์
ฝัง
  • เผยแพร่เมื่อ 18 ก.ย. 2024
  • ဟိုအရင် ငယ်ငယ်အချိန်တုန်းဆီက
    အခုလို ရွာဘက်မှာကမုန့်ဆိုင်တွေ
    လက်ဖက်ရည်ဆိုင်တွေက မရှိ
    မုန့်ပေါင်းတို့ မုန့်ကြာ(ဂျ)လိပ်တို့ဆိုတာက
    ကိုယ့်အိမ်ကို လုပ်စားကြတာ အ၀ဖဲ
    ကောက်ညှင်းမှုန့် ဆန်ကြမ်းမှုန့်တို့ဆိုတာက
    အိမ်တိုင်း အိုးထဲမှာထည့်ပီး ရွာကမောင်းမှာ ထောင်းပီး သိမ်းထားကြတာ
    ဧည့်သည်လာရင်လည်း မုန့်ဂျလိပ်ကျ အလွယ်တကူ လုပ်ကျွေးလို့လွယ်တာပေါ့ မုန့်ပေါင်းကတော့ တစ်ည အိပ်ရတယ်။
    မုန့်ထဲထည့်မဲ့ ဌာပနာက မုန့်လုပ်ဖို့ထန်းဖိုဦးထန်းလျက်ကျတော့ ပေါ်ဦးပေါ်ဖျားဆို သိမ်းထားလေ့ရှိပြီး အလွယ်တကူ ရှိကြတယ်။ နှမ်းလှော်လေးတို့ မြေပဲလှော်တို့ဆိုတာ ကိုယ့်ယာထွက် ကိုယ်တိုင်လှော်
    သေချာသိမ်းထားတာ ဆိုတော့ အနံ့ကမွှေးနေတာ
    အရင်နှစ်ပြန်လို့ရတုန်းက ရွာဘက် အလည်သွားရင် အားရပါးရ စားလိုက်ဦးမယ်လို့ တေးထားပေမဲ့
    တကယ် မုန့်စားတဲ့ အခါ တခုတခုအကြီးကြီးဆိုတော့ တခုထဲစားလိုက်တာနဲ့
    အီဆိမ့်ပြီး အောက်မေးလေးသွားကာ
    အီစလံဝေသွားပေလေရဲ့...
    အခုမြို့တွေမှာကတော့ ရေမုန့်လို့ လည်းခေါ်ကြပါတယ်
    အဲဒီထဲမှာတခြားအစာပလာတွေလည်းထည့်ကြတယ်
    ရောင်းတမ်းမုန့်ဆိုတော့ သေးသေး ပါးပါးရှပ်ရှပ်လေး ကျတော်မဝပါပုဗျာ
    ကျုပ်အထင်ကတော့ ရန်ကုန်မှာစားရတဲ့ မုန့်ကတော့
    ရွာတုန်းက ဒွေးလေးတို့ ကြီးတော်ကြီးတို့
    လက်ရာနဲ့တော့ တခြားဆီ
    မမှီရေးချ မမှီဘောင်ဗျာ...
    ကိုတိုး(ယင်းမာပင်)

ความคิดเห็น •