#ထီးလိုမင်းလိုဘုရားကြီး

แชร์
ฝัง
  • เผยแพร่เมื่อ 24 ส.ค. 2024
  • ထီးလိုမင်းလိုဘုရားကြီးကို အေဒီ ၁၂၁၈ ခုနှစ်တွင် ဇေယျသိင်္ခ (ခ) နားတောင်းများမင်း (ခ) ထီးလိုမင်းလို ဟူသည့် သုံးမည်ရ မင်းကြီးက တည်ထားကိုးကွယ်ခဲ့ပါတယ်။ နရသီဟစည်သူမင်းကြီးတွင် သားတော်ငါးယောက်ရှိသည့်အနက် ဇေယျသိင်္ခမင်းသားမှာ အငယ်ဆုံးသားတော်ဖြစ်သည်။ သား ငါး ယောက်အနက်မှ သားတော်တစ်ဦးကိုသာ အိမ်ရှေ့အရာပေးရမည်ဖြစ်တာကြောင့် သားငါးယောက်ရဲ့အလယ်မှာ ထီးဖြူကိုစိုက်ပြီး ထီးဖြူ ဦးညွတ်ရာ မင်းသားကို အိမ်ရှေ့အရာပေးမည်ဟု သတ်မှတ်ရာ စိုက်ထားသည့်ထီးဖြူက ဇေယျသိင်္ခမင်းသားဘက်ကိုသာ ဦးညွတ်ခဲ့တာကြောင့် ဇေယျသိင်္ခမင်းသားက အိမ်ရှေ့မင်းအရာရရှိပြီး နောင်တစ်ချိန် မင်းဖြစ်လာတဲ့အခါ ယခု ထီးလိုမင်းလိုဘုရားကြီးကို တည် ထားကိုးကွယ်ခဲ့ကြောင်း လေ့လာသိရှိခဲ့ရပါတယ်ခင်ဗျာ။

ความคิดเห็น • 1

  • @JUANORQUIO
    @JUANORQUIO ปีที่แล้ว

    Lovely! Truly Awesome And Wonderful Bagan Adventure! 🤗❤️✨