စစ်အုပ်စုရဲ့နေဝင်ချိန် နီးကပ်နေပြီ

แชร์
ฝัง
  • เผยแพร่เมื่อ 7 ก.ย. 2024
  • စစ်အုပ်စုရဲ့နေဝင်ချိန် နီးကပ်နေပြီ (ရုပ်/သံ)
    ဘုန်းအောင်၊ ဇူလိုင် ၂၅၊ ၂၀၂၄
    စစ်ကောင်စီ ထိန်းချုပ်ထားရာ မြို့ပြတွေနဲ့ အနီးစပ်ဆုံး နေရာတွေထိကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်တာကြောင့် အာဏာသိမ်း စစ်တပ်ရဲ့ ကျဆုံးမှုဟာ အမြန်ဆုံးရောက်လာနေပြီလို့ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ ဒေါက်တာ တေဇာဆန်းက ပြောပါတယ်။
    မန္တလေးမြို့မှာ စစ်ကောင်စီက မြို့အဝင်အထွက်တွေနဲ့ ကုန်းလမ်း၊ ရေလမ်းပါမကျန် လုံခြုံရေးတင်းကျပ်စွာ စစ်ဆေးနေတဲ့ ကြားကနေ ဒေါက်တာ တေဇာဆန်းဟာ မြို့ပေါ်အထင်ကရနေရာတွေမှာ ပြောက်ကျားသပိတ်ဆင်နွှဲခဲ့ပါတယ်။
    လက်ရှိမှာဆိုလည်း မန္တလေးတိုင်းထဲက မြို့တွေကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက သိမ်းပိုက်ထားနိုင်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ ပါဝင်နေတဲ့ ရှမ်း- မန်း စစ်ဆင်ရေးဟာလည်း စစ်ကောင်စီကို ဆက်လက် အထိနာ နေပါတယ်။
    အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ဟာ ယာယီသမ္မတနေရာကို ကိုယ့်ဟာကိုယ် ပြန်ခန့်အပ်တာတွေနဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေအပေါ် တရုတ်နိုင်ငံက စစ်ရေး နိုင်ငံရေး ဖိအားပေးနေတဲ့ အခြေအနေတွေ၊ အာရက္ခတပ်တော် (AA) ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ တွေ့ဆုံမှု အပါအဝင် လက်ရှိ နိုင်ငံရေး အခြေအနေတွေနဲ့ ပက်သက်ပြီး ဒေါက်တာတေဇာဆန်းကို ဧရာ၀တီက ဆက်သွယ်မေးမြန်းထားပါတယ်။

ความคิดเห็น • 279