ထုံးကန့်သဘာဝမှိုသတ်ဆေးဖျော်စပ်အသုံးပြုနည်း _ Lime Sulfur Fungicides Mixture for Vegetable and Fruit

แชร์
ฝัง
  • เผยแพร่เมื่อ 11 ก.พ. 2025
  • ထုံးကန့်မှိုသတ်​ဆေး* (Lime- Sulphur)ပြုလုပ်နည်း*
    🤔Lime-sulphur သည် inorganic sulfur နှင့် lime တို့ပါ၀င်သော မှိုသတ်ဆေးဖြစ်ပြီး ‌‌‌‌ဒေါင်းနီးမှိုရောဂါ၊ မှဲ့ပျောက်စွန်း‌ရောဂါများ နှင့် အပင်ကြီးများမှာ ကျရောက်တတ်သော ရွက်လိပ်ရောဂါစသည့် ရောဂါအမျိုးမျိုးနှင့် မွှားပင့်ကူနီများကို ထိန်းချုပ်ကာကွယ်ရန်အတွက် ယနေ့ခေတ်တွင် အသုံးများကြပေသည်။ Lime-sulphur ကို ပြင်သစ်နိုင်ငံ၊ Versailles ရှိ ဟင်းသီးဟင်းရွက်အိမ်များတွင် ဥယျာဉ်မှူးအဖြစ် 1851 ခုနှစ်တွင် စတင် တီထွင်ခဲ့ပြီး အပင်များကို မှိုရောဂါကာကွယ်ရန် နှင့် မွှားပင်ကူနီ ကာကွယ်ရန်အသုံးပြုခဲ့ကြသည်။
    ဆာလ်ဖာသည် ပိုးမွှားရောဂါများကို အဆိပ်ဖြစ်စေသော အာနိသင်ပါသောဝင်ပစ္စည်းဖြစ်သည်။ ဆာလ်ဖာသည် တိုက်ရိုက်ထိတွေ့ခြင်း သို့မဟုတ် အခိုးငွေ့များ (ဆာလ်ဖာအငွေ့များ) မှတဆင့် ရောဂါပိုးများကို သေစေနိုင်သည်။ ဆာလဖာ၏အခိုးအငွေ့များသည် အဆိပ်အာနိသင်ရှိသောကြောင့် ပိုးမွှားရောဂါများကို သေစေနိုင်ပြီး အပင်ကိုပက်ဖျန်းထားသော ‌‌ဆေးအမှုန့်များသည် မှိုရောဂါများကို သုတ်သင်ရာတွင် အရေးကြီးသည်။ မှို‌ရောဂါများမှ စုပ်ယူလိုက်သည်နှင့် တစ်ပြိုင်နက် ဆာလဖာသည် ဆဲလ်လူလာ ပရိုတင်းအများစုအတွက် အဆိပ်ဖြစ်စေသည်။
    ဆာလ်ဖာသည်ပင် အချို့သော အပင်မျိုးစိတ်များအတွက်လည်း အဆိပ်သင့်ပြီး phytotoxic တုံ့ပြန်မှုကို ဖြစ်ပေါ်စေနိုင်သည်။ ရလဒ်အနေဖြင့် ဆာလ်ဖာ၏ အပင်အဆိပ်သင့်စေနိုင်မှုသည် phytotoxicity ကိုလျှော့ချရန် ထုံးကို ရောစပ်ထားသည့်သဘောဖြစ်သည်။ ထုံး များများထည့်လေ phytotoxic နည်းလေလေဖြစ်ပြီး ယေဘူယျအားဖြင့် ထုံးသည် အပင်အတွက် အန္တရာယ်ကင်းသည်ဟု ယူဆနိုင်ပါသည်။ ထုံးအလွန်းအကဲ အသုံးပြုပါကလည်း အပင်များကို လောင်စေနိုင်ပါသည်။
    ထုံး-ဆာလ်ဖာကို မှိုသတ်ကာကွယ်ဆေးအဖြစ် သို့မဟုတ် ကုသဆေးအဖြစ်ပါရာသီမရွေးဖြန်းဆေးအဖြစ် အသုံးပြုနိုင်သည်။ အပင်ကြီများကို ကြိုတင်ကာကွယ်ဆေးအဖြစ်အသုံးပြုလိုပါက ဖြစ်နိုင်လျှင် အပင်များတွင် အရွက်များမပေါ်မီနှင့် အရွက်များစတင်ရင့်လာချိန်တွင် အသုံးပြုရန် လိုအပ်ပေသည်။
    ထုံကန့်ဆေးရည်သည် အထူးသဖြင့် မှိုသတ်အာနိသင်အတွက်အထူးကောင်မွန်သော သဘာဝတွင်းထွက် မှိုသတ်ဆေးတမျိုးဖြစ်ရုံသာမ ပိုးမွှားသတ်နိုင်သော အာနိသင်ရှိပြီး အပင်အတွက်လိုအပ်သော ဆာလ်ဖာဓာတ်ကိုပါဖြည့်ဆည်းပေးနိုင်သောကြောင့် လွန်ခဲ့သောနှစ်ပေါင်းများစွာ ဘက်စုံအသုံးပြုခဲ့သော ဆေးခါးကြီးတလက်ဖြစ်ပေသည်။၊
    🤫လိုအပ်သောပစ္စည်းများ🤔
    ၁:၂:၁၀ အချိုးဖြင့်ဖော်စပ်ရသော Liquid Lime Sulphur မှိုသတ်ဆေးရည်
    (၁) မဖောက်ထုံး CaO = ၅၀သား (အိမ်ဆောက်ထုံး)
    (၂) ကန့်မှုန့် S (ဆာလ်ဖာ) = ၁ပိဿာ
    (၃) ရေ H2O = ၂ဂါလံ
    (၄) ရေ ၂ဂါလံဆန့်မြေအိုး
    ထုံးကန့်ဆေးရည် ဖော်စပ်နည်း
    🤔ရေ(၂)ဂါလံဆံသော မြေအိုးတလုံးကို မီးဖြင့်အပူပေးပြီး ဆူပွက်အောင်ကျိုပါ။ ဆူပွက်နေသောရေထဲသို့ မဖောက်ထုံး(၅၀) ကျပ်သားကို အကုန်တခါတည်းမထည့်ဘဲ တဖြည်းဖြည်းချင်းထည့်၍ သစ်သားတုတ်ဖြင့်မွှေပေးပြီး ၅၀သားလုံးကုန်သည်အထိထည့်ပါ။ ထုံးအားလုံးထည့်ပြီး ပျော်ဝင်သွားလျှင် ဆူပွက်နေသော ထုံးရည်ထဲသို့ ကန့်မှုန့်(၁)ပိဿာကို ပျော်ဝင်သွားအောင် ဖြည့်ညှင်းစွာထည့်၍ ထုံးထည့်နည်းအတိုင်းမွှေပေးပါ။ ထို့နောက် အချိန်အားဖြင့် (၄၅)မိနစ်ကြာအောင် သစ်သားတုတ်ဖြင့် အဆက်မပြတ်မွှေပေးနေရပေမည်။ ထင်းမီးအသုံးပြုပါက မီးအေးအးဖြင့်သာကျိုချက်ရန်သတိပြုပါ။ ထို့သို့ကျိုချက်အပူပေးချိန်သည် ရေဆူသည့်အချိန်မှ (၁)နာရီထက်ပိုမကြာရန် အထူးဂရုပြုရပါမည်။ (၁)နာရီထက်ကြာအောင် အပူပေးဆူပွက်စေပါက မှိုသတ်စွမ်းအားရှိသည့် ကယ်လ်စီယမ်ပိုလီဆာလ်ဖိုဒ်များ ပြိုကွဲသွားပြီး မှိုသတ်ဆေးအာနိသင်သည် လျော့နည်းသွားပေမည်။ အဆက်မပြတ်မွှေပေးနေစဥ်တွင် တဖြေးဖြေး ထုံးကန့်ဆေးရည်သည် ဘဲဥပုတ်နံထွက်လာသည်ကို သတိပြုမိပေမည်။ ကျိုချက်နေစဉ်အချိန်အတွင်း ရေ(၂)ဂါလံ သည်အိုးအတွင်းမျက်နှာပြင်မှ လျော့ကျသွားပါက မူလရေမျက်နှာပြင် အမှတ်ပြန်ရောက်အောင် ရေကိုဖြည်းဖြည်းချင်း ပြန်ဖြည့်ပေးရပါမည်။ (၄၅)မိနစ်ခန့်ကြာချိန်တွင် ထုံးကန့်ဆေးရည်အ‌ရောင်သည် ပယင်းရောင် ဖြစ်လာပါက အိုးကိုမီးဖိုပေါ်မှချပြီး အအေးခံထားရပါမည်။ အအေးခံပြီးလျှင် အောက်တွင်အနည်ထိုင်နေသော ထုံးနှင့်ကန့်မှုန့်များမပါအောင် အပေါ်ယံအရည်ကြည်ကို ‌ရေစစ်ဖြင့်စစ်ယူပြီး ထုံးကန့်ဆေးရည် ပိုးမွှားရောဂါကိုကာကွယ်ကုသပေးနိုင်သော ထုံးကန့်ဆေးရည်ကိုရရှိပါသည်။
    သိုလှောင်ထိန်းသိမ်းခြင်း
    🤔ထုံးကန့်ဆေးရည်ကို လုံခြုံအောင်သိမ်းဆည်း သိုလှောင်ပါက ထုံးဒုတ္ထာ(ဘော်ဒိုဆေးရည်ကဲ့သို့မဟုတ်ပဲ) ကာလကြာရှည်စွာ သိုလှောင်သိမ်းဆည်း နိုင်ပါသည်။ စနစ်တကျ မသိမ်းဆည်းထားပါက မှိုသတ်စွမ်းအား နှင့် ပိုးသတ်စွမ်းအားများ လျော့နည်းပျက်ပြယ်သွားနိုင်သောကြောင့် စနစ်တကျ လေလုံအောင်သိမ်းဆည့်းထားရပေမည်။ ရေစစ်ဖြင့်စစ်ယူထားသော ထုံးကန့်ဆေးရည်ကို အေးမြသောနေရာတွင် လေလုံဘူးဖြင့် သိုလှောင်သိမ်းဆည်းထားရပေမည်။ နေရောင်နှင့် ထိတွေ့ပြီး ပူသောနေရာတွင်ထားပါက အငွေ့ပျံ၍ အာနိသင်ပျက်ပြယ်သွာနိုင်ပါသည်။ တခုခုဖြင့် အလွှာပြုလုပ်ဖုံးအုပ်ပြီး သိုလှောင်သ်ိမ်းဆည်း ထားရပေမည်။
    အသုံးပြုရန်နှုန်းထား
    🤔ရွက်နုထွက်ချိန်နှင့် အပင်ငယ်ချိန်တွင် ထုံးကန့်ဆေးနှင့် ရေကို ၁း၁၈၀ နှုန်းရောစပ်အသုံးပြုရမည် ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ရေ(၄)ဂါလံဝင် ဆေးဖျန်းပုံးတစ်ပုံးတွင် ထုံးကန့်ဆေးရည် (၁၀၀)စီစီရောစပ် အသုံးပြုရမည် ဖြစ်ပါသည်။ ပုံမှန်အနေအထားရှိသောအပင်များတွင် ထုံးကန့်ဆေး နှင့် ရေကို ၁-၄း၁၀၀ အထိအသုံးပြုနိုင်ပေသည်။ ရေ ၁လီတာလျှင် ထုံးကန့်ဆေး ၁၀စီစီမှ ၄၀ စီစီထိအသုံးပြုနိုင်ပေသည်။ အသုံးပြုမည့်ပမာဏသည် မိမိဖျန်းမည့် သီးနှံအခြေအနေပေါ်မှုတည်ပြီးအဆင်ပြေမည့်အချိုးကိုအသုံးပြုပါ။ မိုးများသော ရာသီတွင်အသုံးပြပါက မကြာခနပက်ဖျန်းပေးသင့်ပေသည်။
    ကာကွယ်နှိမ်နင်းနိုင်သည့် ပိုးမွှား/ရောဂါများ
    နှစ်ရှည်သီးနှံများ၊ရာသီသီးနှံများ နှင့် ဟင်းသီးဟင်းရွက်များတွင်ကျရောက်ဖျက်ဆီးတတ်သော
    ၁။မွှားပင့်ကူနီနှင့်အကြေးပိုးများ
    ၂။ ကြက်သွန်တောက်တဲ့မှီး‌ရောဂါ
    ၃။ ဖားဥမှိုရောဂါ
    ၄။ အရွက်နှင့်ပင်စည် သံချေး‌ရောဂါ
    ၅။ ကိုင်းဖျားခြောက်
    ၆။ မှည့်ပြောက်စွန်းရောဂါ
    ၇။ ရွက်ပြောက်ရောဂါ

ความคิดเห็น • 70