သစ်ပင်တစ်ပင်ကြောင့် ဖော်ထုတ်နိုင်ခဲ့တဲ့ လူသက်*မှုအကြောင်း - Mengji Qi - Murder Monday

แชร์
ฝัง
  • เผยแพร่เมื่อ 28 ก.ย. 2024
  • သစ်ပင်ရဲ့ DNA အမျိုးအစားကိုအသုံးပြုပြီးတော့ ပြစ်မှုတစ်ခုကို ဖော်ထုတ်နိုင်ခဲ့တဲ့ အကြောင်းအရာတစ်ခု ရှိခဲ့ပါတယ်။ ဒီဖြစ်ရပ်က အမေရိကန်နိုင်ငံ မစ်ဆူရီပြည်နယ်အောက်က ကိုလမ်ဘီယာ ဒေသမှာ ၂၀၁၉ ခုနှစ် အောက်တိုဘာလတုန်းက ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ်ရှိ Ji Mengqi ကျိမုန်ရှိ လို့ အမည်ရတဲ့ တရုတ်ပြည်ဖွား ကလေးတစ်ယောက်အမေဟာ သူနေထိုင်ရာ အိမ်ကနေ ရုတ်တရက် မပြောမဆိုနဲ့ လုံးဝ အဆက်အသွယ်ပျက် ပျောက်ကွယ်သွားပါတယ်။ မုန်ရှိ ပျောက်ကွယ်သွားပြီး တစ်နှစ်ခွဲနီးပါးလောက်အကြာ ၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက်နေ့မှာတော့ သူ့ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်အလောင်းကို တောထဲမှာ တွေ့ရှခဲ့ရတာ ဖြစ်ပါတယ်။ သူ့ကို တွေ့ရှိခဲ့ရတဲ့ သစ်တောထဲက သစ်ပင်မျိုးစိတ်တစ်ခုရဲ့ DNA အမျိုးအစားကြောင့် သူ့အသက်ကို ရက်ရက်စက်စက် နှုတ်ယူခဲ့တဲ့ တရားခံကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
    ပထမဆုံးအနေနဲ့ ကျွန်တော်တို့ မုန်ရှိ ရဲ့ ဘဝနောက်ကြောင်းကို နည်းနည်းလောက် ပြောပြချင်ပါတယ်။ မုန်ရှိ ကို တရုတ်ပြည်မကြီး အနောက်မြောက်ပိုင်းက ရှန်ဇီပြည်နယ်ရဲ့ မြို့တော် ရှိအန်းမြို့မှာ ပြည်နယ်မှာ ၁၉၉၁ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ရှိအန်းမြို့အကြောင်းကို နောက်ကြောင်းပြန်ရမယ်ဆိုရင် ဒီမြို့က တရုတ်ပြည်ထဲက တကယ့်ကို ရှေးဟောင်းကျတဲ့ မြို့တွေထဲက အဓိက မြို့ကြီးတစ်ခု ဖြစ်ခဲ့တာ။ ရှေးခေတ်က အရှေ့တိုင်းနဲ့ အနောက်တိုင်း ကုန်စည်စီးဆင်းမှုမှာ အဓိကကျတဲ့ ပိုးလမ်းမ Silk Road အစတည်တဲ့ မြို့ဖြစ်ပါတယ်။ ရှိအန်းမြို့ကို ကျွန်တော်တို့ မသိရင်သာနေမယ် ဒါပေမယ့် တရုတ်ကားတွေထဲမှာ ပါနေတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေထဲမှာတော့ ရှိအန်းကို မြင်ဖူးကြမှာပါ။ အထူးသဖြင့် ဒီအခုမြင်နေရတဲ့ ခေါင်းလောင်းမျှော်စင်နဲ့ နောက် ချင်မင်းဆက်က အုတ်ဂူတူးဖော်ချိန်မှာ တွေ့ရတဲ့ ဒီ ကျောက်ရုပ်ပုံစံဖြစ်နေတဲ့ စစ်သည်တော်တွေ တန်းစီနေတဲ့ပုံတွေကို တရုတ်ကားတွေထဲမှာ အင်္ဂလိပ်ကားတွေထဲမှာ ခဏခဏ မြင်ဖူးပြီးသား ဖြစ်မှာပါ။
    ဇာတ်လမ်းအကြောင်းကို ဆက်ရမယ်ဆိုရင် မုန်ရှီမွေးတဲ့အချိန် ၁၉၉၁ မှာကက တရုတ်ပြည်မှာက one child policy ကလေးတစ်ယောက်ပဲ ယူရမယ့် ပေါ်လစီရှိခဲ့တာ ဆိုပေမယ့် သူ့မိဘတွေနှစ်ယောက်စလုံး ကလည်း ကလေးတစ်ယောက်ထဲပဲ ယူဖို့ စိတ်ကူးရှိခဲ့တာပါ။ သူတို့နှစ်ယောက်လုံးရဲ့ အချစ်တွေကို ရလာမယ့် ရင်သွေးတစ်ယောက်ထဲပေါ်မှာပဲ ပုံအောထားချင်လို့ တစ်ယောက်ထဲပဲ လိုချင်ခဲ့တာဖြစ်ပါတယ်။
    မုန်ရှိ က ငယ်ကတည်းက ဉာဏ်ရည် ထက်မြက်ပြီးတော့ ထူးချွန်တဲ့ ကလေးတစ်ယောက် ဖြစ်ပါတယ်။ အသက် ၅ နှစ်လောက်မှာကတည်းက ပန်းချီဆွဲတာနဲ့ နောက် ကနုတ်လက်ရေးလို့ခေါ်မလား Calligraphy ကို စပြီးတော့ သင်ယူခဲ့ပါတယ်။ ပြီးတော့ မူလတန်းတက်ကတည်းက အင်္ဂလိပ်ဘာသာစကားကိုလည်း လေ့လာခိုင်းခဲ့ပြီးတော့ အင်္ဂလိပ်ဘာသာစကားဘက်မှာလည်း ထူးချွန်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ မိဘတွေက သူတို့ရဲ့ သမီးလေးကို ကိုယ့်အားကိုယ်ကိုးတတ်အောင်လို့လည်း လေ့ကျင့်ပျိုးထောင် ပေးခဲ့တယ်လို့ ပြောရမယ်။ နွေရာသီကျောင်းပိတ်ရက်တွေ အားလပ်ရပ်တွေလို အချိန်မျိုးမှာဆိုရင် သူဝါသနာပါတဲ့ လူမှုရေးလုပ်ရပ်တွေ၊ နောက် summer camps တွေကို ဝင်ရောက်ပါဝင်စေခဲ့ပြီးတော့ အပြင်လောကနဲ့ ထိတွေ့စေခဲ့တာဖြစ်ပါတယ်။
    မိဘတွေ ရည်မှန်းထားသလိုပဲ ထူးချွန်ထက်မြက်တဲ့ သမီးတစ်ယောက်ဖြစ်လာခဲ့တဲ့ မုန်ရှီ ဟာ ကျောင်းတက်တော့ ရှန်ဟိုင်းမှာရှိတဲ့ East China University of Science and Technology ကနေ အင်ဂျင်နီယာဘွဲ့နဲ့ ကျောင်းပြီးခဲ့ပါတယ်။ တရုတ်ပြည်ရဲ့ ပညာရေးစနစ်နဲ့ အိမ်ထောင်စုဇယားစနစ် အစရှိတဲ့အချက်အလက်တွေအပေါ် မူတည်ပြီး ပြောရမယ်ဆိုရင် ရှန်ဟိုင်းတို့ ပေကျင်းတို့မှာ ရှိတဲ့ တက္ကသိုလ်တွေကို တခြားပြည်နယ်က ကျောင်းသားတွေ လာတက်နိုင်ဖို့ဆိုတာ တော်တော်ကိုမှ တော်လွန်း ထူးချွန်လွန်းမှ ရတာဖြစ်ပါတယ်။ မုန်ရှိတစ်ယောက် ရှန်ဇီပြည်နယ်ကနေ ရှန်ဟိုင်းမှာရှိတဲ့ တက္ကသိုလ်မှာ ကျောင်းဝင်ခွင့်ရပြီး ကျောင်းပြီးခဲ့တယ်ဆိုတာက သူဘယ်လောက်တော်သလဲဆိုတာကို ပြနေတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။
    ကျောင်းပြီးသွားတဲအခါ မုန်ရှိက မဟာဘွဲ့ဆက်တက်ဖို့အတွက် စိတ်ဆန္ဒရှိတော့ မိဘတွေကလည်း အားပေးခဲ့ပါတယ်။ အင်ဂျင်နီယာ မဟာဘွဲ့ ဘွဲ့လွန်တန်းတက်ဖို့ ၂၀၁၂ ထဲမှာ အမေရိကန်နိုင်ငံက မစ်ဆိုရီတက္ကသိုလ်ဆီကို ကျောင်းသားဖလှယ်တဲ့ exchange program တစ်ခုနဲ့ ရောက်လာခဲ့ပါတယ်။ ဒီလိုမျိုး exchange program ဆိုတာက တကယ်တော်တဲ့ ထူးချွန်တဲ့ ကျောင်းသားတွေကိုမှ ရွေးချယ်ပြီးပေးတာ ဖြစ်လို့ Mengqi ဟာ ဘယ်လောက်ထိ ထူးချွန်ထက်မြက် သလဲဆိုတာကို ကျွန်တော်တို့တွေ မှန်းဆကြည့်လို့ရပါတယ်။ ဒီမှာ ကျောင်းတက်တော့လည်း သူပထမ တက်ခဲ့တဲ့ mechanical engineering အပိုင်းအပြင် aerospace အပိုင်းကိုလည်း ပူးတွဲလေ့လာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ မဟာတန်းကို ပြီးမြောက်လို့ ဘွဲ့ရခဲ့ပါတယ်။ အဲ့လိုကျောင်းပြီးတဲ့အချိန်မှာ ကျောင်းက ပရော်ဖက်ဆာက မုန်ရှိရဲ့ လုပ်ရည်ကိုင်ရည်ကို သဘောကျတဲ့အတွက် သူအလုပ်လုပ်နေတဲ့ ဆေးကုမ္ပဏီဖြစ်တဲ့ Nanova မှာ အလုပ်လုပ်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
    မုန်ရှိအဲ့ဒီမှာ အလုပ်လုပ်နေတုန်း စက်တင်ဘာလ ၂၀၁၅ ခုနှစ်ထဲမှာ သူ့ရဲ့ ခင်ပွန်းသည်ဖြစ်လာမယ့် Joe Elledge ဆိုတဲ့ ကောင်လေးနဲ့ ကုမ္ပဏီက လုပ်ငန်းခွင်ထဲမှာလို့ တွေ့ခဲ့ပါတယ်။ Joe ရဲ့ အသက်က မုန်ရှိထက် ငါးနှစ်လောက်တောင် ငယ်ပါတယ်။ ပြီးတော့ Joe က University of Missouri မှာ အင်ဂျင်နီယာ ဘာသာရပ်နဲ့ ကျောင်းတက်နေတဲ့ ကျောင်းသားပေါ့။ ပြန်တွက်ကြည့်မယ်ဆိုရင် ဂျိုးက မုန်ရှိရဲ့ ဂျူနီယာ။ ဒါပေမယ့်လည်း ကျောင်းတက်နေတုန်းက မတွေ့ခဲ့ကြဘဲနဲ့ လုပ်ငန်းခွင်ထဲ ရောက်တော့မှ တွေ့ကြတာဖြစ်ပါတယ်။
    ပညာအရည်အချင်းအရရော လုပ်သက်အရရော သာလွန်တဲ့ Mengqi က Joe ရဲ့ အထက်အရာရှိ Supervisor ဖြစ်ပါတယ်။ သူတို့တွေ တွေ့ပြီး လေးလလောက်အကြာ ၂၀၁၆ ဇန်နဝါရီလထဲမှာ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားမှုရှိကြလို့ စပြီး တွဲဖြစ်ကြတယ်တဲ့။ ပြီးတော့ တစ်နှစ်ခွဲကျော်အကြာလောက်မှာ ၂၀၁၇ နှစ် စက်တင်ဘာလ ၈ ရက်နေ့မှာ Joe က Mengqi ကို လက်ထပ်ခွင့်တောင်းတော့ Mengqi ကလည်း လက်ခံခဲ့ပါတယ်။

ความคิดเห็น • 110

  • @hpjnawnawmmk5672
    @hpjnawnawmmk5672 4 หลายเดือนก่อน +48

    ဒီနေ့မှ ဒီ Channel ကို တွေ့တာ အရမ်းကောင်းပြီးတော့ အရမ်းကြိုက်ပါတယ်ဗျ Video‌လေးတိုင်းမှာ ပြလို့အဆင်ပြေမဲ့ ပုံလေးတွေကိုပါ တွဲတွဲပြပြီး ပြောပေးရင် ပိုပြီးတော့ကို အရမ်းကောင်းသွားမယ်ထင်တယ်ဗျ ( အကြံပေးကြည့်တာပါ ) 😁

    • @oowaiyan6035
      @oowaiyan6035 4 หลายเดือนก่อน +4

      My note လဲကောင်းတယ် ရှာကြည့်

    • @Millie_23391
      @Millie_23391 3 หลายเดือนก่อน

      အဲ့တော့ ?​@@oowaiyan6035

  • @gashiiq2393
    @gashiiq2393 4 หลายเดือนก่อน +16

    တကယ့်အငုံ့စိတ်ကောင်ပဲ။ ယောက်ျားဖြစ်ပြီး စိတ်ဓာတ်က ယုတ်ပတ်တယ်

  • @khinwinyi4826
    @khinwinyi4826 4 หลายเดือนก่อน +18

    ထက်မြက်တဲ့အမျိုးသမီးတော်တော်များများရက်စက်တဲ့ယောက်ျားနဲ့တွေ့တတ်ကြတယ်။😢😢😢

    • @geminimeme
      @geminimeme 4 หลายเดือนก่อน

      ထက်မြတ်တဲ့ မိန်းမ တိုင်းတော့ မဟုတ်ပါဘူး ယောင်္ကျား တွေ ဘက်က ‌ပြောင်းလဲ တာရော ထည့်တွက်ရမှာပါ လူဆိုတာ အပေါ်ယံ ကြည့်ပြီး ကောက်ချက် ချလို့မရပါဘူး လူဆိုတာ စိတ်အပြောင်းလဲ တက်တဲ့ သတ္တဝါပါပဲ စိတ်ကို ထိန်းချုပ်န်ုင်ရင် အဆင်ပြေပါတယ် ခု နားထောင်တာ ကြည့်ခြင်းအာဖြစ် သူ့ ဖာသာ ထင် ဆိုတဲ့ အထင်တွေ နဲ့ လုပ်ချင်ရာ လုပ် ပြီး ရက်စက်ခဲ့တာပါ အကောင်းဘက်က ကြည့်တက်ရင် ဘာမှ မဖြစ်ပါဘူး သံသယတွေ အထင်တွေနဲ့ အမှားတွေ လုပ်ခဲ့တာပါ

    • @linzawko6887
      @linzawko6887 4 หลายเดือนก่อน

      သူမလောက်မထက်မြက်တော့မနာလိုကြလို့လေ

  • @thunnme5197
    @thunnme5197 4 หลายเดือนก่อน +2

    ကျေးဇူးပါ ကြည့်တဲ့သူတွေအပေါ်
    စေတနာထားမှန်း သိသာပါတယ်
    အစစအရာရာအဆင်ပြေပါစေ

  • @htitchone6037
    @htitchone6037 4 หลายเดือนก่อน +2

    ❤🎉ကျွန်တော်တို့က အမြဲအားပေးနေတာ....တစ်ပုဒ်မှမလွတ်ဘူးဗျာ❤အမြဲအားပေးလျှက်ပါ❤🎉

  • @interintet5380
    @interintet5380 4 หลายเดือนก่อน

    သရဲအ​ကြောင်း​လေး​တွေများများတင်​ပေးပါအုံးအကို❤အမြဲအား​ပေး​နေပါတယ်ဗျာ

  • @thidalin8419
    @thidalin8419 4 หลายเดือนก่อน

    အသစ်တင်ပေးပါအုံးနော်

  • @jhonsee6516
    @jhonsee6516 4 หลายเดือนก่อน +1

    bigfanပါ🎉

  • @GENE-xu7oi
    @GENE-xu7oi 3 หลายเดือนก่อน

    မင်ဂါလာပါခင်ဗျား❤❤

  • @umyo7195
    @umyo7195 4 หลายเดือนก่อน

    အားပေးနေပါတယ်ခင်မျ❤❤❤❤❤❤

  • @wawwaw1885
    @wawwaw1885 4 หลายเดือนก่อน

    jonestown tragedy ကြောင်းတင်ပေးပါလာ broရေ တစ်ခါမှမတောင်းဆိုဖူးပါဘူး အရမ်းစိတ်ဝင်စားလို့ပါ

    • @StoryBearsMM
      @StoryBearsMM  4 หลายเดือนก่อน

      ဟုတ်ကဲ့ခင်ဗျ။

  • @htetyimon7692
    @htetyimon7692 4 หลายเดือนก่อน

    အားပေးနေပါတယ်❤

  • @mgsawhtoot.g.i
    @mgsawhtoot.g.i 4 หลายเดือนก่อน

    🙋Hello... Bro အားပေးနားထောင်လျှက်ပါ ဗျာ။မျှဝေ ပေးမူ့အတွက် ကျေးဇူးပါ။🤩💯🔥🔥🔥

  • @kachin1987
    @kachin1987 4 หลายเดือนก่อน

    အရမ်းgoodပါတယ်ကျေးဇူးပါ။ပုံမှန်တိုင်းနိုင်တလောက်လုပ်သွားရင်အောင်မြင်မယ်လိုအကြံပေး‌လိုပါတယ်။

  • @mgmg-jv6wq
    @mgmg-jv6wq 4 หลายเดือนก่อน +1

    အနောက်နိုင်ငံကလူတွေကလူအသက်တချောင်းကိုအရမ်းတန်ဖိုးထားတာဘဲနော်ကျနော်တို့နေတဲ့နိုင်ငံနဲ့ဆိုရင်ပြောင်းပြန်တွေဖြစ်နေတယ်ဆိုတော်တော်အန်သြဖို့ကောင်းလိုက်တာ

  • @yamazakinijiro
    @yamazakinijiro 4 หลายเดือนก่อน

    နေ့တိုင်း video အသစ်တွေမျှော်နေရတာ အမော

  • @-what_is_small
    @-what_is_small 4 หลายเดือนก่อน

    မျှော်နေမယ်လို့အဆွေရဲ့တင်ဆက်မူတွေကိုအမြဲအားပေးလျှက်ပါ။
    ပုံ
    /
    နောင်ကြီးဘာငယ်

  • @ThuThu-t3w
    @ThuThu-t3w 4 หลายเดือนก่อน

    ❤❤❤❤

  • @uthurain392
    @uthurain392 3 หลายเดือนก่อน

    US မှာတချို့ပြည်နယ်တွေဥပဒေက ကလေး ၁၂ နှစ်ထိမိဘကအပြင်ထွက်အလုပ်လုပ်ခြင်လျှင်သတ်မှတ်ထားတဲ့ကလေးထိန်းမျိုးနဲ့ထားရပါတယ်စရိတ်ကြီးတယ် ဒါကြောင့်မုန်ရှီကလေးထိန်းမဌားနိုင်မဌားခြင်လို့အလုပ်ထွက်တာဖြစ်မယ်

  • @XxxRayxxX-u1q
    @XxxRayxxX-u1q 3 หลายเดือนก่อน

    နားထောင်ရင်းတိုင်ပတ် အရုပ်နဲ့ပဲပြပြီးပြောပြလဲရတယ် လူလဲမမြင်

  • @KyalZin-d8f
    @KyalZin-d8f 4 หลายเดือนก่อน

    အမြဲစေတနာလေးနဲ့ပြောပြပါသော ဦးရေ❤

  • @AMNNaing
    @AMNNaing 4 หลายเดือนก่อน

    ကလေးနဲ့ ပက်သက်တဲ့ plan က အဓိက လား။ဘာရီးတုန်း

    • @StoryBearsMM
      @StoryBearsMM  4 หลายเดือนก่อน

      မတော်တဆဖြစ်သွားတယ်ပြောပေမယ့် တရားရုံးက ဒါကို second degree murder လို့ သတ်မှတ်ပါတယ်။ ထောင်ဒဏ်ချလိုက်တယ်လေ။ ၂၈ နှစ်။

  • @thwelay731
    @thwelay731 4 หลายเดือนก่อน

    မအေloeကြီးကြာလိုက်တာတိုတိုတုတ်တုတိမပြောဘူးစိတ်မရှည်ဘူးမကြည့်ဘူးငါ့cmtအောက်မှာလာမဟောင်ကြနဲ့ဟောင်ရင်ပြစ်ပြစ်နှစ်နှစ်​ဆဲခံရမယ်မအေloeနဲ့ဖာသယ်မတေ

  • @anaing1462
    @anaing1462 9 วันที่ผ่านมา

    သူများအကြောင်းမပါပဲ တက်ဆက်ပါ ယောက်ျားကြီးဖြစ်ပြီး

  • @mgmg-jv6wq
    @mgmg-jv6wq 4 หลายเดือนก่อน +4

    သူများနိုင်ငံကရဲတွေကတဂယ်ပြည်သူလူထုကိုကာကွယ်စောက်ရှောက်ပေးတဲရဲမြန်မာပြည်ကရဲတွေကအောက်တန်းစားအောက်တန်းစားအကျဆုံးလူရုပ်နဲ့ ခွေးစိတ်ဝင်နဲ့တဲ့အမည်ခံတွေပါ

  • @shwehtayshwehtay2732
    @shwehtayshwehtay2732 4 หลายเดือนก่อน +1

    ဂျိုးပုံကိုကြည့်မိတော့လုံးဝသဘောမကျပါ

  • @dawnyeinnyeinhtike2857
    @dawnyeinnyeinhtike2857 3 หลายเดือนก่อน +1

    ကိုယ်မကြိုက်ရင်ပစ်လိုက်ပေါ့ကိုယ့်ဘဝအပျက်ခံပြီး လုပ်တာကတော့လူစိတ်မရှိတာပါယောက်ကျားမဆန်တာ

  • @ThawZin-t1v
    @ThawZin-t1v 4 หลายเดือนก่อน +3

    ဗဟုသုတရလို့ ကျေးဇူးပါ 😍

  • @hninhnin-qb2dw
    @hninhnin-qb2dw 4 หลายเดือนก่อน +2

    အဲ့ဒီတရားသူကြီး ကလေးမြို့ လာဖို့အစီအစဥ် ရှိလားဗျ ။ ကျွန်တော့်မိန်းမက ငါးဆယ့်တစ်နှစ် ရှိပြီမို့လို့ပါ ။

    • @StoryBearsMM
      @StoryBearsMM  4 หลายเดือนก่อน

      😲😅😅😅

  • @hanna-kz1js
    @hanna-kz1js 3 หลายเดือนก่อน +1

    ပြောတာချုံလို့ရတာချုံစေချင်ပါတယ်နားထောင်ရတာအရမ်းကြာ

    • @htethtet4367
      @htethtet4367 2 หลายเดือนก่อน

      Yeah,that's the thing✅

    • @Lamborighini-d9n
      @Lamborighini-d9n 4 วันที่ผ่านมา

      သေချာနားလည်အောင်ရှင်းပြပေးတဲ့သဘောပါ

  • @MaMoe-k7q
    @MaMoe-k7q 4 หลายเดือนก่อน +2

    ပြောပြတဲ့သူအရမ်တော်တယ်ကျေးဇူးပါ

  • @OmanIbra-yq7uh
    @OmanIbra-yq7uh 4 หลายเดือนก่อน +2

    နားထောင်ရတာ ရှင်းလင်းနေပါတယ် အားပေးနေပါတယ်နော်♥️

  • @ohanmar
    @ohanmar 3 หลายเดือนก่อน +1

    တင်ဆ်ပေးလို
    ကျေးဇူးပါ.ရှင့်

  • @eimonaung5489
    @eimonaung5489 4 หลายเดือนก่อน +2

    မင်္ဂလာညချမ်းပါ ❤🎉

  • @ThaeThaeSoe-s5h
    @ThaeThaeSoe-s5h 4 หลายเดือนก่อน +1

    ရုပ်ရှင်ကားအနေနဲ့ကြည့်ချင်လိုက်တာ

    • @StoryBearsMM
      @StoryBearsMM  4 หลายเดือนก่อน +1

      Documentary ရှိပါတယ်။
      th-cam.com/video/xCrkRawGlBI/w-d-xo.htmlsi=dXzQ_hHSzytQrJn0

  • @KiKi-rx5qb
    @KiKi-rx5qb 4 หลายเดือนก่อน +1

    နားထောင်လို့ ကောင်းတယ်၊ တင်ဆက်တာလေးက တမျိုးလေးဆန်း။

  • @KyuSawYou
    @KyuSawYou 3 หลายเดือนก่อน

    ကင်မရာကြည့်မပြောတာ၊ ရှည်လျားဝေ့ဝိုက်တာက ကြည့်ရတာ ထောင့်ပါတယ်။ ဗီဒီယို ပြန် check ကြည့်ပါလား။

  • @NaungLatt-bl6ip
    @NaungLatt-bl6ip 4 หลายเดือนก่อน

    လိုရင်းကိုမရောက်တော့ဘူး ဝေ့နေတာ ငါကစိတ်မရှည်တတ်တာနဲ့တော့ အပြင်မှာဆိုရင် ဒီလိုကောင်မျိုးကို စောက်ခွက်တွေချည်းလှိမ့်ရိုက်ပစ်မှာ လီးမှမကြည့်ဘူးကွာ

  • @HanMaryChuu-zb3xi
    @HanMaryChuu-zb3xi 4 หลายเดือนก่อน

    လိုရင်းကိုတိတိကျကျပြောရင်ပိုအဆင်ပြေပါတယ် စကားအရမ်းရှည်နေတော့ လူသတ်မှုက ပျင်းစရာကြီးဖိနေပိ

  • @joesanga7x740
    @joesanga7x740 4 หลายเดือนก่อน

    လူမူ့ရေးမရှိပါဘူး အဖြူတွေ တကိုယ်ကောင်းဆန် မနာလိုမူ့ လူမျိုးခွဲခြားရေးမာ ထိပ်ဆုံး

  • @XxxRayxxX-u1q
    @XxxRayxxX-u1q 3 หลายเดือนก่อน

    ပိုက်ဆံရှာဖို့ ဇာတ်လမ်းလေးက ငါအိပ်ရေးပါပျက်

  • @NangMoHein-r7w
    @NangMoHein-r7w 3 หลายเดือนก่อน

    ကျေးဇူးပါဗဟုသုတရပါတယ်ရှင့်

  • @WineHtoo-mb5ih
    @WineHtoo-mb5ih 3 หลายเดือนก่อน

    နိုင်ငံတော်ဥပဒေဘက်တော်သားတွေလေးစားပါတယ်

  • @aungko3635
    @aungko3635 4 หลายเดือนก่อน

    Sorry ပါ ခင်ဗျ နားထောင်ရတာ လိုရင်းမရောက်သလိုဘဲ

  • @aungkaung8222
    @aungkaung8222 3 หลายเดือนก่อน

    ဥပဒေ စိုးမိုးသောတိုင်းပြည်

  • @bookyman338
    @bookyman338 4 หลายเดือนก่อน

    Brotherရေ နောက်ပတ် တင်ပါနော် ပေက်မသွားနဲ့ဦး

  • @YingNTay
    @YingNTay 3 หลายเดือนก่อน

    ဒီလိုကြောက်စရာကောင်းတဲ့အဖြစ်မျိုးတွေအများကြီးပဲနော် 😢Rebecca Zahau အကြောင်းကိုလည်းပြောပေးပါလားဆရာ ..

    • @StoryBearsMM
      @StoryBearsMM  3 หลายเดือนก่อน

      ဟုတ်ကဲ့ ပြောဖို့ လုပ်ထားပါတယ်ခင်ဗျာ။

  • @KyiTinMay
    @KyiTinMay 4 หลายเดือนก่อน

    နားထောင်လို့ အရမ်းကောင်းပါတယ် Thank you ❤

  • @apasraa
    @apasraa 4 หลายเดือนก่อน

    သရဲအကြောင်းတွေလုပ်ပါအုံးအကို အားပေးနေပါတယ်❤

  • @hantunlinn8046
    @hantunlinn8046 4 หลายเดือนก่อน

    ကျွန်တော် bro ရဲ့ အသံနဲ့ အာဘော်ကိုသဘောကျမိပါတယ် ရွေးချယ်တင်ဆက်ပေးတဲ့ Story များကိုလဲ Knowledge အနေနဲ့ရော Entertainment အနေနဲ့ပါ အားရကျေနပ်မိပါတယ် .....အားမရတာက ၁ပတ် ၂ ခုလောက်စောင့်ကြည့်နေရတာပဲဗျာ နေ့စဉ် တစ်ပုဒ်လောက် ဆို အရမ်းအားရကျေနပ်မိမှာ အမှန်ပါ အမြဲတမ်းအားပေးလျက်ပါဗျာ

    • @StoryBearsMM
      @StoryBearsMM  4 หลายเดือนก่อน +1

      ဟုတ်ကဲ့။ အခုလိုမျိုးအားပေးတဲ့အတွက်ရော အကြံပြုစကားအတွက်ရော ကျေးဇူးတင်ပါတယ်ခင်ဗျာ။ တစ်နေ့တစ်ပုဒ်ကတော့ တော်တော်မလွယ်ပါဘူးခင်ဗျာ။

  • @larbwew8474
    @larbwew8474 4 หลายเดือนก่อน

    အရမ်းကြိုက်တယ်ဒီchannelကို

  • @mayzuneaung5719
    @mayzuneaung5719 4 หลายเดือนก่อน

    နားထောင်ရတာ တကယ်ကောင်းတဲ့ channel

  • @sabaikyi3498
    @sabaikyi3498 4 หลายเดือนก่อน

    The man personality is SCHYCO. Also his head and body is very different. Head is too small with his body. That's person is not really good. 😮

  • @uulay637
    @uulay637 4 หลายเดือนก่อน

    မိန်းကလေးနဲ့ကလေးကိုပဲသနားပါတယ်။

  • @sabaikyi3498
    @sabaikyi3498 4 หลายเดือนก่อน

    I'M ALSO SCARED TO MARRIED 👰 FOREIGNERS 😮 BECAUSE DIFFERENT PEOPLE, DIFFERENT EVERY THINGS 😮

  • @XxxRayxxX-u1q
    @XxxRayxxX-u1q 3 หลายเดือนก่อน

    block block စိတ်ပျက်

  • @เนตรดาวชูสถิตย์
    @เนตรดาวชูสถิตย์ 4 หลายเดือนก่อน

    စိတ်မကောင်းစရာပဲ 😢😢😢

  • @kophyo7301
    @kophyo7301 4 หลายเดือนก่อน

    ပြောပုံ အသံ အရုပ်❤❤❤❤

  • @dawnyeinnyeinhtike2857
    @dawnyeinnyeinhtike2857 3 หลายเดือนก่อน

    မိသားစုဝင်ငွေကျဆင်းသွားတာကစ အက်ကြောင်းစတာပါ

    • @StoryBearsMM
      @StoryBearsMM  3 หลายเดือนก่อน +1

      ဟုတ်မယ်။ နောက်တစ်ခုက ကောင်မလေးက သူ့မိဘတွေနဲ့ တရုတ်လိုပြောကြတာကို သူ့မကောင်းပြောတယ်ထင်တာများ ဖြစ်မလားပေါ့နော်။

  • @mawinechit6544
    @mawinechit6544 4 หลายเดือนก่อน

    လူစိတ်မရှိတဲ့သူတွေကအရမ်းကြောက်စရာကောင်းတယ်

  • @Anzio236
    @Anzio236 4 หลายเดือนก่อน

    အကို့ video လေးတွေ အကုန်ကြည့်ဖြစ်တယ်ဗျ၊အကုန်ကြိုက်တယ်။ပီးတော့ တစ်ခုလောက်မေးချင်တယ်ဗျ။အစ်ကိုက polar bear ဆိုတော့ တခြား grizzly bear တို့ brown bear နဲ့ black bear တို့ကောရှိလားဗျ။ဥပမာ team တစ်ခုလိုပေါ့။

    • @waimoe7258
      @waimoe7258 4 หลายเดือนก่อน +1

      အဲ့လို ထင်လို့ channelထဲ ဝင်မွှေဖူးတယ် တွေ့ ဘူး

    • @StoryBearsMM
      @StoryBearsMM  4 หลายเดือนก่อน +1

      ဟုတ်ကဲ့ ရှိပါတယ်။ Gummy Bear ဆိုပြီးတော့ တစ်ယောက်ရှိပါတယ်ခင်ဗျာ။

    • @Anzio236
      @Anzio236 4 หลายเดือนก่อน

      ​@@waimoe7258တယောက်ရှိတယ်တဲ့ gummy bear တဲ့

    • @Anzio236
      @Anzio236 4 หลายเดือนก่อน

      ​@@StoryBearsMMဟုတ်ကဲ့ သူက ဘယ်လိုတာဝန်တွေကို ယူထားလဲဗျ

  • @KuKusan-ql8zu
    @KuKusan-ql8zu 4 หลายเดือนก่อน

    Good မျှော်ရကျိုးနှပ်သောပါပဲ ဦးပိုလာ 🎉

    • @myom2819
      @myom2819 4 หลายเดือนก่อน

      l

  • @yminho
    @yminho 4 หลายเดือนก่อน

    အမြဲအားပေးကြည့်ရှုနေပါတယ်နော်အကိုရေ

  • @UkyiSwe-z1p
    @UkyiSwe-z1p 4 หลายเดือนก่อน

    လူသတ်မှုလို့ရေးပါကွာ

    • @Myatnoeph
      @Myatnoeph 4 หลายเดือนก่อน +2

      ရေးမရလို့ ညှိမှာဆိုးလို့ TH-cam policy နဲ့ ထင်တာပဲ

  • @PyaeTharXSLOWPyaeThar
    @PyaeTharXSLOWPyaeThar 4 หลายเดือนก่อน

    Video ထည့်ပြပေးလို့မရဘူးလား

    • @minthukhant4206
      @minthukhant4206 4 หลายเดือนก่อน

      အဲ့လောက်ထိမအနဲနေကွာ
      Video ကီုအတိအလင်းပြ
      လိုက်ရင် သူ့ TH-cam
      Channal ဘမ်းခံရမမှာပေါ့ဟ

  • @nikfish9743
    @nikfish9743 4 หลายเดือนก่อน

    story bears kg mha kg

  • @CiangCiang-l4m
    @CiangCiang-l4m 4 หลายเดือนก่อน

    Channelတွေအများကြီးထဲကမှအစ်ကို့ရဲ့Channelကိုအကြိုက်ဆုံးဘဲအသေးစိတ်ကျကျရှင်းပြပေးလို့ကျေးဇူးပါ

  • @yangonmyanmar9695
    @yangonmyanmar9695 4 หลายเดือนก่อน +2

    စေ့စေ့စပ်စပ်လေး
    တင်ပြတယ်လို့မြင်ပါတယ်
    ကောင်းပါတယ်

  • @Watercabbage
    @Watercabbage 3 หลายเดือนก่อน

    Thanks.

  • @zinlin7952
    @zinlin7952 2 หลายเดือนก่อน

    Thanks

  • @Watercabbage
    @Watercabbage 3 หลายเดือนก่อน

    Thanks.

  • @panphyu55
    @panphyu55 4 หลายเดือนก่อน

    very interesting story!

  • @TunTun-uf7es
    @TunTun-uf7es 4 หลายเดือนก่อน

    👍👍👍👍👍👍👍👍👍👍👍👍

  • @dawhtwayhtwayyee5263
    @dawhtwayhtwayyee5263 4 หลายเดือนก่อน

    Thank you😊🎉🎉🎉

  • @lalthlamuani6965
    @lalthlamuani6965 4 หลายเดือนก่อน

    Good

  • @HlwanHtetOo
    @HlwanHtetOo 4 หลายเดือนก่อน

    ယောက်ကျ်ားဖြစ်ပီးကိုယ်ယူထားတဲ့မိန်းမအပေါ်အဲလောက်ထိစိတ်ယုတ်ညံ့ရသလား😢

  • @MaThiDar-b8n
    @MaThiDar-b8n 4 หลายเดือนก่อน

    👍👍👍😢😢❤️❤️❤️

  • @HninWe
    @HninWe 4 หลายเดือนก่อน

    👍SB

  • @eihtarmon4965
    @eihtarmon4965 4 หลายเดือนก่อน

    ❤❤❤❤

  • @nlssoe
    @nlssoe 4 หลายเดือนก่อน +2

    thank you

  • @joshuamaungoscaroscar6637
    @joshuamaungoscaroscar6637 4 หลายเดือนก่อน

    ❤❤❤❤❤

    • @kyinlwan4072
      @kyinlwan4072 3 หลายเดือนก่อน

      ယောက်ကျားဖြစ်ပြီးမိန်းမမိဘကို မကြည်ဖြူတဲ့ယောက်ကျားယုတ်မာဘဲ
      စိတ်ဓါတ်က အောက်တန်းကျ

  • @saizarni523
    @saizarni523 4 หลายเดือนก่อน

    အရမ်းကောင်းပါတယ်။ဗဟုသုတတွေလဲရပါတယ်။

  • @PyaeTharXSLOWPyaeThar
    @PyaeTharXSLOWPyaeThar 4 หลายเดือนก่อน

    မြင်ဖူးပါတယ်

  • @ชินโมบาย-ป5ณ
    @ชินโมบาย-ป5ณ 4 หลายเดือนก่อน

    ကိုကြီးရေဗဟုသုတတွေလဲအများကြီးရပါတယ်
    Thank youပါ

  • @army-z4b6r
    @army-z4b6r 4 หลายเดือนก่อน

    ဒီchannel. ကတခြာနဲ့မတူဘူးအရမ်းနားထောင်ကောင်းသလို သိသိကျကျသိရတယ်