သာယာလွန်းတဲ့ လေသာတောင်စေတီ နဲ့ ထင်းရူးတောလမ်း

แชร์
ฝัง
  • เผยแพร่เมื่อ 28 ก.ย. 2024
  • Around He Hoe - 7
    ရှမ်းပြည်တောင်ပိုင်း ဟဲဟိုးမြို့ မှာ ရှိတဲ့ လေသာတောင်စေတီတော် ။
    လှေကားထစ်စောင်းတန်းလေးတွေကပဲတက်တက် ၊ ထင်းရူးရနံ့နဲ့ တောတောင်သဘာဝတွေကို ခံစားရင်းတောင်ကုန်းလေးအတိုင်း ထင်းရူးပင်တွေကြားကပဲ လျှောက်တက်တက် ၊ အပင်ပန်းမခံနိုင်လို့ ကား / ဆိုင်ကယ် နဲ့ပဲတက်တက် တောင်ကုန်းလေးထိပ်မှာ အေးမြတဲ့လေကိုရှုရင်း စိမ်းလန်းတဲ့ ပတ်ဝန်းကျင်နဲ့ တည်ရှိနေတဲ့စေတီတော် ။
    နောက်ပိုင်းတည်တဲ့ ဘုရား စေတီတွေအနက် ဗိသုကာဟန်ပန်အရဖြစ်စေ ၊ ရိုးရာပုံစံအရဖြစ်စေ စိတ်ကူးအသစ်လေးတွေ နဲ့ ဖြည့်စွက်တည်ထားတဲ့ နှစ်လို ကြည်ညိုဖွယ်စေတီတော် ။
    မြေလှိုဏ်ခေါင်း ထဲက မယ်တော်ဂူ ။
    ကုန်းတော်ပေါ်က မြင်ရတဲ့ ဟဲဟိုးမြို့မြင်ကွင်း နဲ့ လှေကားစောင်းတန်းပေါ်က မြင်ရတဲ့ ဟဲဟိုးအလှ သဘာဝအရသာ ။
    #လေသာတောင်စေတီတော် #ဟဲဟိုး #ထင်းရူးတော
    #အတောင်၁၂၀စေတီတော် #ရှမ်းတောင်ပိုင်း #မယ်တော်ဂူ
    #Pagodas_in_Southern_Shan_State #Travel_Vlog
    #Shan_State_Trip #Southern_Shan-Views

ความคิดเห็น • 20

  • @ThanTNge
    @ThanTNge ปีที่แล้ว +1

    ကမ္ဘာတခြမ်းကနေလူသူအရောက်အပေါက်နည်းတဲ့ဘုရားတွေ နေရာဒေသတွေကို ဖူးခွင့်/မြင့်ခွင်ရလို့
    ကျေးဇူးအထူးတင်ပါသည်

    • @rollingrecords-myanmar
      @rollingrecords-myanmar  ปีที่แล้ว

      ဟုတ်ကဲ့ပါဗျ ။
      ကြိုးစားမှုကို ခုလို အသိအမှတ်ပြုပေးလို့ ကျေးဇူးပါဗျ ။ ကျွန်တော်တို့မြင်တွေ့ရသမျှ နှစ်လိုဖွယ် ကြည်နူးဖွယ် တွေကို မျှဝေဖြစ်တာပါဗျ ။

  • @myintmyintthan9092
    @myintmyintthan9092 ปีที่แล้ว +1

    အေးချမ်းဆိတ်ငြိမ်တယ် သာယာတယ်
    ဘုရားကကြည်ညိုစရာကောင်းပါတယ်
    ကျေးဇူးပါရှင့်

    • @rollingrecords-myanmar
      @rollingrecords-myanmar  ปีที่แล้ว

      ဟုတ်ကဲ့ပါဗျ ။ ဒီဘက်ခောတ်တည်တဲ့ဘုရားတွေထဲမှာ နည်းပညာအရရော ဗိသုကာအရရော ချီးကျုးစရာပါ ။ ပတ်ဝန်းကျင်ကလည်း တကယ့်ကို မျှတသာယာပါတယ် ။

  • @sayathein8611
    @sayathein8611 ปีที่แล้ว

    thank.

    • @rollingrecords-myanmar
      @rollingrecords-myanmar  ปีที่แล้ว +1

      ဟုတ်ကဲ့ပါဗျ ။ လပြည့် နေ့မို့ ဒါလေးရွေးတင်ဖြစ်တာပါဗျ ။

  • @Nga-Phyo
    @Nga-Phyo ปีที่แล้ว

    ကျောင်းတက်တုန်းက စေတီတည်ဖို့လုပ်အားပေးခဲ့ရတာ အရမ်းလွမ်းတယ် ဟဲဟိုးမြို့ရယ်

    • @rollingrecords-myanmar
      @rollingrecords-myanmar  ปีที่แล้ว

      ဒီစေတီရဲ့ ဗိသုကာ ၊ နည်းပညာ ၊ ခန့်ထည်မှု ၊ သန့်ရှင်းမှု အားလုံးချီးကျုးစရာပါ ။ ဟဲဟိုးသားတွေရဲ့ ဂုဏ်ယူစရာ ညီညွတ်မှု ပြယုဂ်ပါ ။ ဟဲဟိုးမြို့အကြောင်း အသေးစိပ်တင်ဆက်ဖို့ ရှိတာမို့ အလွမ်းပြေ ကြည့်ရှုနိုင်မှာပါဗျ ။

  • @yeye-t8w
    @yeye-t8w ปีที่แล้ว +1

    အေးချမ်းသာယာလိုက်တာ

    • @rollingrecords-myanmar
      @rollingrecords-myanmar  ปีที่แล้ว

      တကယ်အေးချမ်းတာပါ ။ တောင် တက်လမ်းမှာလည်း ထင်းရူးနံ့သင်းတဲ့လေလည်းရှုရင်း အေးအေးချမ်းချမ်းတက်လို့ရသလို တောင်‌ပေါ် ရောက်တော့လည်း လေအေးအေးလေး အရသာကို ခံရင်း တောတောင်ရှုခင်းတွေကြည့် ၊ ဘုရားကဆည်းလည်းသံလေးနားထောင် ၊ တစ်ချက်တစ်ချက် ငှက်သံလေးလည်း ကြားရ ဆိုတော့ တကယ်ကိုအေးချမ်းပါတယ်ဗျ ။

  • @kothura-u2l
    @kothura-u2l ปีที่แล้ว

    လွမ်းလိုက်တာဟဲဟိုးရယ်...တချိန်ကအမှတ်တရတွေများစွာနဲ့ see u ဟဲဟိုး

    • @rollingrecords-myanmar
      @rollingrecords-myanmar  ปีที่แล้ว

      ဟဲဟိုး နဲ့ပတ်သက်လို့ တင်စရာတွေ ရှိ‌နေ သေးပါတယ်ဗျ ။ ဝေဒနာတွေ ကို ထပ်တူးဆွတာမျိုး မဟုတ်တာကိုတော့ ကြိုတင်တောင်းပန်အပ်ပါတယ်ဗျ ။

  • @soehtutwin8296
    @soehtutwin8296 ปีที่แล้ว

    ခင်ဗျားChannel ကိုသိတာနောက်ကျတယ် အားပေးနေတယ် Bro👏👏👏


      ဟုတ်ကဲ့ပါဗျ ။
      အားပေးလို့ကျေးဇူးပါ ။
      လိုအပ်တာတွေ့ရင် အကြံပြုပါဗျ ။

  • @kalarsoe9528
    @kalarsoe9528 ปีที่แล้ว

    ဟဲဟိုးမြို့ကနေဘယ်ဖက်ကိုသွားရတာလည်းမသိဘူးနော်ညောင်ရွှေကနေသွားခြင်လို့ပါရှင့်

    • @rollingrecords-myanmar
      @rollingrecords-myanmar  ปีที่แล้ว +1

      ညောင်ရွှေကနေ ရွှေညောင် ၊ အဲ့ကနေ ဟဲဟိုးလာရင် ဟဲဟိုးမြို့ဝင်ဆိုင်းဘုတ်နည်းနည်းကျော်လိုက်တာနဲ့ ညာဘက်တောင်ကုန်းပေါ်မှာ လှမ်းမြင်ရမှာပါ ။ အဲ့ဒီလမ်းမကြီးအတိုင်း တည့်တည်မောင်းလာရင် ဟဲဟိုးမီးပွိုင့်ရောက်မှာပါ ။ ညာဘက်မှာ ဘော်ဆိုင်းသို့ ဆိုတဲ့ မြေစိုက် အုတ်တိုင်လမ်းညွှန်လေး ရှိတဲ့ဘက်ချိုးလိုက်ပါ ။ ၂ မိနစ်လောက်မောင်းလိုက်တာနဲ့ လေသာတောင်ကျောင်းတိုက်ဆိုတဲ့ ခု Video File အစက မုခ်ဦးကိုရောက်တာနဲ့ချိုးဝင်လိုက်ပါ ။ အဲဒီမှာ လေသာတောင်စေတီသို့ဆိုတဲ့ တောင်ကုန်းအတက်လမ်းလေးကို ရောက်ပါပြီဗျ ။

    • @kalarsoe9528
      @kalarsoe9528 ปีที่แล้ว

      @@rollingrecords-myanmar ဟုတ်ကျေးဇူးပါရှင့်

    • @thida7211
      @thida7211 ปีที่แล้ว

      ဟုတ်ပါတယ်အဲ့ဘုရားကကြည်ညိုစရာကောင်းပါတယ်ဘုရားတည်တာ၁၀နှစ်ကျော်ကြာပါတယ်ကျမတို့လဲဖြတ်သွားဖြတ်လာအမြဲတွေ့နေကြပါ
      ဒါပေမယ့်ဒီနှစ်မှပဲတခေါက်ပဲရောက်ဖူးသေးပါတယ်ရှင့်ဘုရားကအံ့ဩစရာကောင်းအောင်သပ္ပါယ်ပါတယ်ရှင့်

  • @ZinMoh-ie8fn
    @ZinMoh-ie8fn ปีที่แล้ว

    အားပေးနေပါတယ်👏👏👏

    • @rollingrecords-myanmar
      @rollingrecords-myanmar  ปีที่แล้ว

      ဟုတ်ကဲ့ပါဗျ ။
      ကျေးဇူးတင်ပါတယ်ဗျ ။