ဘဝအတွက် သင်ယူသင်ကြားခြင်း - Uncommon Sense Teaching

แชร์
ฝัง
  • เผยแพร่เมื่อ 11 ก.ย. 2024
  • လူတွေက ကောင်းကင်မှာပျံဖို့
    အတောင်ပံလဲမပါဘူး။​
    မြင်းတွေလိုလဲ အကြာကြီး
    မြန်မြန်မပြေးနိုင်ဘူး။
    ဆင်တွေလိုလဲ ခွန်အားမရှိဘူး။​
    ဒါပေမယ့် ကောင်ကင်ပျံအောင်လဲလုပ်လို့ရတယ်။
    မြင်းထက်မြန်အောင်လဲ ပြေးလို့ရလာတယ်။
    ဆင်ထက်သန်မာအောင်လဲဖန်တီးနိုင်တယ်။
    ဒါကတော့ ဒီလိုလုပ်နိုင်အောင်
    နည်းပညာတွေ ဖန်တီးတာပဲ။
    ဒီနည်းပညာတွေကို ဖန်တီးနိုင်ဖို့
    ဥာဏ်ရည်လိုတယ်။
    အချင်းချင်းဆက်သွယ်နိုင်တဲ့
    ဘာသာစကားလိုတယ်။
    ကိုယ့်ကိုယ်ကို သတိရှိတဲ့
    self-awareness လိုတယ်။
    လူတွေက တိရစ္ဆာန်တွေနဲ့
    အရင်းအမြစ်ပြိုင်ဆိုင်တဲ့နေရာမှာ
    ရှေ့ပိုရောက်အောင်
    ဥာဏ်စွမ်း၊ ဆက်သွယ်နိုင်စွမ်း၊
    နည်းပညာတွေအသုံးပြုခဲ့ကြတယ်။
    လူအချင်းချင်းကြားမှာ
    ငွေဆိုတဲ့
    အရင်းအမြစ်စုဆောင်းတဲ့အခါမှာလဲ
    ဥာဏ်စွမ်း၊ ဆက်သွယ်နိုင်တဲ့
    အဆက်အသွယ်၊ နည်းပညာတွေသုံးကြတယ်။
    ကိုယ့်အနေနဲ့
    ဥာဏ်စွမ်း၊
    အဆက်အသွယ်ပြုနိုင်တဲ့ ဆက်သွယ်နိုင်စွမ်း၊
    နည်းပညာအသုံးချ ဖန်တီးနိုင်မှုစွမ်း
    တိုးတက်အောင် လုပ်နေဖို့လိုနိုင်တယ်။
    Humans don't have wings to fly in the sky, nor can they run long distances as fast as horses, nor do they possess the strength of elephants.
    Yet, they can fly across the sky, outrun horses, and create strength greater than that of elephants.
    This is made possible through the creation of technology.
    To invent such technologies, intelligence is needed, as well as the ability to communicate with one another and self-awareness.
    In competing for resources with animals, humans have advanced further by using their intellectual capabilities, communication skills, and technology.
    Even in the accumulation of wealth among humans, intelligence, the ability to connect, and the use of technology are utilized.
    As individuals, it's possible to work on enhancing our intellect, our ability to communicate, and our capacity to innovate and apply technology.
    Phyo Paing @ Derek
    Pedagogy ပညာသင်ကြားပေးခြင်းကို
    လေ့လာတဲ့ ပညာကို ပဒဂိုဂျီလို့ခေါ်ပြီး
    သမရိုးကျ ကျွန်တော်တို့သိထားတဲ့
    ဆရာ၊ ဆရာမက စာသင်နားထောင်၊
    မှတ်စုထုတ်၊ စာကိုအလွတ်မှတ်၊
    စာမေးပွဲဖြေ၊ အမှတ်ကောင်းရုံနဲ့ မပြီးသွားပါဘူး။​
    ဦးနှောက်အလုပ်လုပ်ပုံ၊
    ဘာသာစကားအလုပ်လုပ်တဲ့ပုံ၊
    လူတွေရဲ့ သင်ယူမှုပုံစံတွေကို လေ့လာပြီးမှ
    စိတ်ပညာ၊ ပညာရေး သုတေသန education research တွေ
    စနစ်တကျလုပ်ပြီးမှ ဖြစ်လာတာဖြစ်ပါတယ်။
    ဒီနေ့လို online learning ခေတ်မှာ
    instructional design တည်ဆောက်တာကအစ
    နည်းစနစ်တကျ ဖြစ်ဖို့လိုလာပါတယ်။​
    လူတွေရဲ့ ဦးနှောက်မှာ ဆဲလ်တွေရှိပါတယ်။
    ဒါကို နူရွန်လို့ခေါ်ပြီး
    ၈၆ ဘီလီယံ ပတ်ချာလည်ရှိပါတယ်။
    သူ့မှာ ခန္ဓာကိုယ်ပိုင်း axon ဆိုတာရှိပြီး
    အမြှီးပိုင်းမှာ dendrite ဆိုတာရှိပါတယ်။​
    သင်ယူမှုတစ်ခု ပြုလုပ်တိုင်း
    dendritic connection ဆိုတာဖြစ်ပါတယ်။
    ကျောင်းမှာ ပထဝီနဲ့ ကျောင်းပြီးတယ်
    ပထဝီအကြောင်းသိဘူး။
    ဖလော်နဲ့ ပြီးတယ် ဖလော်အခြေခံမရှိဘူးဆိုတာ
    ပညာရေး သင်ကြားမှု သင်ယူမှုစနစ်ကြောင့်ဖြစ်ပါတယ်။
    ဒီနေ့ဖတ်နေတဲ့စာအုပ်ကတော့
    Uncommon sense teaching လို့ခေါ်ပြီး
    စာရေးဆရာ
    Barbara Oakley, PhD; Beth Rogowsky, EdD;
    Terrence J. Sejnowski, PhD
    တို့ရေးတဲ့ စာအုပ်ဖြစ်ပါတယ်။​
    သူတို့ရဲ့ ကမ္ဘာကျော် program တစ်ခုဖြစ်တဲ့
    Learning how to learn ကို
    လွန်ခဲ့တဲ့ ၈ နှစ်လောက် က coursera မှာ လေ့လာဖြစ်တယ်။
    အမြင်တွေ အများကြီးပွင့်ခဲ့တယ်။​
    ဒါကြောင့်လဲ စာသင်တိုင်းမှာ
    Learn - Pair - Share ပုံစံနဲ့ သွားတယ်။​
    ဦးနှောက်ကို နှစ်ပိုင်းခွဲကြည့်လို့ရတယ်။
    Working memory နဲ့ Long-term memory
    အချိန်တိုလေးအတွင်းမှာ ကိန်းဂဏန်တွေကိုမှတ်လိုက်တာ
    ဒါကို working memory လို့ခေါ်ပြီး
    အမြဲမှတ်မိနေတဲ့ အရာတွေရှိတယ်။
    ဒါကတော့ long-term memory ထဲကိုရောက်တယ်။
    ဒီနှစ်ခုချိပ်ဆက်ဖို့ကို ဦးနှောက်ရဲ့ hippocampus က လုပ်ပေးတယ်။
    ဒီလိုလုပ်ဖို့ သေချာလေ့လာတဲ့အချိန်လိုသလို
    သေချာ အနားယူဖို့လဲလိုတယ်။
    ညအိပ်စက်တဲ့အခါ ဦးနှောက်ကမအိပ်ပါဘူး။
    သင်ယူခဲ့တဲ့ သတင်းအချက်တွေကို စုစည်းပေးနေပါတယ်။
    သင်ယူတဲ့အခါ active learning အရေးကြီးပါတယ်။​
    လေ့လာထားတာတွေကို concept တွေချမှတ်ဖို့၊
    နောက် ဆွေးနွေးဖို့ မျှဝေဖို့။
    ဒါတွေက active learning အတွက် အရေးကြီးပါတယ်။
    ဒါကြောင့် တစ်ခုခု လေ့လာတဲ့အခါ
    ဒီအတိုင်း နားမထောင်ပါနဲ့။
    working memory ထဲက ခဏနဲ့ ပျောက်သွားပါလိမ့်မယ်။​
    မှတ်စုထုတ်ပါ။​
    ဖြစ်နိုင်ရင် mindmap သုံးပါ။
    နောက် ဒါကို ခဏခဏ ပြန်ကြည့်ပါ။​
    Retrieving က သင်ယူမှုမှာ အရေးကြီးတဲ့အပိုင်းဖြစ်ပါတယ်။​
    တခြားသူတွေကို ပြန်ရှင်းပြပါ။
    ပြန်လည်အသုံးချပါ။​
    ဆရာတွေအနေနဲ့ ဆိုရင်လဲ
    ကိုယ်ပဲ လုပ်ပြတာမဟုတ်ပဲ
    ပြန်လည်လုပ်ခိုင်းဖို့လိုပါတယ်။
    တစ်ခုခု သင်တဲ့အခါ checklist နဲ့
    ဘာပြီး ဘာလုပ်ဆိုတဲ့ စနစ်လိုသလို
    အတိုကောက် Mnemonics တွေသုံးတာမျိုးလုပ်လို့ရပါတယ်။​
    ဥပမာ လုပ်ငန်းတစ်ခုရဲ့ map ဆို
    Start, Speed Up, Systemize, Scale, Sell လိုမျိုးအတိုလုပ်တာမျိုး။
    စွမ်းဆောင်ရည်အတွက်ဆို
    EATER (Eliminate, Automate, Transfer, Experiment and Reduce)
    ဒီလို အတိုကောက်မှတ်တာမျိုး။
    ငယ်ငယ်ကဆို ဦးနှောက်မှာရှိတဲ့
    cranial nerves ဆယ့်နှစ်ချောင်းကို
    အတိုကောက်မှတ်ထားတဲ့အခါ
    ဒီနေ့ထိမမေ့တာမျိုး။
    နောက်ဥပမာတစ်ခုက Rainbow တွေရဲ့ ကာလာကို
    ROYGBIV လို အတိုကောက်မှတ်ထားတာမျိုး။
    ပြီးတဲ့အခါ ပညာတစ်ခု သင်ပေးတဲ့အခါ
    learning activities လေးတွေကို
    တဖြည်းဖြည်းခွဲသွားဖို့ကိုလဲ ဖော်ပြထားတယ်။​
    Learn it and Link it ဖြစ်ဖို့
    Zoom နဲ့ သွားတယ်ဆိုရင်တောင်
    breakout session လေးတွေလုပ်ပြီး
    ပြန်လည်ဆွေးနွေးဖို့ အချိန်ပေးတာမျိုးတွေလုပ်ပေးသင့်တယ်လို့
    author က ဆိုထားပါတယ်။​
    ဆရာ၊ ဆရာမတိုင်း ဖတ်သင့်တဲ့စာအုပ်တစ်အုပ်ပါ။
    #DerekDaily #Drphyopaing #Marketing #DigitalMarketing #MarketingMyanmar #Motivation #Myanmar

ความคิดเห็น • 29

  • @Ah-Phyo
    @Ah-Phyo 4 หลายเดือนก่อน +1

    ကျေးဇူးတင်ပါတယ်ဆရာ အမှန်ဆို ဦးနှောက် အလုပ်လုပ်ပုံကို ဆရာပြောထည်းက အရမ်းသိချင်နေတာ မေးရမှာ အားနာနေတာနဲ့ ဒီနေ့တော့ ဒီစာအုပ်ရဲ့ ကျေးဇူးနဲ့တချို့သိသွားတာတွေအတွက် ကျေးဇူရအထူးတင်ပါတယ်ဆရာ အကြိုက်ဆုံးအချက်ကတော့ Active learning ကနေ notes ထုတ်ပြန်ကြည့်ရမဲ့အချက်ပါ 🙏

  • @DrPhyoPaing
    @DrPhyoPaing  6 หลายเดือนก่อน +6

    www.insidernote.app ထဲက Toe Tet Insidernote မှာ စာအုပ်ပေါင်း 870 ကျော် တင်ထားပေးပါတယ်။

  • @nyipaing2959
    @nyipaing2959 หลายเดือนก่อน

    3 Words < Learn, Pair, Share > Hits my brain 🧠. Thanks a lot Saya Phyo Paing.

  • @kokonaung8698
    @kokonaung8698 6 หลายเดือนก่อน +6

    အချို့ စာအုပ်တွေကို အကြိမ်ပေါင်းများစွာဖက်သင့်တယ်.. အချို့စာအုပ်တွေကိုတော့ တကြိမ်လောက်ပေါ့... မတူညီတဲ့ အတွေးအခေါ်တွေ ပြန်ချိတ်ဆက်ရမယ်....

    • @amazinggee4349
      @amazinggee4349 6 หลายเดือนก่อน +2

      ဖက်ရအောင်မိန်းမမှမဟုတ်တာ😂
      ဖတ် မှ အကျိုးရှိပါမယ်

  • @user-xl3lj2jn5b
    @user-xl3lj2jn5b 6 หลายเดือนก่อน +1

    Passive leaning လုပ်ရင်အိပ်ပျော် မယ် ။ active leaning ဘက်ကြိုးစားဖို့‌လိုနေတာ သိခဲ့ရပါတာ် ဆရာ။

  • @cmosharing6657
    @cmosharing6657 6 หลายเดือนก่อน +1

    🎉❤❤ကျေးဇူးတင်ပါတယ် ဆရာ

  • @user-ck5qo5ly4y
    @user-ck5qo5ly4y 6 หลายเดือนก่อน +1

    ညမအိပ်ခင် ထုတ်ထားတဲ့ မှတ်စုတွေကို ပြန်ကြည့်လေ့လာ ပြီးမှအိပ် brain is working while sleeping 1:36

  • @kyiooaung4133
    @kyiooaung4133 14 วันที่ผ่านมา

  • @MnoeWai
    @MnoeWai 3 หลายเดือนก่อน

    Learn,pair, share

  • @kosoemoe4501
    @kosoemoe4501 6 หลายเดือนก่อน

    အရမ်းကောင်းပါတယ်ဆရာ5am clup လိုမျိုးစာအုပ်ကောင်းပုံစံလေးထပ်တင်ပေးစေချင်ပါတယ်ဆရာ အသိပညာအလင်းပေးတဲ့ဆရာကိုအရမ်းကျေးဇူးတင်ပါတယ်

  • @nwayyuhlaing3634
    @nwayyuhlaing3634 6 หลายเดือนก่อน +1

    Active learning လုပ်ပြီး
    Learn - pair - share လုပ်ရပါမယ်ဆရာ

  • @user-zv3uj7le6m
    @user-zv3uj7le6m 5 หลายเดือนก่อน

    active learnလုပ်ဖို့လိုသလို
    learn pair shareလုပ်ရမယ်ဆိုတဲ့အချက်သဘောအကျဆုံးပါဆရာ❤❤🙏🙏

  • @AungAung-pk2si
    @AungAung-pk2si 5 หลายเดือนก่อน

    Long Term ‌ထဲရောက်အောင် မကြာမကာပြန်ကြည့်ဖို့။ concentတွေချိတ်ပြီးမှတ်ထားတဲ့ပုံစံ

  • @tmmentertainment4644
    @tmmentertainment4644 6 หลายเดือนก่อน

    Lucid dreaming အကြောင်းလေးတခြားမှာ ဖတ်လိုက်တယ် ဆရာပြောတဲ့ ညဘက် မှတ်စုရေး အိပ်လိုက်ရင် ပို၍ ဦးနှောက်က အလုပ်လုပ်ပေးတယ်ဆို ပိုခိုင်မာသွားတယ် ကျေးဇူးဆရာ

  • @lahshee9175
    @lahshee9175 6 หลายเดือนก่อน

    Be active learning instead of passive learning

  • @user-oj7ce8ns9g
    @user-oj7ce8ns9g 2 หลายเดือนก่อน

    learn pair share❤

  • @eithandarphyomdy2145
    @eithandarphyomdy2145 6 หลายเดือนก่อน

    Learn, pair, share

  • @user-ck5qo5ly4y
    @user-ck5qo5ly4y 6 หลายเดือนก่อน

    ဆရာရှင် You Happier by Daniel G. Amen, MD and Bulletproof Problem Solving by Charles Conn Robert McLean ဖတ်ပြပါဆရာ

  • @gktgktgkt6990
    @gktgktgkt6990 6 หลายเดือนก่อน

    ဟုအစ်ကို
    မသိစိတ်နဲ့ပက်သက်တာ
    Brain . နဲ့ပက်သက်တာတွေ
    များများပြောပြပါ
    အစ်ကို

  • @user-kp6ix8db9g
    @user-kp6ix8db9g 6 หลายเดือนก่อน

    ဆရာ insider note က log out ဖြစ်ဖြစ်သွားလို့ပါ တရက်လောက် မဝင်တာနဲ့ log out ဖြစ်သွားလို့ပါ ​ပြီးတော့ ပြန်ပြီးaccount အသစ် ဖွင့်ခိုင်းလို့ပါဆရာ ဘယ်လိုပြန်လုပ်ရင်ကိုယ့် account ပြန်ရနိုင်မလဲဆရာ လမ်းညွှန်ပေးပါ

    • @user-kp6ix8db9g
      @user-kp6ix8db9g 6 หลายเดือนก่อน

      account ပြန်ရသွားပါပြီဆရာ vpn မခံမိဘဲ သုံးနေမိတာဆရာ အခုပြန်ရသွားပါပြီ

  • @buissinessman879
    @buissinessman879 6 หลายเดือนก่อน

    retrieve

  • @-hm1tt
    @-hm1tt 6 หลายเดือนก่อน

    Hok Kae Pr

  • @SuPyaeLaWun-rb8zh
    @SuPyaeLaWun-rb8zh 6 หลายเดือนก่อน

    Learn,pair,share နည်းနဲ့သင်နေပါတယ်ရှင့်

  • @user-ck5qo5ly4y
    @user-ck5qo5ly4y 6 หลายเดือนก่อน

    ဆရာရှင် You Happier by Daniel G. Amen, MD and Bulletproof Problem Solving by Charles Conn Robert McLean ဖတ်ပြပါဆရာ

  • @user-ck5qo5ly4y
    @user-ck5qo5ly4y 6 หลายเดือนก่อน

    ဆရာရှင် You Happier by Daniel G. Amen, MD and Bulletproof Problem Solving by Charles Conn Robert McLean ဖတ်ပြပါဆရာ

  • @user-ck5qo5ly4y
    @user-ck5qo5ly4y 6 หลายเดือนก่อน

    ဆရာရှင် You Happier by Daniel G. Amen, MD and Bulletproof Problem Solving by Charles Conn Robert McLean ဖတ်ပြပါဆရာ

  • @user-ck5qo5ly4y
    @user-ck5qo5ly4y 6 หลายเดือนก่อน

    ဆရာရှင် You Happier by Daniel G. Amen, MD and Bulletproof Problem Solving by Charles Conn Robert McLean ဖတ်ပြပါဆရာ