မြဝတီက ကျားဖြန့်လုပ်ငန်းနဲ့ ကရင်လက်နက်ကိုင်များ (ရုပ်/သံ)

แชร์
ฝัง
  • เผยแพร่เมื่อ 21 ก.ย. 2024
  • တရုတ်နယ်စပ်က ငွေလိမ်ခြံဝင်းတွေပိတ်လိုက်ပြီးတဲ့နောက် တရုတ်ရာဇဝတ်ကွန်ရက်တွေဟာ ကရင်ပြည်နယ်၊ ထိုင်းနယ်စပ်မှာ သိသိသာသာကြီးထွားလာပါတယ်။ အဲဒီ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို ဒေသတွင်း သတင်းတွေက အရင်ကလည်း ဖော်ပြရေးသားကြဖူးသလို မကြာသေးမီက စစ်ကောင်စီတပ်နဲ့ ကရင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ စဖြစ်ပွားခဲ့တဲ့ မြဝတီမြို့အရေးကြောင့် တဖန်ပြန် အာရုံစိုက်ခံလာရပြန်ပါတယ်။
    ရွှေကုက္ကိုလ်အပါအဝင် ကရင်ပြည်နယ်က ငွေကြေးလိမ်လည်ဂိုဏ်းအများစုဟာ ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်တဲ့ BGF ထိန်းချုပ်ဒေသမှာ လှုပ်ရှားနေသလို သူနဲ့ သူ့လူတွေဟာ ကရင်ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ ဖယ်ဒရယ်ဒီမိုကရေစီရေးကို အလေးမထားဘဲ ရာဇဝတ်လုပ်ငန်းတွေက အကျိုးအမြတ်အများဆုံး ရရှိရေးကိုပဲ အာရုံစိုက်နေကြောင်း အမေရိကန် Think Tank တခုဖြစ်တဲ့ USIP ရဲ့ ဆောင်းပါးတပုဒ်မှာ ဖော်ပြထားပါတယ်။
    ရာဇဝတ်လုပ်ငန်းတွေအတွက် နေရာနဲ့ လုံခြုံရေးပေးရာမှာ ပါဝင်တဲ့ ဒါမှမဟုတ် အပြည့်အဝကြံရာပါဖြစ်တဲ့ ကရင်ဘက်က လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။ အဓိက လူပုဂ္ဂိုလ်အနေနဲ့ ကရင် ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF) ရဲ့ ခေါင်းဆောင်ပိုင်း ၃ ဦးဖြစ်တဲ့ ဗိုလ်မှူးကြီးစောချစ်သူ၊ ဒုဗိုလ်မှူးကြီးမုတ်သုန်နဲ့ ဗိုလ်မှူး စောတင်ဝင်းတို့ ဖြစ်တယ် လို့ USIP က ဆိုပါတယ်။
    "တရုတ်ကြောင့် ငွေလိမ်ဂိုဏ်းများ ထိုင်းနယ်စပ်သို့ ရွှေ့ပြောင်း" ဆိုတဲ့ အဲဒီဆောင်းပါးမှာ စောချစ်သူဟာ ရွှေကုက္ကိုလ် စီမံကိန်းက ဒေါ်လာ ၁၉၂ သန်းလောက် နှစ်စဉ်ရနေပြီး မြန်မာစစ်တပ်ကို ၅၀ ရာခိုင်နှုန်း ပေးရတယ်၊ အွန်လိုင်းငွေလိမ်လည်မှုဂိုဏ်းတွေက ရတဲ့ ငွေတွေနဲ့ ထောက်ပံ့ထားတဲ့ BGF စစ်သား အင်အားကလည်း ၈,၀၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။
    This article is supported by the Transition Promotion Programme, Ministry of Foreign Affairs of the Czech Republic.

ความคิดเห็น • 128