မိုး_ ရေး- အလင်္ကာကျော်စွာ ရွှေပြည်အေး၊ ဆို- ကိုတင်လှိုင်၊ တီး- စန္ဒရားချစ်ဆွေ၊

แชร์
ฝัง
  • เผยแพร่เมื่อ 9 ก.ย. 2024
  • မိုး
    ရေး- အလင်္ကာကျော်စွာ ရွှေပြည်အေး၊
    ယခင်ဆို- ကိုမြကြီး၊
    ယခုဆို- ကိုတင်လှိုင်၊
    တီး- စန္ဒရားချစ်ဆွေ၊
    Ref: Khin Haw’s video.
    Njan U
    xx (ဝသန်ခါမီ လရာသီ ပြာရီရစ်ဝိုင်း မှိုင်းလဲ့လဲ့
    ဆိုင်းနွဲ့နွဲ့ သိုင်းဖွဲ့လို့ဟန်ချီ မင်းလွင်ဆီ ညိုရောင်
    မှောင်ခိုး မိုးလအခါမီ ဖြိုးဖြိုးလျလျ စွေလှသည်)၂။xx
    (ခြိုးခြိမ့်သံမာန်တင်းခါပ အသူရာ သိကြားမင်းက
    စစ်ခင်းကာပြိုင်ကြပြီ)၂။
    စိတ်မကျေနိုင် အနိုင်လုတော့ အေးလှပါသည်
    ထွေးစရာ့ဗလာအတည် ဆွေး ဆွေး ဆွေးရ
    တာရှည် ဇာကဋီဗွေဆိုင် ဖြေနိုင်ပါပဲ၊ မလုံ့တလုံ
    ခြုံလွှာမွဲလို့ မဆုံဖေါ်ကွဲ သည်းကြွေလုပြီ၊ သြော်
    ဘယ်အခါမှ အတူတကွ နေရပါမည်၊ နွေးစရာ့
    အတည် ဆွေနှမဒါလီ ဝေး ဝေး ရပြီ။xx
    လိုက်တော်မူသင့်ပါရဲ့ အခွင့်ကိုမျှော်၊
    လိုက်တော်မူသင့်ပါရဲ့ အခွင့်ကိုမျှော် မျှော် မျှော်
    လိုက်တော်မူသင့်ပါရဲ့ အခွင့်ကို မျှော်
    မသင့်တော်သလိုပ တမေခင်လွဲ
    မသင့်တော် မသင့်တော်သလိုပ တမေခင်လွဲ
    ရွှေရင်ထဲမှာဖြင့် ကွဲလုပြီ၊ စွဲသူ့မျက်ရည်မျက်ရည်
    စွဲသူရဲ့မျက်ရည် ရက်ရှည်ရှည် ဆွေးတယ်လေး
    သွေးကဲ့သို့နီ။xx xx xx
    ပဇ္ဇုန်ရယ် အမ္ဗုန်ရင့်ကျူး မြူးခဲ့ပြီ လေဦးမိုးသက်ချီ
    တရွေ့ရွေ့နဲ့ မိုးငွေ့လေချီ ငွေခြည်ငွေပန်း
    တန်းကာကျပြီ ဆန်းစွာလှသည် လွမ်းတာကရှည်
    ပန်းလျဝေရီ လွမ်းတလို့ပဲ ဖြေမဆည်နိုင်တော့ပြီ။ ။

ความคิดเห็น • 8

  • @kokozinaung4168
    @kokozinaung4168 3 ปีที่แล้ว

    တကယ့်​ကို ပြန်​ရှာမနိုင်​တဲ့ အနုပညာရှင်​ကြီး​တွေရဲ့ သီဆိုမှု့နဲ့ တီးချက်​​တွေကို ဒီ​နေရာက​နေ ဂါရ၀ပြု ပါတယ်​ ။

  • @sanlinaung38
    @sanlinaung38 3 ปีที่แล้ว

    ရပ်​​တော်​မူဘုရားကြီး​ဗောဓိတ​ထောင်​ကိုလွမ်းလိုက်​ထာဗျာ သွား​နေကြ အခုရန်​ကုန်​မှာ စတီးဟုန်း​နေရတယ်​ဘုရား

  • @umyintswe7558
    @umyintswe7558 ปีที่แล้ว +1

    ကျနော်တို့ငယ်စဥ္က ဘကြီးအောင်
    ညာတယ် ပွဲဦးထွက်သီချင်းနဲ့အောင်
    မြင်ခဲ့ဂီတသက်တန်းရှည်အဆိုတော်
    ကြီးပါ ကက်ဆက်ခေတ်မှာ စန္ဒယား
    ချစ်ဆွေနဲ့တွဲဘက်ညီပြီးသီချင်းခွေ
    အများဆုံးထွက်ခဲ့တယ် ကိုတင်လှိုင်
    ကို တေးပလ္လင်မှ အဆွေးသခင် တဲ့
    စန္ဒယားချစ်ဆွေကိုတော့ ဖီလင်ဘုရင်
    တဲ့ ကြော်ငြာမှာတွေ့ရတယ် နှစ်ဦး
    စလုံးမရှိတော့ပြီ သတိရစရာတွေ

  • @KyawKyaw-jr5fk
    @KyawKyaw-jr5fk 6 ปีที่แล้ว

    တကဲစလုံးပီပီးနဲသီဆီုသွာတဲ့​တော်​​တော်​ကိုသီချင်းနိုင်​တယ်

  • @zawminaung1069
    @zawminaung1069 2 ปีที่แล้ว

    အရင် ခေတ်တွေကို ပြန်လွမ်းမိပါတယ်

  • @sanlinaung38
    @sanlinaung38 3 ปีที่แล้ว

    ဆရာကြီးလက်​ရာနား​ထောင်​ရခဲတယ်​အရကျက်​ထားကြဗျာ

  • @suthinellazar8566
    @suthinellazar8566 3 ปีที่แล้ว

    ဝါရင့်ဆရာကြီးနှစ်ယောက်အနုပညာပြည့်ဝလွန်းလို့နားထောင်ရတာရင်ထဲရောက်လိုက်တာဘယိဆီလွမ်းရမှန်းမသိ