အမှောင်ထဲမှာ ရေးဖြစ်တဲ့ကဗျာ - လှသန်း

แชร์
ฝัง
  • เผยแพร่เมื่อ 8 ก.ย. 2024
  • • အမှောင်ထဲမှာ ရေးဖြစ်တဲ့ကဗျာ •
    ရေနွေးငွေ့တွေနဲ့
    စရွေ့ခဲ့တဲ့ ကမ္ဘာကြီး
    နျူကလီးယားခေတ်မှာ
    ဘာတွေဆက်ဖြစ်မလဲ
    ဒီဘဝ ဒီအချိန် ဒီအခြေအနေမှာ
    မသေသေးတာ တစ်ခုပဲ အမြတ်
    ကျေနပ်လို့လည်းမဟုတ်
    နေတတ်လို့လည်းမဟုတ်
    နည်းနည်းပါးပါး ဖြေတတ်လို့ပါ
    ဆိုပါစို့တဲ့
    ဘာကို ဆိုရမှာလဲ
    သီချင်းဆိုရမှာလား
    အရေးဆိုရမှာလား
    တစ်နေ့ပြီး တစ်နေ့
    ခြင်္သေ့ဖမ်းဖို့ပဲ တွေးနေကြ
    ဘဝနဲ့ အနုပညာကို လဲရတဲ့အခါ
    ငွေကြေးနဲ့ အနုပညာကို လဲရတဲ့အခါ
    အနုပညာက တိမ်ကောနေပြီး
    လူလိမ်တွေ ထွန်းကားလာတဲ့အခါ
    ကမ္ဘာကြီးက နွားခြံလည်းမဟုတ်
    ငါးကန်လည်းမဟုတ်
    မြားမှန်ထားတဲ့ ပန်းသီးတစ်လုံးသာ.....။ ။
    #လှသန်း
    💝 Follow me on Facebook:
    Thet Kyaw:
    / thetkyaw6
    Content By TK:
    www.facebook.c...

ความคิดเห็น • 2

  • @dawpaukpauk4304
    @dawpaukpauk4304 ปีที่แล้ว

    ကျေးဇူးပါ အားပေးနေပါတယ် 😊👍
    မိနစ်တိုတိုလေးတွေဆိုရင် လူတော်တော်များများ ကြည့်ဖြစ်ကြမှာပါ
    ဘေးကင်းကျန်းမာ အဆင်ပြေပါစေ

    • @podcastsbytk
      @podcastsbytk  ปีที่แล้ว

      အကြံလေးပေးတာ ကျေးဇူးတင်ပါတယ်ဗျ 💝
      ရွှင်လန်းချမ်းမြေ့ပါစေ 🍀