Meet Your Inner Child.. (Inner Child Healing Guided Meditation) 🪷

แชร์
ฝัง
  • เผยแพร่เมื่อ 10 ต.ค. 2024
  • Inner Child healedမဖြစ်သေးတဲ့သူတွေအတွက် ပြုလုပ်ပေးခြင်းပဲဖြစ်ပါတယ် … အားလုံးအဆင်ပြေကြပါစေ .. 🙏🏻🪷
    #innerchild #myanmar
    #healing #guidedmeditation
    #light

ความคิดเห็น •

  • @Miyinyinchan
    @Miyinyinchan 14 วันที่ผ่านมา

    Thank you 🙏🙏🙏

  • @ShallivesinthePRESENT
    @ShallivesinthePRESENT 10 หลายเดือนก่อน +2

    ဒီည
    Twinflame inner child healing ရော
    ကိုယ့်အတွက် သီးသန့် Inner child healing ရော ထိုင်ဖြစ်တယ်
    TF inner child healing မှာက နည်းနည်းစို့နင့်ပြီး မျက်ရည်ဝဲတယ်
    နောက်ဆုံးမှာ နှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာကိုခံစားရတယ်
    Inner Child healing သီးသန့်မှာကျ အရင်တစ်ခါထက်တော့ သက်သာလာတယ်
    (ဒါက ဒုတိယအကြိမ်ပေါ့နော် အရမ်းငိုရလို့ ပင်ပန်းလို့ဆိုပြီး မလုပ်ဖြစ်ဘူး အမြဲရှောင်နေခဲ့တာ)
    အရင်တစ်ခါက
    နေရာကို ပုံဖော်တုန်းရှိသေးတယ် အသည်းအသန်ငိုတာလေ
    အခုကျ နေရာပုံဖော်တာရော သူ့ပုံလေးကိုပုံဖော်တာရောထိ သေချာလုပ်နိုင်တယ် ဘာမှ သိပ်မဖြစ်ဘူး
    သူ့အနားသွားပြီးဖက်တော့မယ်ဆိုမှ သူက ဝမ်းနည်းအားငယ်တဲ့မျက်လုံးလေးနဲ့ကြည့်နေရှာတာ အဲ့ကနေစပြီး အသည်းအသန်ငိုတော့တာပဲ
    စကားတွေအများကြီးပြောဖြစ်တယ် နှစ်သိမ့်တယ်အပြန်ပြန်အလှန်လှန်ပဲ
    သူ့ဆီမကြာခဏလာမယ်လို့ ကတိပေးခဲ့တယ် နောက်ပြီး ပိုချစ်မယ်လို့ရောပဲ
    နောက်ဆို တွေ့တာနဲ့ ရယ်မောပျော်ရွှင်နေရတဲ့ပုံလေးကိုပဲ မြင်ရတဲ့အထိ ငါတို့နှစ်ယောက်လုံး တစ်သားတည်းဖြစ်ပြီး Healing ဖြစ်ပြီး ပျော်ရွှင်အေးချမ်းတဲ့အထိရောက်အောင် ငါကြိုးစားမယ်လို့ ကတိပေးခဲ့တာ
    အဲ့လိုတွေပြောပြီးတော့ ချက်ချင်းပဲ စို့နင့်ငိုကြွေးနေတာကနေ ရပ်ပြီးပေါ့သွားလိုက်တာ
    ငိုထားတာတောင် ခေါင်းကြီးလေးပြီး ကိုက်မနေတော့ဘူး
    ကျေးဇူးတင်ပါတယ် အကိုရေ ၁၅မိနစ် ကျော်ကျော်လေးပေမယ့် တန်ဖိုးသိပ်ရှိပါတယ် 😇

  • @Libra182
    @Libra182 11 หลายเดือนก่อน +1

    ငယ်တုန်းက အိမ်မှာဘယ်သူမှမရှိလို့ သူများအိမ်မှာနေ့လည်ခင်းသွားအိပ်ရတာတွေပေါ်လာတယ်ဆရာ အမေကထားခဲ့တာပေါ့ healing လုပ်ရင်းငိုလိုက်ရတာရှင်😢
    ခုအဲ့ဒီစိတ်ကြောင့်လားမသိ လူတွေကငါ့ကိုထားခဲ့မှာဆိုပြီးဖြစ်တာ ခုမှပဲနားလည်လာတော့တယ် ကျေးဇူးတင်ပါတယ်

  • @paradise_equal_to_m
    @paradise_equal_to_m 6 หลายเดือนก่อน +1

    first time healing inner child ပါဆရာ တစ်ကယ် မျက်ရည်ပါကျ ဒါပေမယ့် ပေါ့ပါးသွားတဲ့ခံစားချက်ရပါတယ် ကျေးဇူးပါဆရာ

  • @wineohnchit5205
    @wineohnchit5205 9 หลายเดือนก่อน

    ကျေးဇူးပါ ဆရာ ခုမှစလုပ်ပေမဲ့ အရမ်းအဆင်ပြေပါတယ် ❤

  • @shelbielinn3029
    @shelbielinn3029 7 หลายเดือนก่อน

    First time inner child healingပါ ငယ်ငယ်က အထီးကျန်သလို ခံစားခဲ့ရတာတွေ သတိရပြီး မျက်ရည်တွေတစ်စက်ပြီးတစ်စက်ကျလာတာ အခုတော့စိတ်ထဲပေါ့သွားသလိုပါပဲ ကျေးဇူးပါ ဆရာ

  • @twinflame227
    @twinflame227 10 หลายเดือนก่อน

    ကျေးဇူးတင်ပါတယ်ဆရာ💜

  • @MayMyatNoe-r9i
    @MayMyatNoe-r9i 2 หลายเดือนก่อน

    ကျေးဇူးတင်ပါတယ်❤

  • @rubysim2153
    @rubysim2153 ปีที่แล้ว

    First time doing inner child healingပါ emotionalတစ်အားဖြစ်လာပြီးမျက်ရည်တွေအလိုလိုကျလာတယ် မကြာမကြာလုပ်ပေးဖြစ်တော့မယ့်အတွက်လဲ ဆရာ့ကိုအများကြီးကျေးဇူးတင်နေပါပြီ

  • @nyeinnyein3221
    @nyeinnyein3221 10 หลายเดือนก่อน

    ကျေးဇူးတင်ပါတယ်ဆရာ
    အများကြီးငိုမိသွားပြီ😭😭😭😭

  • @kit5163
    @kit5163 ปีที่แล้ว +1

    ကျေးဇူးတင်ပါတယ် ငိုမိပေမယ့် ရင်ထဲပေါ့သွားတယ် အရမ်းကြောက်ခဲ့ရတဲ့ကိစ္စ အခုပြန်ဖြစ်ချိန်မှာ လံုးဝစိတ်လွတ်နေခဲ့တာ
    ဘာလိုအပ်နေလဲဆိုတာ အဖြေရှာမရဘူး တွေးလို့လဲမရဘူး
    အခု healing လုပ်တာ တစ်ခါနဲ့တင် အရမ်းသိသာပါတယ် ကိုယ့်ကိုယ်ကိုမြန်မြန်ပြန်ရှာတွေ့အောင် ကြိုးစားပါ့မယ်ရှင့်
    တကယ်ကျေးဇူးတင်ပါတယ်

  • @mayoonwe1300
    @mayoonwe1300 ปีที่แล้ว

    ကျေးဇူးအများကြီးတင်ပါတယ် ဆရာ အများကြီးငိုမိတယ်

  • @Jazz29Relax
    @Jazz29Relax ปีที่แล้ว +1

    လိုချင်တာမရလိုဂျစ်တိုက်ပြီး ဝမ်းနည်းပြီး အထီးကျန်နေတဲ့ ကလေးကို နှစ်သိမ့်ပေးရင်း မျက်ရည်ပါကျမိတယ် Inner Child Healing ပထမဦးဆုံးလုပ်ဖူးတာပါ တကယ်ကျေးဇူးတင်ပါတယ် ဆရာ

  • @htethtetoo2685
    @htethtetoo2685 ปีที่แล้ว

    ကျေးဇူးပါ တအားငိုလိုက်ရတယ် သူပြောလို့မပြီးသေးဘူး ဘာတွေကျန်သေးလဲမသိဘူး

  • @mariathu220
    @mariathu220 ปีที่แล้ว

    ကျေးဇူးအများကြီးတင်ပါတယ်

  • @HninMoe-z1x
    @HninMoe-z1x หลายเดือนก่อน

    အရမ်းငိုမိသွားတယ် ဆရာ သူနဲ့ အတူတူတွေ့ပီး တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပီး စကားပြောခဲ့ရတယ် ပီးတော့ ရင်ထဲ အေးချမ်းသွားတယ် ကျေးဇူးတင်ပါတယ် ဆရာ 🙏ဆရာလည်း ကျန်းမာ ချမ်းသာပီး အမြဲ တမ်းအေးချမ်းရပါစေ....😊

  • @SanDarAung-d8e
    @SanDarAung-d8e 4 หลายเดือนก่อน

    ကျေးဇူးပါ

  • @sawmyintkhaing6343
    @sawmyintkhaing6343 ปีที่แล้ว

    ကျေးဇူးတင်ပါတယ်ဆရာ

  • @phyothinzar186
    @phyothinzar186 ปีที่แล้ว

    Thank u sayar...

  • @jujue7926
    @jujue7926 ปีที่แล้ว

    ကျေးဇူးတင်ပါတယ်..ငယ်ငယ်က တယောက်ထဲအိမ်ပေါ်တင်ပီး အမြဲတံခါးပိတ်ခံထားရလို့ အမြဲအထီးကျန်ပီးဝမ်းနည်းအားငယ်နေတတ်တဲ့ ကလေးလေး..စိ​တ်ခံစားချက်တွေများပီး မဖွင့်ချတတ်တဲ့ကလေးလေးကို မင်းကအချစ်ခံဖို့မွေးဖွားလာတာလို့ နှစ်သိမ့်နိုင်ခဲ့တယ်..ချစ်ကြလွန်းလို့ အဖွားက မိဘတွေဆီကနေလုထားခေါ်ထားပီး အရိပ်တကြည့်ကြည့်နဲ့အထိအခိုက်အဖျားအနာမရှိအောင် စောင့်ရှောက်ခဲ့တာ..သူလဲသူချစ်တတ်သလိုချစ်ပေးတာပေါ့လေ..ဒါမဲ့ကလေးမှာကျ ဒါကို နားမလည်နိုင်ဖူးလေ အမြဲတယောက်ထဲ အောက်ဆင်းမဆော့ခိုင်း အမြဲတံခါးပိတ်ထားခံရတော့ ကျမကြီးလာတော့ အမြဲ သူများချစ်တာခံချင်တယ်..ကိုယ်ကချစ်ပေမဲ့ ကိုယ်ချစ်တာကိုမဖော်ပြတတ်ဖူး..စွဲလန်းလွယ်တယ်..မှီခိုချင်တယ်
    တယောက်ယောက်နဲ့ ဆက်သွယ်မှုတခုခုရှိနေမှ နေတတ်တယ်..အမြဲမသိစိတ်ထဲမှာ အထီးကျန်နေခဲ့တာပေါ့..ဒါတွေဟာ ကလေးဘဝကရခဲ့ဖူးတဲ့စိ​ဒေဏ်ရာတွေကြောင့်ဆိုတာ ခုမှသိပီး ဒီလို healing လုပ်ခွင့်ရလို့ ဆရာ့ကိုကျေးဇူးတင်ပါတယ်နော်

  • @zinmesoe1786
    @zinmesoe1786 ปีที่แล้ว

    Thank you so much

  • @nannnara3817
    @nannnara3817 ปีที่แล้ว

    ဆရာ့ရဲ့inner child guidance စောင့်နေတာပါ ကျေးဇူးတင်ပါတယ်ဆရာ
    ငယ်ငယ်ကအနိုင်ကျင့်ခံပြီး ပြန်မတိုင်ရဲပဲချောင်လေးမှာကပ်နေတဲ့ကိုယ့် inner child လေးနဲ့မျက်နှာချင်းဆိုင်ရင်း ဘာမှဆောင်မပြောနိုင်ကြပဲနာကျင်ခဲ့ရတဲ့မှတ်ဥာဏ်တွေပြန်မြင်ယောင်ရင်း ကိုယ်တိုင်ပါကလေးတစ်ယောက်လိုငိုမိပါတယ်
    တကယ်တော့ အမ ငိုလို့မရတော့တဲ့နှစ်တွေကြာနေခဲ့ပြီ ဘယ်အချိန်ကနောက်ဆုံးငိုခဲ့လဲဆိုတာတောင်မမှတ်မိတော့ပါဘူး ခုပထမဆုံးအကြိမ်မှာတောင် တော်တော်လေးပေါ့သွားပါတယ် ကျေးဇူးတင်ပါတယ်ဆရာရေတကယ့်စိတ်ရင်းနဲ့ကျေးဇူးတင်ပါတယ်🙏🙏

  • @Sweety-ft6wy
    @Sweety-ft6wy ปีที่แล้ว

    Thank youပါဆရာ ငယ်ငယ်က ပထမဆုံးစိတ်ဒဏ်ရာအရမိဆုံးအချိန်ကိုသွားတွေ့တယ် နောက်ပြီး physical appearance ကို shaming လုပ်ခံရတဲ့အချိန်ကိုသွားတွေ့တယ် စိတ်မကောင်းလိုက်တာတော်တော်ဝမ်းနည်းပြီးငိုမိတယ် ကိုယ့်inner childကိုဝမ်းနည်းမိသနားမိတဲ့စိတ်လေးဖြစ်ပြီးဖြေသိမ့်ပေးခဲ့ပါတယ် inner childလေးကလည်းကြောက်ပြီးဝမ်းနည်းပြီးပြန်ဖက်ထားတာကိုခံစားမိတယ် ပြီးသွားတော့ ရင်ထဲအေးကနဲဖြစ်သွားတဲ့feeling တခုလဲရလိုက်ပါတယ်

  • @zphmlm169
    @zphmlm169 ปีที่แล้ว

    အရမ်းနာကျင်ပြီးငိုရပါတယ်ဆရာ
    inner childကိုတော့ပုံဖော်လို့မရဘူး
    မျက်ရည်တွေကတရစပ်ကျနေတယ်

  • @hayswe2756
    @hayswe2756 10 หลายเดือนก่อน

    10 times လောက်ရှိဘီ .. တကြိမ်နဲ့တကြိမ်လဲမတူဘူး .. thzu ပါ ဆရာ ❤❤

  • @dotageladylady1340
    @dotageladylady1340 ปีที่แล้ว

    ကျေးဇူးပါ ဆရာ လုပ်ရင်းမျက်ရည်ကြတယ်

  • @nanlar4799
    @nanlar4799 วันที่ผ่านมา

    ၂၀၀၉ ခုနှစ် ၁၀တန်းဖြေပြီးခါစ အဖေဆုံးတုန်းက အကြောင်းပေါ်လာပြီး သူရောကိုယ်ရော ဖက်ငိုနေရတာပါရှင့် ။
    ငိုဘဲ ငိုနေကြလို့ စကားတောင်ပြော လို့မဆုံးသွားဘူး ဆရာ😢😢

  • @hayswe2756
    @hayswe2756 ปีที่แล้ว

    4 th time thz u❤

  • @Myat-g3z
    @Myat-g3z 4 หลายเดือนก่อน

    ခုလိုလေးလုပ်ပေးလို့ကျေးဇူးပါဆရာ❤

  • @zezawah1638
    @zezawah1638 ปีที่แล้ว

    ကျေးတင်တင်ပါတယ်ဆရာ

  • @MayMyatMon-hl4jv
    @MayMyatMon-hl4jv ปีที่แล้ว

    အရမ်းကို ငိုဖြစ်တယ် ဆရာ နောက်ထပ် inner child ထပ်လုပ်ဖြစ် အောင်လုပ်ပမယ် ဆရာ တကယ်ကျေးဇူးတင်ပါတယ်

  • @esmesu7031
    @esmesu7031 ปีที่แล้ว

    တစ်ခါမှာဒီလောက်မျက်ရည်မကျဘူးပါဘူး ပိုးပိုးပေါက်ပေါက်ကျတာမျိုးပါ
    ကျေးဇူးတင်ပါတယ်နော်

  • @hayswe2756
    @hayswe2756 ปีที่แล้ว

    9 ခါလောက်ရှိဘီ ဆရာ
    ဒီတစ်ခါတော့ Inner child ကချည်း ကိုယ့်ကို ပြန်နှစ်သိမ့်နေတာ ဒီတစ်ခါ
    အန်တီက strong ဖြစ်တယ် ဆက်ပြီးအားတင်းထား ဒီ journey ကြီး ပြီးတော့မှာလို့ ပြောတယ် .. သမီးက တော်တယ်လို့ ပြောလို့ အန်တီက ပိုတော်တာပေါ့တဲ့ အများကြီး independent ဖြစ်လာဘီတဲ့ … ပြီးတော့ လူတွေကို ကြင်နာပါ အဲ့ဒါ အန်တီ့ကို healing ပိုရစေမယ်လို့ ပြောပါတယ် ❤❤❤❤
    လက်ရှိကိုယ်က နာကျင်နေတာ ပြဿနာတွေနဲ့ inner child လေးက ပြန်နှစ်သိမ့်နေတာ ကိုယ့်ကို

  • @heinthu5178
    @heinthu5178 ปีที่แล้ว

    ကျေးဇူးတင်ပါတယ်။♏♏

  • @Kieussy
    @Kieussy ปีที่แล้ว

    i needed this syr. thank you so much

    • @Kieussy
      @Kieussy ปีที่แล้ว

      I cried so much. My child had alot of pain . I didn't know that

  • @manhaymanaye4183
    @manhaymanaye4183 ปีที่แล้ว

    ဆရာ ေကျးဇူးေတွများစွာတင်ရပါတယ် အချိန်ကိုက်ပါ နာနာကျင်းကျင်းခံစားေနရချိန်တိုင်မှာ ဆရာ ရဲ့ အားေဆးကို့ ရရှိရလို့ အခါခါ အသက်ဆက်နိုင်ခဲ့တယ်ဆိုတာ အပို့မပါ အမှန်ေတွပါဆိုတာ ဆရာ စိတ်မှခံစာသိရှိရနိုင်ပါေစ မေမ့ေသာ ဆရာ အေပါ် ေကျးဇူးတရားများစွာအာ မကြာခင်အချိန်မှစလို့ အများကြီးအေထာက်ပံေကာင်းပြုလို့ ေကျးဇူးဆယ်နိုင်ခြင်အားရရှိရပါေစလို့ဆုေတာင်းေနမှိတာအမှန်ပါ ဆရာ ကိုယ်ကျမ်းမာလို့စိတ်ချမ်းသာပါေစ🙏🙏🙏🙏🙏

  • @hayswe2756
    @hayswe2756 ปีที่แล้ว

    3rd time ပါ တကြိမ်နဲ့တကြိမ် Trauma တွေ မတူတာတွေကို တွေ့ရပါတယ်
    ဒီတခါလဲ ပေါ့သွားတာ thz u ဆရာ

  • @einkyinhmwe8477
    @einkyinhmwe8477 ปีที่แล้ว

    အထီးကျန်ပြီး ငိုနေတဲ့ကလေးလေးကိုခဏတာနှစ်သိမ့်ပေးနိုင်ခဲ့ပါတယ်။ ပြီးသွားတဲ့အချိန်ထိကိုအငိုမရပ်နိုင်ဖြစ်နေရပါတယ်။ သူဘယ်လောက်တောင်အထီးကျန်နေလိုက်မလည်း တွေးရင်းအရမ်းစိတ်မကောင်းဖြစ်ရတယ်။ ဆရာ့ကိုကျေးဇူးအများကြီးတင်ပါတယ်ဆရာ

  • @thoonthoon2520
    @thoonthoon2520 ปีที่แล้ว

    ဆရာ လုပ်နေတုန်းတော်တော်ငိုလိုက်ရပါတယ် နေလို့ထိုင်လို့လဲကောင်းသွားပါတယ်ရှင့် နောက်ထပ်လဲ လုပ်ကြည့်ပါဦးမယ်ရှင့် ကျေးဇူးတင်ပါတယ်ဆရာ
    ဆရာလဲ ကျန်းမာပြီး စိတ်ချမ်းသာ အေးချမ်းပါစေနော် အမြဲစေတနာပါလို့ စိတ်ထဲကပဲ မေတ္တာပို့ပေးဖြစ်ပါတယ်နော်

  • @ThandarSoe-y9y
    @ThandarSoe-y9y 3 หลายเดือนก่อน

    Inner child နဲ့ တွေ့နေတာ ၃ ကြိမ်ရှိပါပြီ။ တွေ့တိုင်း မျက်လုံး နှစ်ဖက်စလုံးက မျက်ရည်တွေ အများကြီး စီးကျတယ်ရှင်

  • @NyeinAyeThu-h9w
    @NyeinAyeThu-h9w 8 หลายเดือนก่อน

    Inner healing မှာပုံဖော်မရတာဘာလိုအပ်နေလို့လဲဆရာ

    • @PsychicTarot93
      @PsychicTarot93  8 หลายเดือนก่อน

      Energy ပိတ်ဆို့နေလို့ပါ .. chakraတချက်ထိုင်ကြည့်ပါ ..

  • @kyawgyi9519
    @kyawgyi9519 ปีที่แล้ว

    ခုပဲ လုပ်ဖြစ်ပါတယ်။ကျေးဇူးပါဆရာ

  • @yoonyoon3999
    @yoonyoon3999 หลายเดือนก่อน

    First time inner child healing ပါဆရာ မနေ့က ဆရာ့ဆီက tf connection ဆိုတာ သိခွင့်ရတဲ့သူပါဆရာ twin က tp ကိုပုံတင်လိုက်မှ ကိုယ့်ရဲ့ငယ်ဘဝ နှိုင်းယှဉ်ခံရမှုကို မြင်လာပြီး အခုမှစလုပ်ဖြစ်တာပါ တော်တော်ပေါ့ပါးသွားပါတယ် ကျေးဇူးအများကြီး အများကြီးတင်ပါတယ်ဆရာ gp လေးလည်းလာ join ပါဦးမယ်❤🎉

    • @yoonyoon3999
      @yoonyoon3999 หลายเดือนก่อน

      Day 2 ✅ မနေ့က healing ကြောင့် ဒီနေ့ နေရတာ တော်တော်ပေါ့ပါးသွားတယ် ပျော်ရွှင်မှုအစစ်အမှန်ကိုလည်း ခံစားရပါတယ် ဒီနေ့က အဆူခံရချိန်တွေကို မြင်ယောင်မိပါတယ်ဆရာ မနေ့ကလောက် နာကျင်မှုတွေ မရှိပေမယ့် ကုသနေဆဲပါ တော်တော်စိတ်အေးချမ်းလာပါတယ် thank u sir ❤🎉

    • @yoonyoon3999
      @yoonyoon3999 11 ชั่วโมงที่ผ่านมา

      Day 3 ✅

  • @khintoe9036
    @khintoe9036 ปีที่แล้ว

    Inner child လေးကကိုယ့်ကိုအားကိုးတကြီးဖက်နေတယ်လို့ခံစားရတယ်😍

  • @wint3157
    @wint3157 ปีที่แล้ว

    ဟုတ်ပါတယ် ဆက်တိုက်လုပ်ပါ့မယ်

  • @shweyimon6975
    @shweyimon6975 ปีที่แล้ว

    အရမ်းအဆင်ပြေပါတယ်အ‌ေထာက်ကူလဲဖြစ်ပါတယ်ဆရာရှင့်ကျေးဇူးတင်ပါတယ် truma အစစ်တွေကိုသေချာသိရပြီးမျက်ရည်လဲပေါက်ပေါက်ကျရပါတယ်ကလေးက ငယ်၂ထဲက မိဘတွေနဲ့တူတူနေချင်တာကို အတင်းခွဲခံရတာတွေပါပြန်ပေါ်လာတာပါတကယ်ကျေးဇူးတင်ပါတယ်😢😊😊

  • @jin8844
    @jin8844 ปีที่แล้ว +2

    တခါမှ inner child healingမလုပ်ဖူးပါဘူး ထူးခြားတာဆိုရင် ဆရာပြောတဲ့ ဘာလုပ်ဘာညာ guidance တွေသေချာ အတိအကျမပြောခင် အဲ့ဆရာပေ့ာတဲ့အတိုင်း ကိုယ်ကကိုယ့်intuition နဲ့ ကြိုပြီး visualizeလုပ်မိတာမျိုးတွေ ကြံုရပါတယ် တခုသိလိုက်ရတာကကိုယ့် ပထမဆံုးသော intuitionကိုယံုရမယ်ဆိုတာကိုပါပဲ တော်တော်ငိုလိုက်ရပါတယ် တကယ် ကျေးဇူးတင်ပါတယ်ဆရာ

  • @totheMoononCloudydays
    @totheMoononCloudydays ปีที่แล้ว

    Guidance Meditation အတွက် ကျေးဇူးတင်ပါတယ်ရှင့် ။

  • @CherryHlaingMyint-xl8xv
    @CherryHlaingMyint-xl8xv 6 หลายเดือนก่อน

    Tf ဆိုတာမသိခင် ဒီ vd လေးကိုနားထောင်ပြီး heal လုပ်ရင်းအရမ်းသဘောကျသွားတာခဏခဏပြန်နားထောင်ရင်းလုပ်ဖြစ်တယ်

  • @wint3157
    @wint3157 ปีที่แล้ว

    ဒီနေ့ကဝေဖန်ခံရတယ် စွပ်စွဲခံရတယ်
    ကိုယ့်ဘာသာ အပြစ်တင်ခဲ့တာတွေလေ
    ငိုတာရပ်မရပါဘူး ဆက်လုပ်ပါ့မယ်
    ကျေးဇူးတင်ပါတယ်

    • @wint3157
      @wint3157 ปีที่แล้ว

      ဒီနေ့လည်း ငိုဖြစ်တယ် စထိုင်ထဲက ကြောက်စိတ်ကို တွေ့ခဲ့ပါတယ်

  • @naychi
    @naychi ปีที่แล้ว

    ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဆရာ 🙏၇ နှစ်ရွယ်ကတည်းက မေမေ့ကိုဆုံးရှုံးရမှာကြောက်တဲ့စိတ်နဲ့ ညနက်သန်းခေါင်ချိန်တွေရောက်ရင်တစ်‌ယောက်တည်းအမြဲတမ်းဘယ်သူမှမသိအောင်ငိုလေရှိတယ်ရှင်ဆရာ မေမေသေရင် ငါလဲဒီလောကမှာမနေဘူး တနည်းနည်းနဲ့လိုက်သေမယ်လို့အမြဲတွေးပြီးငိုခဲ့တာပါရှင်ဆရာ 😭 inner child Healing လုပ်ပြီးမှ စိတ်ကဆုံးရှုံးရမှာကြောက်တဲ့စိတ်ကင်းသွားပြီရှင်ဆရာ ဘာဖြစ်လို့လဲဆိုတော့ ညီမဆုံးရှုံးရမှာကြောက်တဲ့မေမေကလောကကြီးမှာမရှိတော့ပေမဲ့လဲ့ ကိုယ်ကတော့အကောင်းဆုံးရှင်သန်နေနိုင်သေးတာဘဲ့ဆိုတော့ နောက်ထပ်ဘယ်သူ့ကိုဘဲ့ဖြစ်ဖြစ်ဆုံးရှုံးရလဲ ကိုယ့်ကတော့ကိုယ့်ဘဝနဲ့ကိုယ်အကောင်းဆုံးရှင်သန်နေရမယ်ဆိုတာနားလည်လက်ခံမိတယ်ရှင်ဆရာ

  • @thawthawhtun4832
    @thawthawhtun4832 ปีที่แล้ว

    ရင်ထဲဆို့နင့်ပြီးငိုခဲ့ရပါတယ်

  • @cherrypiloworld
    @cherrypiloworld ปีที่แล้ว

    ငယ်"ကဖေကြီးတို့မေကြီးတို့ရန်ပွဲကြားမှာနေနေခဲ့ရတာ အဲ့တုန်းကအရမ်းကြောက်ပြီးကြိတ်ငိုခဲ့ရတာ တကယ်ကိုပစ်ထားမိခဲ့တယ် inner child ကို ကိုယ့်ကိုယ့် ကိုနာကျင်မူတွေမရှိဘူးထင်ခဲ့တာ အားရပါးရငိုခဲ့ပြီးနှစ်သိမ့်ခဲ့ရပါတယ်ကျေးဇူးတင်ပါတယ်ဆရာ နေ့တိုင်းလုပ်ပြီး ပျောက်အောင်လုပ်တော့မယ် တကယ်ဒီ video စကြည့်တော့လုပ်ဖို့ကြောက်နေခဲ့တာ ငါရင်ဆိုင်နိုင်ပါ့မလားဆိုပြီး ဒါမဲ့ ကိုယ့်ကိုယ့် စိတ်ထဲကနေပြောမိတယ်အမြဲတမ်းရှောင်ပြေးနေလို့မရဘူးရင်ဆိုင်ရမယ်ဆိုပြီး အဲ့တာနဲ့လုပ်ဖြစ်သွားတာ တကယ်ကိုအထောက်အကူရသွားပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဆရာ🍀

  • @nangcutieee333
    @nangcutieee333 3 หลายเดือนก่อน

    Brother can i ask you something? Could you tell about your experience when you meet your twin flames please?🙏🥺❤️

    • @PsychicTarot93
      @PsychicTarot93  3 หลายเดือนก่อน

      Ohh i already shared 🍀
      th-cam.com/video/UZ-xuZPy7zg/w-d-xo.html

    • @nangcutieee333
      @nangcutieee333 3 หลายเดือนก่อน

      @@PsychicTarot93 can you speak English?🥺

  • @daviesdavies1090
    @daviesdavies1090 ปีที่แล้ว

    ကိုယ့်ကို ရဲရင့်တယ် ထင်တာ ဒါမဲ့ မျက်ရည်ကျမိတယ်

  • @OhmMar-nt5gh
    @OhmMar-nt5gh 10 หลายเดือนก่อน

    ဒီနေ့ ဒီ vdလေးတွေ့လို့ Healing လုပ်ဖြစ်တယ် ဆရာ တဝက်ပဲ လုပ်ဖြစ်တယ် ခေါင်းတွေ တအားမူးလားလို့ ရပ်လိုက် ရတယ် တောက်လျှောက် ကိုမူးနေတော့တယ်ဆရာ ဘာဖြစ်တာလဲ မသိဘူး

  • @LadyKay-n3q
    @LadyKay-n3q 10 หลายเดือนก่อน

    ငယ်ငယ်က စိတ်ထိခိုက်စရာ အမေ့ရဲ့အပြုအမူလေးပေါ်လာပြီး မျက်ရည်ကျမိတယ် ထူးဆန်းတယ်

    • @LadyKay-n3q
      @LadyKay-n3q 10 หลายเดือนก่อน

      ဒုတိ‌ယမြောက်နေ့ပါ ရင်ဘတ်ထဲနာသလ်ုလ်ု လေးသလိုလိုကြီး ကျန်နေခဲ့တယ်

  • @arianachel6328
    @arianachel6328 9 หลายเดือนก่อน

    ပထမဆုံးလုပ်ဖြစ်တာပါ ငိုလိုက်ရပါတယ် 😢 ပိးတော့ ခေါင်းအရမ်းမူးတာပဲ ချာချာလည်နေတာ 😑 ဘာဖြစ်တာလဲ မသိဘူး

    • @PsychicTarot93
      @PsychicTarot93  8 หลายเดือนก่อน

      energy balance phit ma loat pr nor

  • @happylife3541
    @happylife3541 ปีที่แล้ว

    ဘာမှမခံစားရဘူးဆရာ

    • @PsychicTarot93
      @PsychicTarot93  ปีที่แล้ว +1

      အာရုံမများတဲ့ အချိန်လေးလုပ်ကြည့်နော်…

  • @SuThet-p3y
    @SuThet-p3y 11 หลายเดือนก่อน

    ငယ်ဘဝထိမရောက်ပဲ အသက်နှစ်ဆယ်အရွယ်ဖေဖေဆုံးတုန်းကအချိန်ကို ပြန်ရောက်သွားတယ်
    ငိုလ်ုက်ရတာ

  • @harrylay5572
    @harrylay5572 ปีที่แล้ว

    ကျွန်တော်က LGBT ဆိုတော့ငယ်ငယ်ထဲကမိသားစုမှာရော ပတ်ဝန်းကျင်မှာပါ အပြောအဆိုခံ ဖြစ်ခဲ့တယ် မိသားစုထဲမှာပါ မိဘတွေက သားသမီးချင်းတူရင်တောင်နှိမ်ခဲ့တယ် ဘယ်သူ့မှကျွန်တော့်ဘဝမှာမရှိဘူးဆိုတဲ့အသိစိတိတွေနဲ့ ကျွန်တော့်ကိုကျွန်တော်ကာကွယ်ခဲ့တယ် ဘယ်သူကမှကျွန်တော့်ကိုမကောင်းပြောတာမကြိုကိသလို ကျွန်တော်အမြတ်နိုးဆုံးအရာကိုထိရင်လဲ မိသားစုတောင်ကျွန်တော်လက်ပါတယ် ကျွန်တော်တကယ်ဘဲစိတ်ရောဂါရနေတာလားတကယ်ဘဲမကောင်းတဲ့လူဖြစ်နေတာလားတွေးမိတယ် ဒါမယ့် ကျွန်တော်ကပုံမှန်ဆိုအကောင်းဘဲ ကျွန်တောိအထိမခံတဲ့အရာကိုစကားနဲ့တောင်အပြောခံလိုက်ရရင် တကယ်လုံးဝဘာမှမမြင်တော့တာ နတ်ဆိုးတစ်ကောင်ဝငိလာသလိုဘဲ ကိုယ်ထဲကိုအသိစိတ်ကရှိပေမယ့်ထိန်းချုပ်လို့မရခဲ့ဘူး အတတ််နိုင်ဆုံးhealing လုပ်နေပါတယ် ဒါမယ့်ဘယ်လိုကုရမလဲမသိ လမ်းပျောက်နေတယ်😢

    • @PsychicTarot93
      @PsychicTarot93  ปีที่แล้ว +1

      Innee child healingသေချာလုပ်ပြီး ကိုယ့်ကိုယ်ကိုယ်ချစ်ပြီးလက်ခံလိုက်ရင် အဆင်ပြေသွားလိမ့်မယ်နော် …

    • @harrylay5572
      @harrylay5572 ปีที่แล้ว

      @@PsychicTarot93 ကျေးဇူးပါ ဆရာ

  • @baybayy5476
    @baybayy5476 5 หลายเดือนก่อน

    လုပ်လိုက်တိုင်းကြောက်စိတ်နဲ့ကြောက်နေပါတယ် ဘယ်လိုလုပ်ရမလဲရှင့် ပုံဖော်နေတုန်းပဲရှိသေးတယ် ဆက်မလုပ်နိုင်ဘူးရှင့်တော်တော်ကြောက်လာတယ်

    • @PsychicTarot93
      @PsychicTarot93  5 หลายเดือนก่อน

      may be big trauma .. keep doing pr nor ..