ကောလိပ်ဂျင်နေဝင်းက ဘောလုံးကစားရင် လူမချဘူး၊ မရမ်းကားဘူး၊ သန့်သန့်ပဲ ကစားတယ် - ဦးစိုးမြင့်

แชร์
ฝัง
  • เผยแพร่เมื่อ 26 ธ.ค. 2024
  • “ဆရာငြိမ်းက ကောလိပ်ဂျင်နေဝင်းနဲ့ နောက် ၂ ယောက်ကို စိုးမြင့်ကို ကျော်ပြီး ဂိုးသွင်းနိုင်ရင် ၅ ကျပ်ပေးမယ်ဆိုပြီး ခိုင်းခဲ့တယ်၊ ကောလိပ်ဂျင်နေဝင်းက လူမချဘူး၊ သန့်သန့်ပဲ ကစားတယ်” - ဦးစိုးမြင့်(မြန်မာ့ဘောလုံး ရွှေခေတ် ဂန္ထဝင် ခံစစ်မှူး)
    --------------------
    “ဆရာငြိမ်းက ကောလိပ်ဂျင်နေဝင်းနဲ့ နောက်ထပ်နှစ်ယောက်ကို မင်းတို့ ၃ ယောက် စိုးမြင့်ကိုကျော်ပြီး ဂိုးသွင်းနိုင်ရင် ၅ ကျပ်ပေးမယ်ဆိုပြီး ခိုင်းခဲ့တယ်။ ကျွန်တော့်ကို Three-One သင်တာ။ အဲ့ဒီအချိန်မှာ ကိုနေဝင်း(ကောလိပ်ဂျင် နေဝင်း)က ရုပ်ရှင် စရိုက်နေပြီ။ ဘောလုံးလည်း ကစားနေသေးတယ်။ နည်းနည်းတော့ ဝနေပြီ။ ကျွန်တော်တို့နဲ့ မီသေးတယ်။ ကျွန်တော် Centre Back(ဗဟိုခံစစ်မှူး)ကစားတဲ့အချိန်ကို သူ မီသေးတယ်။ သူက ဘယ်သန်။ ပရိသတ်ကလည်း သူ့ကို အားပေးတုန်းပဲ။ နေဝင်း နေဝင်း ဆိုပြီးတော့ အားပေးတုန်းပဲ။ သူက ဘောလုံးကစားရင် လူမချဘူး၊ မရမ်းကားဘူး။ သန့်သန့်ပဲ ကစားတယ်၊ ရီရီပြုံးပြုံးပဲ ကစားတယ်။ ဒါကြောင့် သူ့ကို ပရိသတ် ချစ်တယ်။ ဘောလုံးလွတ်သွားလို့ လူလိုက်ချမယ်ဆိုတာမျိုး မရှိဘူး။ စိတ်ကောင်း ရှိတယ်။ စိတ်ကောင်းရှိတဲ့ Player(ကစားသမား)ပေါ့။ ဒါကြောင့် လူတွေ ချစ်ကြတာပေါ့” - ဦးစိုးမြင့်(မြန်မာ့ဘောလုံး ရွှေခေတ် ဂန္ထဝင် ခံစစ်မှူး)
    #MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #ကောလိပ်ဂျင်နေဝင်း #ဦးစိုးမြင့် #USoeMyint #Defender #ခံစစ်မှူး #ဘောလုံး #ဘောလုံးရွှေခေတ် #Football #MyanmarFootball #Yangon #Myanmar

ความคิดเห็น • 5

  • @MyintMgMg-k9h
    @MyintMgMg-k9h หลายเดือนก่อน

    😅အဘ တက်သလေက် ပညာတွေကပြောပြလည် အခုမေးနေတယ်လူကနားလည်ပါ့မလား😅

  • @Superchouprolay
    @Superchouprolay 2 หลายเดือนก่อน

    ဟင်သတသားနေ၀င်း- လှဌေး-စိိုသန်းတို့မြန်မာ့လက်ရွေးစဥ်တွေပါလေးစားဂုဏ်ယူပါသည်

  • @Superchouprolay
    @Superchouprolay 2 หลายเดือนก่อน

    ဗိုလ်မှူးဗဟာဒူးအရာခံဗိုလ်တင်အေးတို့အလယ်တန်းနှစ်ယောက်အတွဲကအညီဆုံးအကောင်းဆုံးအတွဲပါဗျာဆရာတို့မရှိတော့ပြီလွမ်းမိပါသည်

  • @HtinKyaw-sx8pp
    @HtinKyaw-sx8pp 2 หลายเดือนก่อน

    အားကစားသမားတွေရဲ့အကြောင်းတချိန်တုံးကမြန်မာ.ဘောလုံးလောကမှာ..ဘယ်လိုလဲဆိုတာ

  • @AungHein-tq6wi
    @AungHein-tq6wi ปีที่แล้ว

    ကျန်သေးတဲ့ရွှေခေတ်က.ကစားသမားကြီးတွေရဲ့အကြောင်းကိုလည်း သိချင်တယ်ဗျာ