ဒေါ်မီမီဝင်းဘတ် ပြောပြတဲ့ အမေရိကန် စစ်တပ်ထဲက အမျိုးသမီး စစ်သမီး ဘဝ - BBC News မြန်မာ
ฝัง
- เผยแพร่เมื่อ 17 ม.ค. 2025
- အမျိုးသမီး တစ်ယောက် အနေနဲ့ ကမ္ဘာ့ အင်အားကြီး အမေရိကန် တပ်မတော်ထဲမှာ အဆင့်မြင့် တာဝန်တွေကို ဘယ်လို တာဝန်ယူ၊ ဆောင်ရွက်ခဲ့လဲ၊ အမေရိကန် စစ်တပ်ထဲမှာ တာဝန် ထမ်းဆောင်နေတုန်း မြန်မာပြည်နဲ့ပတ်သက်ပြီး ဘယ်လို ရင်နင့်စရာ အဖြစ်အပျက်မျိုး ကြုံခဲ့ရလဲ။
မြန်မာပြည်ဖွား အမေရိကန် တပ်မတော်က ဒုတိယဗိုလ်မှူးကြီး ဒေါ်မီမီဝင်းဘတ် ပြောပြတဲ့ အမျိုးသမီး စစ်သမီး ဘဝနဲ့ စစ်မှုထမ်း ဘဝ မှတ်မှတ်ရရ အဖြစ်အပျက်တွေ ကို ဒီ အပိုင်းမှာ ကြည့်ရှု နားဆင်ရမှာပါ။
ဒေါ်မီမီဝင်းဘတ်ဟာ အမေရိကန်တပ်ဖွဲ့မှာ ဒုတိယ ဗိုလ်မှူးကြီးရာထူးနဲ့ ၂၈ နှစ်ကြာတဲ့အထိ တာဝန် ထမ်းဆောင်ခဲ့သူပါ။ လက်ရှိမှာ ဟာဝိုင်ယီအခြေစိုက် လုံခြုံရေးဘာသာရပ်ဆိုင်ရာ အာရှ-ပစိဖိတ်ဌာနမှာ ပါမေက္ခအဖြစ် တာဝန် ထမ်းဆောင်နေပြီး အဲဒီမှာ မြန်မာ့စစ်ဘက်အရာရှိတွေ အတွက် အပါအဝင် သင်တန်းတွေပို့ချပေးနေတာဖြစ်ပါတယ်။ ၂၀၁၂ နောက်ပိုင်းကစလို့ မြန်မာ့တပ်မတော်၊ မြန်မာအစိုးရ အရာရှိတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကြား စစ် ဘက်အရပ်ဘက် ဆက်ဆံရေးကောင်းမွန်ဖို့ မြန်မာနိုင်ငံကိုလည်း မကြာခဏ လာရောက်ပြီး သင်တန်းတွေ ပို့ချပေးနေပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း မြန်မာနိုင်ငံကို သူ ခေတ္တလာရောက်ချိန်မှာ ဘီဘီစီသတင်းထောက် မအေးသူစံက တွေ့ဆုံမေးမြန်းထားချက် ဒုတိယပိုင်းကို ကြည့်ရှုနိုင်ပါပြီ။
ရိုက်ကူး/တည်းဖြတ် - စံကျော်ထွန်း/ဘီဘီစီမြန်မာပိုင်း
#ဘီဘီစီမြန်မာပိုင်း #မီမီဝင်းဘတ် #အမေရိကန် #မြန်မာ #အမျိုးသမီး #စစ်တပ် #တပ်မတော် #အရပ်ဘက် #ဆက်ဆံရေး #Civil_military_relations #US #Myanmar #Miemie_Winn_Byrd