သိပ်တော်တဲ့ မိန်းမတိုင်းဟာအရှုံးကို အပြုံးနဲ့ သိမ်းပါတယ်

แชร์
ฝัง
  • เผยแพร่เมื่อ 18 ก.ย. 2024
  • သိပ်တော်တဲ့ မိန်းမတိုင်းဟာ"ဆိုတဲ့ စာပေလေးကို ညီမလေးတို့အတွက်မျှဝေပေးပါရစေ
    သိပ်တော်တဲ့ မိန်းမတိုင်းဟာ
    အရှုံးကို အပြုံးနဲ့ သိမ်းပါတယ်
    သူမရဲ့ လှပမှုကို ကိုယ်ကျင့်တရားနဲ့
    ထိန်းသိမ်းတယ်
    နာကျင်မှုကို တိတ်ဆိတ်ခြင်းနဲ့ ထိန်းသိမ်းတယ်
    မနာလိုခြင်းနဲ့ အချိန်မဖြုန်းဘူး
    ကိုယ့်အစွမ်းအစကိုပဲ တိုးတက်အောင်
    ချိန်ဆနေတတ်တယ်
    ကိစ္စရပ်တိုင်းကို မြန်ဖို့ထက် မှန်ဖို့ကိုပဲ
    အာရုံစိုက်ကြတယ်
    ဝမ်းနည်းစရာ အတိတ်ကို
    ဒိုင်ယာယီထဲမှာပဲ သိမ်းထားတတ်ကြတယ်
    သတိရမှ ပြန်ဖတ်ပြီး ပြုံးတတ်ကြတယ်
    ပျော်စရာ အနာဂတ်ကိုလည်း
    နေ့တိုင်း ဖန်တီးယူနေတတ်တယ်
    သိပ်တော်တဲ့ မိန်းမတိုင်းဟာ
    သွေး ထွက်မှာထက် မျက်ရည်ကျမှာကို
    သေမလောက် ကြောက်ကြတယ်
    ငွေမက်ခြင်းက သူမဘဝကို မလုံခြုံမှန်း
    သိထားကြတယ်
    စစ်မှန်တဲ့ ရိုးသားဖြူစင်ခြင်းကိုသာ
    သူမ ရွေးချယ်တယ်
    မာနကို သူမရဲ့ လက်နက်တစ်ခု အဖြစ်
    အသုံးမပြုဘူး
    စာနာစိတ် ထားတယ်
    မာယာများဖို့ထက်
    ဒဏ်ရာများခဲ့တာကိုပဲ
    သူမ ပိုအမှတ်ထားတယ်
    မိန်းမတစ်ယောက်ရဲ့
    တန်ဖိုးဆိုတာ...
    ရုပ်ရည်မဟုတ်ပါဘူး။
    အရှက်နဲ့ သိက္ခာကို
    အသက်ထက် တန်ဖိုးထားတာကို
    ဆိုလိုတာပါ။
    တန်ဖိုးကြီးတဲ့ ပစ္စည်းကို
    လူတိုင်းက လိုချင်ကြပေမယ့်
    လူတိုင်း ဝယ်မသုံးနိုင်ပါဘူး။
    ဒီလိုပါပဲ။
    အရမ်းချောမောလှပတဲ့
    မိန်းကလေးတစ်ယောက်ကို
    လူတိုင်းက လိုက်စချင်ပေမယ့်
    အရှက် သိက္ခာရှိတဲ့
    မိန်းမကောင်းဖြစ်နေရင်
    လူတိုင်းက လိုက်မစရဲတော့ပါ။
    ဈေးပေါတဲ့ပစ္စည်းဆိုတာ
    လှလှမလှလှ
    အသုံးခံသည်ဖြစ်စေ
    မခံသည်ဖြစ်စေ
    လတ်တလော အဆင်ပြေစေဖို့
    အတွက်
    လူတိုင်းက မနှစ်သက်ကြပေမယ့်
    လူတိုင်း
    ဝယ်သုံးနိုင်တဲ့ ဈေးနှုန်းဖြစ်နေလို့
    လူတန်းစား မရွေး
    ဝယ်သုံးလေ့ ရှိပါတယ်။
    ထို့အတူ
    ဈေးပေါတဲ့ မိန်းမတွေဆိုတာ
    ရုပ်လှနေမှ မဟုတ်ပါဘူး။
    မိန်းမကောင်း တစ်ယောက်ရဲ့
    အဆင်းအင်္ဂါရပ်နဲ့ မညီပဲ
    လူတိုင်းလိုက်စရဲတဲ့ အနေအထားမျိုး
    ဖြစ်နေရင်
    လူတန်းစား အရွယ်မရွေး
    အနားကိုလာကပ်ခံရမှာပါပဲ။
    တကယ်တော့
    လူတန်းစား အရွယ်မရွေး
    အိမ်ထောင်သည်တွေကအစ
    လိုက်စရဲတယ်ဆိုတာ
    ဂုဏ်ယူစရာ မဟုတ်ပါဘူး။
    ကိုယ်က အပေါစားဆန်လွန်းလို့
    လူတကာ စရဲတာကသာ ရွက္စရာပါ
    ဒါကြောင့်
    လူတန်းစား အရွယ်မရွေး
    အနားကပ်ခံနေရပြီဆိုရင်
    ငါ အရမ်းချောလှနေလို့လား လို့
    တွေးမယ့်အစား
    ငါ အပေါစားဆန်နေလို့လား လို့
    အရင်တွေးကြည့်လိုက်ပါ။
    လူတကာ ချဉ်းကပ်ရဲတဲ့
    မိန်းမ ဖြစ်နေဖို့ထက်
    လူတကာ မချဉ်းကပ်ရဲတဲ့
    တန်ဖိုးထားရှိတဲ့ မိန်းမ ဖြစ်နေဖို့ပဲလိုတယ်
    " ထက်မြက်တဲ့မိန်းမဆိုတာ”
    ☝️ စိတ်ဆတ်လိမ့်မယ်
    😏 စိတ်ထားမကောက်ကျစ်ဘူး...
    😡 ဒေါသကြီးရင်ကြီးမယ်
    😊 အချိန်ကြာကြာစိတ်မဆိုးတတ်ဘူး...
    👈ပွင့်ပွင့်လင်းလင်းဆက်ဆံတတ်တယ်
    😝 ဟန်မဆောင်တတ်ဘူး...
    😏 မာယာမများဘူး
    ☝️ ရဲရင့်တဲ့ဆက်ဆံရေးရှိတယ်...
    😑 အိနြေ္ဒကြီးတစ်ခွဲသားနဲ့မနေတတ်ဘူး၊
    😁လူအများနဲ့နေရတာနှစ်သက်တယ်
    😎 နေရာတကာဆရာကြီးလုပ်တတ်ပေမယ့်
    😊 စာနာစိတ်ရှိတဲ့နေရာမှာသူတို့ကိုလိုက်မမှီဘူး...
    #သူတို့အားနည်းချက်က...
    👉 သနားတတ်တယ်
    👉 အားနာတတ်တယ်
    👉 လုပ်ချင်ရာကိုအကြောက်အရွံမရှိလုပ်ပြီး နောင်တဆိုတာမရှိဘူး...
    #တစ်ခုဘဲလူတစ်ယောက်ကိုမုန်းသွားရင် သေတောင်စကားလှည့်မပြောနိုင်အောင် သွေးအေးရက်စက်တတ်တာလေးဘဲ...
    -ထက်မြက်တယ်ဆိုထဲက သူများထက်တော်လို့ သူများထက်သာလို့မို့ 😎
    ☝️သူတို့ရဲ့ရပ်တည်ချက်၊ခံယူချက်တွေက
    သူများနဲ့မတူပဲခိုင်မာတယ်...
    ☝️သူတို့ရဲ့အတွေးအခေါ်၊အယူအဆတွေကို
    ဆုတ်ကိုင်ထားတတ်လို့ခေါင်းမာတယ်ထင်ရပေမယ့်
    အမှန်တစ်ကယ်ဇွဲကြီးတဲ့သူတွေဖြစ်တယ်...
    ☝️သူများဘယ်လိုကူညီမလဲဆိုတာထက်
    ငါဘာလုပ်နိုင်လဲဆိုတာပဲတွေးတယ်...
    ☝️အမှတ်သည်းခြေကြီးတယ်
    ရန်ငြိုးဖွဲ့ဖို့၊လက်တုန့်ပြန်ဖို့မဟုတ်ပေမယ့်
    သူတို့ကိုနာကျင်အောင်လုပ်မိရင်ဘယ်တော့မှမမေ့ဘူး...
    ☝️နားလည်ခွင့်လွှတ်တတ်ပေမယ့်
    ဟင်ဆိုရင်လှည့်မကြည့်တော့ဘူး...
    ☝️အေးစက်စက်လို့ထင်ရပေမယ့်
    လိုအပ်လာရင်ကျောက်တုံးကို
    အရည်ဖျော်နိုင်စွမ်းရှိကြတယ်...
    ပျော်ပျော်နေရင်းဖြတ်သန်းတတ်တဲ့
    သူတို့စိတ်တွေကတကယ်တော့
    အခြားသူတွေကိုပေးဆပ်လိုက်ရတာတွေများတယ်...

    အခက်အခဲရှိပေမယ့်
    ဘယ်အခြေအနေမှာမဆို
    အဆင်ပြေပါတယ်လို့ပဲပြောလေ့ရှိတယ်.
    Crd
    မူရင်း Post ပိုင်ရှင်ကို ရိုသေလေးစွာ Creditပေးပါတယ်...
    #foryou #motivation #love #credit_to_original_writer #motivational #knowledge ##lady

ความคิดเห็น •