ကိုင်ဖမား - Dawei Watch

แชร์
ฝัง
  • เผยแพร่เมื่อ 11 ก.ย. 2024
  • ထိုင်းနိုင်ငံမှာ နေရာအတော်များများမှာ တွေ့ရတာက ကြက်နှစ်ကောင်ရုပ်တုတွေ ဒီကြက်ရုပ်တွေကို နတ်ကွန်းတွေ၊ အထင်ကရအဆောက်အဦတွေ၊ ကိုးကွယ်ယုံကြည်ရာ နေရာတွေရှေ့မှာ အများအားဖြင့် တွေ့နိုင်ပါတယ်။
    ထားဝယ်မှာဆိုလည်း ထားဝယ်ရိုးကြက်ကိုးလို့ အဆိုရှိကြပါတယ်။ လောင်းလုံးမြို့နယ် သဗျာကျေးရွာမှာ နတ်သုံးပါး အရုပ်နဲ့ နတ်စင်ရှိပါတယ်။ နတ်ရုပ်တစ်ရုပ်ရဲ့ဘေးမှာ ကြက်ရုပ်ရှိပါတယ်။ ဗမာ၊ ထားဝယ်၊ ယိုးဒယားတွေမှာ တိုက်ကြက်နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွေ ရှိပါတယ်။
    ဒီအကြောင်းကို အခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာ နားဆင်ကြရမှာပါ။
    တနင်္သာရီတိုင်းရဲ့ ခမ်းနားလှတဲ့ သမိုင်းတွေနဲ့ ရိုးရာဓလေ့တွေအကြောင်းကို Dawei Watch က အပတ်စဉ် ပုံမှန်တင်ဆက်ပေးနေပါတယ်။#DaweiWatch
    Telegram - t.me/daweiwatch
    Website - www.daweiwatch....
    Facebook - / daweiwatch
    Instagram - / dawei_watch
    Dawei Watch သတင်းဌာနကို ၂၀၁၂ ခုနှစ် မေလတွင် ထားဝယ်မြို့ အခြေစိုက် စတင် တည်ထောင်ခဲ့သည်။ Dawei Watch သည် ကနဦးတွင် တစ်နိုင်ငံလုံးခြုံထုတ်ဝေသည့် နေ့စဉ် သတင်းစာများ၊ အပတ်စဉ်များကို အဓိကအားဖြင့် တနင်္သာရီတိုင်း နှင့် မွန်ပြည်နယ်အတွင်းမှ သတင်းများကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ ယင်းအပြင် ထူးခြားမှုအလိုက် ထိုင်းရောက်မြန်မာ ရွှေ့ပြောင်းလုပ်သားများ သတင်းကိုလည်း တင်ဆက်သည်။

ความคิดเห็น •