ဦးသန်းစိုးနိုင်“စနစ်တွေမပြုပြင်ရင် ပြည်တွင်းစစ်က အနှစ် ၁၀၀ ကြာသွားမယ်”

แชร์
ฝัง
  • เผยแพร่เมื่อ 22 ก.ย. 2020
  • ဦးသန်းစိုးနိုင်“စနစ်တွေမပြုပြင်ရင် ပြည်တွင်းစစ်က အနှစ် ၁၀၀ ကြာသွားမယ်”
    မဇ္ဈိမ
    ရန်ကုန်၊ စက်တင်ဘာ ၂၄ ရက်
    နိုဝင်ဘာ ၈ ရက်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)က ကြေညာထားသည်။ တစ်ဖက်မှာလည်း ကိုဗစ်-၁၉ ရောဂါကြောင့် မြန်မာနိုင်ငံတွင် ကျန်းမာ ရေး စောင့်ရှောက်မှုများ အရေးတကြီး ဆောင်ရွက်နေကြရသလို နိုင်ငံသူ/သားများလည်း Stay at Home အနေဖြင့် အိမ်ပြင်မထွက်ရန် လမ်းညွန်ချက်များ ထုတ်ပြန်ထားပါသည်။
    ရခိုင်ပြည်နယ်အတွင်းမှာလည်း တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA)ကြား တိုက်ပွဲများကလည်း ရပ်တန့် နိုင်ခြင်းမရှိသည့်အတွက် ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး မကျင်းပနိုင်ရေးမှာလည်း မရေရာ မသေချာသေးဘဲ ဖြစ်နေပါသည်။
    ထို့ကြောင့် ရွေးကောက်ပွဲ ရွေ့သင့်လား မရွေ့သင့်လား မေးခွန်းထုတ်မှုများ ရှိနေကြသလို ပြည်တွင်း လက်နက် ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်မှုကလည်း နိုင်ငံရေးရှိုးသဖွယ်ဖြစ်နေသ လား မေးခွန်းထုတ်နေကြပါသည်။
    အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ဟောင်းလည်းဖြစ် မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူလည်းဖြစ်သည့် ဦးသန်းစိုးနိုင်ကို မဇ္ဈိမ မီဒီယာမှ အယ်ဒီတာ ချစ်မင်းထွန်းက Zoom Meeting ကနေ တဆင့် ဆက်သွယ်မေးမြန်းထားပါသည်။
    #ဗမာပြည်ကွန်မြူနစ်ပါတီ #ရွေးကောက်ပွဲ #ဦးသန်းစိုးနိုင်
    =====================================
    🔔 Please SUBSCRIBE Mizzima TV channel for Daily Update News and Entertainment TV programs.
    ✅ Visit to our Official website: www.mizzimaburmese.com
    ✅ Mizzima TV Application FREE download : bit.ly/30qmeCn
    ✅ Follow us on our Facebook
    Mizzima News in Burmese : / mizzimadaily
    Mizzima TV : / mizzimatvchannel

ความคิดเห็น •