Christian Dance (ဘုရားကိုချစ်သူများ တကယ်ပင်မင်္ဂလာရှိသည်)

แชร์
ฝัง
  • เผยแพร่เมื่อ 20 ก.ย. 2024
  • Christian Dance (ဘုရားကိုချစ်သူများ တကယ်ပင်မင်္ဂလာရှိသည်)

    ဘုရားကိုချစ်သူများ တကယ်ပင်မင်္ဂလာရှိသည်
    သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့် လမ်းပြမှုကို ၎င်းတို့ ပျော်မွေ့ခံစား
    ဘုရားနှုတ်ကပတ်တော်များ ဖတ်ရှုရင်း ဉာဏ်အလင်းဖွင့်ခြင်းနှင့် အလင်းပေးခြင်းကို ခံကြရ
    ၎င်းတို့၏ စိတ်နှလုံးထဲတွင် အလင်းရှိပြီး လိုက်လျှောက်ရန် လမ်းကြောင်းကို ၎င်းတို့ရရှိ
    ဇာတိပကတိကို ၎င်းတို့ ပုန်ကန်ပြီး လောကီကမ္ဘာကြီးကို ချန်ထားရစ်။
    ဘုရားရှေ့ မှောက်တွင်နေရတာ ဝမ်းမြောက်ဖွယ်ကောင်းလှသည်။
    ဘုရားစိတ်နှလုံးကို အရေးထားပြီး ၎င်းတို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရင်း
    ၎င်းတို့ဝိညာဉ်များ ကျေနပ်နှစ်သက်ပြီး ငြိမ်သက်ကြ။
    ဘုရားကိုချစ်သူများ တကယ်ပင်မင်္ဂလာရှိသည်
    တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းက သူတို့ကို မကြာခဏ အဖော်ပြု။
    တရားစီရင်မှုကို သူတို့ခံယူကာ စင်ကြယ်မှုကိုရရှိ။
    ၎င်းတို့၏ စိတ်သဘောထားအတွင်းရှိ ပြောင်းလဲမှုများက ဘုရားကို ဘုန်းတော်ထင်ရှားစေ။
    ဘုရားကိုချစ်သူများ တကယ်ပင်မင်္ဂလာရှိသည်
    သူ၏ အလိုတော်နောက် လိုက်လျှောက်ခြင်းကို ၎င်းတို့၏ ကောင်းကင်ဘုံဆိုင်ရာ မွေးရာပါတာဝန်အဖြစ် မှတ်ယူကြ။
    သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားကို ကျိုးနွံနာခံပေ။
    ဘုရားကို ၎င်းတို့ ကြောက်ရွံ့ကြပြီး အလင်းထဲတွင် အသက်ရှင်နေထိုင်ပေ။
    ဘုရားကိုချစ်သူများ တကယ်ပင်မင်္ဂလာရှိသည်

    ဘုရားကိုချစ်သူများ တကယ်ပင်မင်္ဂလာရှိသည်
    သူ၏ စမ်းသပ်မှုများနှင့် စုံလင်စေခြင်းများကို ၎င်းတို့ ခံယူကြပေ။
    နာကျင်မှုနှင့် ဘေးဒုက္ခတစ်လျှောက် ၎င်းတို့၏ ဘေးတွင် သူရှိနေသဖြင့်
    သူ၏ချစ်ခြင်း မည်မျှစစ်မှန်ကြောင်း ၎င်းတို့ ခံစားကြရပေ။
    စာတန်၏ စွမ်းအားမှ လွတ်မြောက်လျက်
    ၎င်းတို့သည် ဘုရားစိတ်နှလုံးနှင့် တစ်လုံးတစ်ဝတည်းဖြစ်ပြီး
    စစ်ဆေးခြင်းမှတစ်ဆင့် ၎င်းတို့၏ ချစ်ခြင်း ပို၍ဖြူစင်လာပြီး
    ဘုရားကို ထာဝရ ချီးမြှောက်ကာ သူ့ကိုသက်သေခံမည်။
    ဘုရားကိုချစ်သူများ တကယ်ပင်မင်္ဂလာရှိသည်
    ကောင်းသည့်အချိန်ရော ဆိုးသည့်အချိန်ပါ သူ၏ စီစဉ်မှုများထံ ၎င်းတို့ အရှုံးပေးအပ်နှံ
    သေဆုံးသည်အထိ ဘုရားနောက်ကို ၎င်းတို့ သစ္စာရှိစွာ လိုက်လျှောက်ပြီး
    သူ့အတွက် ၎င်းတို့၏ အသက်တာတစ်ခုလုံးကို အသုံးခံကြ။
    ဘုရားကိုချစ်သူများ တကယ်ပင်မင်္ဂလာရှိသည်
    သူ့ကို စိတ်နှလုံးနဲ့၊ ရိုးသားမှုနဲ့ ၎င်းတို့ ကိုးကွယ်ကြ။
    သူ၏ ရင်းနှီးသောသူများ ၎င်းတို့ဖြစ်လာ။
    သူ၏ ကတိတော်များနှင့် ကောင်းချီးမင်္ဂလာတို့ကို ခံယူကြပေ။
    ဘုရားကိုချစ်သူများ တကယ်ပင်မင်္ဂလာရှိသည်
    သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
    ကျေးဇူးပြု၍ မှတ်သားရန်- ဤချန်နယ်လ်မှ ဗီဒီယိုများအားလုံးကို အခမဲ့ကြည့်ရှုနိုင်ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ TH-cam ချန်နယ်လ်မှ မည်သည့် ဗီဒီယိုကိုမဆို ကြိုတင်ခွင့်ပြုချက် မရှိဘဲ၊ သီးခြားပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အုပ်စုက တစ်စုတစ်လေက ကူးယူခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ ကွန့်ခြင်း သို့မဟုတ် ကောက်နုတ်ခြင်းတို့ကို အထူးတလည် ရည်ရွယ်၍ တားမြစ်ထားပါသည်။ ဤစည်းမျဉ်းစည်းကမ်း တစ်ခုတစ်လေကို ချိုးဖောက်သည့် မည်သည့်ကိစ္စရပ်ကိုမဆို အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က တရားဥပဒေအရ အရေးယူမှုများ ပြုလုပ်ခွင့်ရှိပါသည်။ လူသိရှင်ကြား ဖြန့်ဝေခြင်းအတွက် ကြိုတင်တောင်းဆိုရန် ကျွန်ုပ်တို့အား ကျေးဇူးပြု၍ ဆက်သွယ်ပါ။

ความคิดเห็น • 4