ဈေးများများ ရောင်းရတဲ့ အရောင်းသမားဖြစ်ဖို့ ဘာတွေ လိုမလဲ။

แชร์
ฝัง
  • เผยแพร่เมื่อ 26 ม.ค. 2022
  • ဈေးများများ ရောင်းရတဲ့ လူဖြစ်ဖို့၊ အရောင်းသမားကောင်းတစ်ယောက်ဖြစ်ဖို့ ဘာတွေလိုမလဲ။ ဘာတွေ ဖြည့်ဆည်းထားရမလဲ။
    ရောင်းအားကောင်း ရလာဒ်ကောင်းတဲ့ အရောင်းသမားတစ်ယောက် ဖြစ်ဖို့ လူတိုင်း ရောင်းဝယ်ခြင်းနဲ့ မကင်းပါဘူး။ ဘဝရပ်တည်ရေးအတွက် တခုခုတော့ ရောင်းနေရတာပါဘဲ။
    ဝယ်သူတွေ၊ ဖောက်သည်တွေက မယူသေးဘူး၊ မဝယ်သေးဘူး၊ နောက်မှ ပြန်လာခဲ့ပါ။ ဈေးများတယ်နော်၊ စဖြင့် ပြောရတာမျိုးတွေခံရဖူးလား။
    ဝယ်သူက ကိုယ့်ပစ္စည်းလဲ ကြိုက်တယ်၊ ဒါပေမယ့် အရောင်းအဝယ် မဖြစ်ခဲ့တာမျိုးတွေ ဖြစ်ဖူးလား။
    ကိုယ့်အခုလေးတင် အဆင်ပြေပြေရောင်းခဲ့တဲ့ ပစ္စည်းကို အရင်ဝယ်သူကိုရောင်းခဲ့သလိုဘဲ ရောင်းပေမယ့် နောက်ဝယ်သူဆီလဲ ရောက်ရော ဘယ်လိုမှ ရောင်းမရတော့တာမျိုးတွေကော ဖြစ်ဖူးလား။
    ကိုယ့်ရောင်းကုန်ကို ဝယ်သူ ခနတွင်းမှာဘဲ ရှင်းရှင်းလင်းလင်း ပြောပြနိုင်ရင် ကောင်းမယ်လို့ တွေးဖူးလား။
    ကိုယ်နဲ့ အတူလုပ်နေတဲ့ အရောင်းသမားချင်းကို တခြားတစ်ယောက်က အရောင်းတွေပိုရ နေတာမျိုးတွေ တွေ့ဘူးလား။
    ဒါက အရောင်းသမားတိုင်း၊ ရောင်းချခြင်းနဲ့ မကင်းတဲ့ လူတိုင်း ကြုံတွေ့ရလေ့ရှိတဲ့ ပြသနာတစ်ချို့ဘဲ ဖြစ်ပါတယ်။
    ဒီလို အခက်အခဲတွေကို အကောင်းဆုံး ဖြတ်ကျော်နိုင်ပြီး ရလာဒ်ကောင်းတဲ့ ထိပ်တန်းအရောင်းသမားတစ်ယောက် ဖြစ်ဖို့ လိုအပ်တဲ့ Skills တွေ၊ ဗဟုသုတတွေ၊ လက်တွေ့ အသုံးချ နည်းလမ်းများကို တစ်နေရာတည်းမှာ လေ့လာနိုင်ဖို့ အတွက် Better Version မှ ဖွင့်မယ့် Better Salesman: Grow Your Revenue အွန်လိုင်း သင်တန်းတက်ပါ။
    ဘယ်သူတွေတက်သင့်လဲ။
    ရောင်းချခြင်း၊ အရောင်းအဝယ်နဲ့ ပတ်သက်တဲ့ လူတိုင်း၊ အထူးသဖြင့် အရောင်းသမားများအနေနဲ့ Professional လုပ်နေကြတဲ့ လူတိုင်း တက်သင့်ပါတယ်။
    ဒီသင်တန်းမှာ ဘာတွေသိသွားမလဲ / ဘာတွေရသွားမလဲ/ ဘယ်လိုရလဒ်ကောင်းတွေထွက်နိုင်မလဲ။
    အဖွဲ့အစည်းတစ်ခုမှာ အရောင်းသမားတွေရဲ့ အခန်းကဏ္ဍ
    ဝယ်သူတွေကို ကိုယ့်ရောင်းကုန်နဲ့ ပတ်သက်ပြီး Heart ထိအောင် ဘယ်လိုပြောမလဲ။
    တွန်းရောင်းစရာမလိုဘဲ ဝယ်သူတွေကိုယ်တိုင် ဝယ်ချင်စိတ်ဖြစ်လာအောင် မှန်ကန်ထိရောက်တဲ့ မေးခွန်းမေးနည်းများ
    မတူကွဲပြားတဲ့ ဝယ်သူအမျိုးအစားပေါ်မှာ မူတည်ပြီးပြောင်းလဲ အသုံးပြုနိုင်မယ့် ဗျူဟာတွေ
    အငြင်းခံရတဲ့အခါ အကောင်းဆုံး ရလာဒ်ရအောင် ဘယ်လို ကျော်လွှားမလဲ။
    အထိရောက်ဆုံး အရောင်းပိတ်ဖို့ သဘောတူညီမှုရယူနိုင်ဖို့ လက်တွေ့ အသုံးချ နည်းလမ်းများ။
    ဝယ်သူများနဲ့ ရေရှည် ဆက်ဆံရေး တည်ဆောက်ခြင်းများ ပါဝင်မှာ ဖြစ်ပါတယ်။

ความคิดเห็น • 1