ပါမောက္ခချုပ်ဆရာတော်ကြီးနှင့် နေရွှေသွေးအောင်တို့၏ ဗုဒ္ဓဓမ္မဆိုင်ရာအမေးအဖြေ - အပိုင်း - (၁၁)
แชร์
ฝัง
  • เผยแพร่เมื่อ 9 ก.ย. 2019
  • ပါမောက္ခချုပ်ဆရာတော်ကြီးနှင့် နေရွှေသွေးအောင်တို့၏ ဗုဒ္ဓဓမ္မဆိုင်ရာအမေးအဖြေ - အပိုင်း - (၁၁)
    - ပါဝင်သည့် မေးခွန်းများ -
    (၅၇)အမျိုးသမီးတစ်ဦးရဲ့စိတ်မှာ မြွေတစ်ကောင်ရဲ့ပုံရိပ်အမြဲတမ်း ငြိတွယ်တွေးတောနေလျှက်ရှိပါတယ်။ မြွေတစ်ကောင်ရဲ့လှုပ်ရှားသွားလာနေပုံ အဆင့်ဆင့်ကိုလည်း အမြဲစိတ်ထဲစွဲနေပါတယ်။ နေ့စဉ်သွားလာချိန်တိုင်းလည်း မြွေတစ်ကောင်၏လှုပ်ရှားသွားလာနေပုံကိုသာ မြင်ယောင်ပြီး အခြားသူများထက်လည်း မြွေကိုတွေ့မြင်ရတတ်ပါတယ်။ မြွေကိုလည်း အမြဲရှာကြည့်မိတတ်ပြီး ကြောက်စိတ်လည်းအမြဲရှိနေတတ်ပါတယ်။ အယူတိမ်းပြီးဒုက္ခရောက်မှာကိုလည်း စိုးရိမ်မိပါတယ်။ ထိုအမျိုးသမီးအတွက် အရှင်ဘုရား အကောင်းဆုံးလမ်းညွှန်ပြသပေးတော်မူပါ။
    (၅၈)သံဃာများကိုဆွမ်းမလောင်းတဲ့အဖွဲ့အစည်း၊လပြည့်ညများတွင် င်္သချိုင်းကုန်းသို့ တရားသွားထိုင်သည့်အဖွဲ့အစည်း၊ သေသူ၏အခေါင်းထဲသို့ ဘ၀ကူးကောင်းမွန်စေရန် ငရဲမင်းထံသို့လျှောက်ထားသည့် လျှောက်လွှာများ ထည့်သွင်းမြှပ်နှံခြင်း၊မီးသဂြိုလ်ခြင်းအစရှိသောကိစ္စရပ်များကို လုပ်ဆာင်နေသော ဗုဒ္ဓဘာသာဝင်အမည်ခံ အဖွဲ့အစည်းများသည် ထေရ၀ါဒဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြသူများဖြစ်နိုင်ပါသလား။
    (၅၉) ဦးရဲမင်းထိုက်ရဲ့မေးခွန်းကတော့ သူ ၀ိပဿနာစာအုပ်တစ်အုပ်ကို ဖတ်ဖူးပါတယ်။ အဲ့ထဲမှာ ဓါတ်ကြီးလေးပါးရဲ့ သုညတဖြစ်ပုံကို အတိအကျမဟုတ်ပေမယ့် ဒီလိုအဓိပ္ပါယ်မျိုးဖွဲ့ဆိုထားပါတယ်။ပထ၀ီ၊တေဇော၊အာပေါ၊၀ါယောဓာတ်တို့ဟာ အချင်းချင်းအမှီသဟဲပြုနေကြတာဖြစ်ပြီး တစ်ခုခုမရှိရင် ကျန်သုံးခုလည်းမရှိနိုင်ပါ။ စိတ်ကုးဥာဏ်နဲ့ ပထ၀ီ၊တေဇော၊ အာပေါဓာတ်သုံးခုကို ဖယ်ထုတ်လိုက်ရင် ကျန်တဲ့ဝါယောဓါတ်ဟာ မရှိနေနိုင်ဘူးလို့ တွေးနိုင်ပါတယ်။အပြန်အလှန်အားဖြင့် ကျန်ဓါတ်တွေဟာလည်း ထိုနည်းအတိုင်း သူတို့တွေရဲ့ သုညဖြစ်ပုံကို ဆင်ခြေနိုင်ကြောင်းဖတ်ရှုဖူးပါတယ်။ ထိုဝိပဿနာစာအုပ်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုပုံဟာ နဂဇုဏရဲ့ သုညကို ပြောတာမျိုးနဲ့ဆင်တူသလိုဖြစ်နေပါတယ်။ All are empty ဆိုရင် အနိစ္စကိုရှုစရာမရှိတော့ ဘာမှမရှိတော့လို့ ဘာမှလုပ်စရာမကျန်တော့တဲ့အတွက် အဲ့လိုယူဆတာကို မှားတယ်လို့ ယူဆလို့ရပါသလား။
    (၆၀) ဘုရားပေါ် မိန်းမ မတက်ရတဲ့ ကိစ္စနှင့် ပတ်သတ်ပြီး တပည့်တော် နိုင်ငံခြားသားတွေနဲ့ ခဏ ခဏစကားများရတယ် ဘုရား။ တပည့်တော် ထင်တာကတော့ ဘုရားက ဒါမျိုးမဟောလောက်ဘူးလို့ ထင်ပါတယ်။ ဒီမေးခွန်းတွေ ကြုံလာရရင် ဗုဒ္ဓဘာသာဝင်တစ်ယောက် အနေနဲ့ ဘယ်လို Respond လုပ်ရမလဲ။
ความคิดเห็น • 26
  • @yadanarkhin5606
    @yadanarkhin5606 3 ปีที่แล้ว +4
    သာဓုသာဓုသာဓုပါဘုရား🙏
  • @aungnaingmoe4598
    @aungnaingmoe4598 4 ปีที่แล้ว +2
    ဗဟုသုတများစွာရရှိရလို့ ကျေးဇူးတင်စွာ သာဓုသာဓုသာဓု ခေါ်ပါတယ်
  • @tantan2820
    @tantan2820 4 ปีที่แล้ว +2
    သာဓုပါဘုရာ
  • @halhane3686
    @halhane3686 4 ปีที่แล้ว +2
    သာဓု... သာဓု...သာဓုပါ ဘုရား.... ,
    (13.09.2019).... ,
  • @maythumaythu6905
    @maythumaythu6905 4 ปีที่แล้ว +1
    သာဓု သာဓု သာဓုပါဘုရား
    ဆရာတော်ဘုရားကြီး
    ကိုယ်ကျန်းမာစိတ်ချမ်းသာပါစေဘုရား
    ရှိခိုးဦးတင်ကန်တော့ပါ၏ဘုရား
  • @yehlainghtun2293
    @yehlainghtun2293 4 ปีที่แล้ว +2
    သာဓု သာဓု သာဓုပါ ဘုရား _/\_ _/\_ _/\_
  • @bindurai7210
    @bindurai7210 4 ปีที่แล้ว +2
    Sadhu Sadhu Sadhu!
    🙏🙏🙏
  • @misoe6872
    @misoe6872 4 ปีที่แล้ว +1
    ကျေးဇူးပါ
  • @moemoelinn3143
    @moemoelinn3143 4 ปีที่แล้ว +1
    သာဓုသာဓုသာဓုပါ အရှင်​ဘုရား နာဖူးထပ်​မှန်​ဖြစ်​ရပါ​သော​ကြောင့်​ အလွန်​​ကောင်​မွန်​လှ​သော ဓမ္မ အစီအစဉ်​ဖြစ်​ပါသည်​အရှင်​ဘုရား🙏🙏🙏
  • @johncars7940
    @johncars7940 4 ปีที่แล้ว +1
  • @aprilyoonwoutyee6114
    @aprilyoonwoutyee6114 4 ปีที่แล้ว +3
    သာဓုသာဓုသာဓုပါအရှင်ဘုရား
  • @michaeltoha1263
    @michaeltoha1263 4 ปีที่แล้ว
    အရမ်းကျေးဇူးတင်ပါတယ်ဘုရား
    ပြန်လည်မျှဝေပေးတဲ့အတွက်
  • @goldenpeafowl6293
    @goldenpeafowl6293 4 ปีที่แล้ว +2
    နံပါတ် ၅၇ မြွေပေါ့ တချို့က ငါ ငယ်ငယ်က ဆိုးခဲ့တယ် အတော် ဆိုးခဲ့တယ် အကြွေးးတွေ ဆပ်ရမယ် အဲလိုလည်း တချို့က စွဲတယ် ကျနော် ကိုယ်တွေ့ကတော့ ကမ်မဌာန်း ဆရာ တဦးဆီမှာ တရားထိုင်ပါ အဲဒီ စွဲလန်းမှုကို စူးစိုက် ပါ ပေါ်လာပါပြီ မြင်တယ် မြင်တယ် မှတ်ပါ ဘယ်လောက် အကြိမ်များများ ပေါ်လာပါစေ အဲအသတိုင်းသာ စိတ်ကို ထိုင် ကြည့်ပြီး မှတ်ပါ မပေါ်လာရင် လာလေ ပေါ်လာလေ အဲစိတ် ဆိုပြီး ခေါ်ပါ နာနာမှတ်ပါ ပျောက်သွားပါတယ် နောက် နောင် ပေါ်လာတိုင်း ထိုနည်းအတိုင်း မှတ်ပြစ်ပါ မေ့သွားပါလိမ့်မယ် ငါဆိုးခဲ့တယ် ဆိုလည်း သတ်တ၀ါ ကျန်းမာပါစေ ကျန်းမာရင် သူတို့ ပျော်မယ် ပျော်နေတာတွေ မြင်ယောင်ပါ အဲလို စိတ်ထဲက ရွတ်ပါ မရသေးရင် နှုတ်နဲ့ အသံထွက် ရွတ်ပါ ကိုယ့်အသံကို ကိုယ် ပြန် နားစိုက်ပါ လုပ်ကြည့်ကြပါ စိတ် သက်သာ ပျောက်ကင်းပါတယ် နေစဉ်နော် နေ့စဉ် မဟုတ်ဘူး အချိန်တိုင်း ပြောဆို လုပ်ကိုင် သမျှ သတိကပ်ပါစေ နှုတ်က မေတာ ထားပြောသလို စိတ်ကလည်း တကယ် မေတာ ထားပါ ကိုယ့်ဘို့ ထည့် မတွက်ပါနဲ့ လက်ကလည်း တကယ် မေတာနဲ့ ကူညီပါ ရောဂါစွဲ ပျောက်ပါတယ်
  • @minmon5251
    @minmon5251 4 ปีที่แล้ว
    ကျေးဇူးပါ အကို
  • @khinsu5040
    @khinsu5040 4 ปีที่แล้ว +1
    🙏🙏🙏🙏🙏
  • @zawaung4684
    @zawaung4684 4 ปีที่แล้ว
    မေးခွန်းတွေကကလေးဆန်တယ်..ကောင်းသထက်ကောင်းတဲ့မေးခွန်းတွေမေးပါအုံး...တစ်ခေါက်ပီးတစ်ခေါက်တိုးတက်လာပါစေ
  • @tinnyunt6729
    @tinnyunt6729 4 ปีที่แล้ว
    Namo Tassa Bhagavato Arahato Samma Sambuddhassa! Namo Tassa Bhagavato Arahato Samma Sambuddhassa! Namo Tassa Bhagavato Arahato Samma Sambuddhassa!
  • @thuyako8038
    @thuyako8038 4 ปีที่แล้ว +1
    ဗုဒ္ဓဘာသာဆိုင်ရာမေးခွန်းမေးချင်လို့ ပို့ထားရလားဗျ🙏🙏🙏🙏
  • @yankoko5571
    @yankoko5571 4 ปีที่แล้ว +2
    ကိုဖိုးလ ရေ ကျနော်လည်း မေးခွန်းလေး တစ်ခုလောက် အခါ အခွင့်သင့်ရင် မေးခွင့်ပြုပါ ခင်ဗျာ ကျနော် သိခြင်တာက ကျနော်က နိုင်ငံခြားမှာ အလုပ်လုပ်နေတာပါ ဘုရားကျောင်းဆောင် အောက်မှာ အဖေ အမေ အကို့ ပုံတွေ ကပ်ပြီး ရှစ်ခိုးနေတာ အဲ့ဒါ ငရဲကြီးနိုင်လား ခင်ဗျာ အဖေ အမေ အကိုတို့ ငရဲကြီးနိုင်လား ခင်ဗျာ တရားထဲမှာ မိဘ တွေကို ဘုရားနဲ့ တစ်ဂိုဏ်တည်း ထားရမယ်ဆိုလို့ပါ ခင်ဗျာ
  • @s.y.ofurniturestore1982
    @s.y.ofurniturestore1982 4 ปีที่แล้ว +1
    🙏🙏🙏သာဓုသာဓုသာဓုပါဘုရား
  • @koekoe5274
    @koekoe5274 4 ปีที่แล้ว
    ဗုဒ္ဓဆိုင်ရာအမေးအဖြေဘယ်လိုမေးရလဲ
  • @kokochit3443
    @kokochit3443 4 ปีที่แล้ว
    ကောင်းကျိုးများစေလို့သာဓုသာဓုသာဓုပါ
  • @kyawthusoe1982
    @kyawthusoe1982 4 ปีที่แล้ว
    pls 12
  • @beekk4280
    @beekk4280 4 ปีที่แล้ว
    ဆရာတော်ကျန်းမာပါစေ မြတ်စွာဘုရား သာဓု သာဓု သာဓု။
  • @zawwin2617
    @zawwin2617 4 ปีที่แล้ว +1
    Thanks for Questions&Answers.
  • @misoe6872
    @misoe6872 4 ปีที่แล้ว +2
    ဆရာတော် ြကီး ကို မေးပေးပါ လား မောင် လေး
    ရွှေတိဂုံ ဘုရား လို မျုးိ ဘုရား တွေ မှာ ပဌာန်း ရွတ် တာ မျိုး တ ြခား ဘုရား ရှိခိုး တွေကို အကျယ် ြကီး ရှိခိုး တဲ ့ လူတွေ ရိှတတ်ပါတယ် အဲ ့ သူတို ့ ရဲ ့ အသံတွေ​ေ ြကာင့် ဘုရား ကို သေချာ အာရုံ ြပု ရိှခို းဖို ့ အခက်တွေ ့ ပါတယ်
    အသံထွက် ဘုရား ရိှခိုး တာနဲ ့ အသံတိုးတိုး ရိှခိုး တာ ၊ အသံတိတ် ရိှခိုး တာ တွေ ကုသိုလ် ရတာ ချင်း ဘာ ကွာပါ လဲ လို ့ မေးပေး ပါ လား
    ကျေးဇူး