Bangkok International Motor Show 2024 ပွဲထဲမှာ ဘာကားတွေပြထားလဲ? | Part - 1

แชร์
ฝัง
  • เผยแพร่เมื่อ 22 พ.ค. 2024
  • ဒီ Video လေးကတော့ ထိုင်းနိုင်ငံမှာ (၄၅) ကြိမ်မြောက် ကျင်းပပြုလုပ်တဲ့ Bangkok International Motor Show 2024 ပွဲလေးထဲ ရိုက်ကူးထားတာလေးပဲ ​ဖြစ်ပါတယ်။ Concept ကားတော်တော်များများနဲ့ Sports ကားတွေအပါအဝင် ကားအသစ်တွေ စုံစုံလင်လင်ကို တစ်နေရာတည်းမှာ လေ့လာခွင့်ရတာမို့ ဒီပွဲလေးက သွားသင့်တဲ့ပွဲလေးတစ်ပွဲလို့ ကျွန်တော်ကတော့မြင်ပါတယ်။ ကိုယ်နဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံက တကယ့်လက်တွေ့မှာ ကျွန်တော်တို့နိုင်ငံထက် အများကြီးတိုးတက်ပြီး အခု Automotive နယ်ပယ်မှာဆိုရင်လည်း မြန်မာနိုင်ငံထက် အများကြီးရှေ့ရောက်နေတယ်ဆိုတာ အခု Video က သက်သေပဲ ဖြစ်ပါလိမ့်မယ်။ ကဲပါလေ အခု Part - 1 ဗီဒီယိုလေးကိုအရင်ကြည့်ပေးရင်း နောက်လာမယ့် Part - 2 နဲ့ အခြား ဗီဒီယိုလေးတွေကို စောင့်မျှော်ပေးကြပါအုံးဗျို့။ အရင် ဗီဒီယိုတွေထက်စာရင် ဒီ ဗီဒီယိုကို အကောင်းဆုံးဖြစ်အောင်ကြိုးစားရိုက်ကူးထားပေမယ့် ကျွန်တော့်မှာရှိတဲ့ ဖုန်းလေးနဲ့သာရိုက်ထားရတာမို့ Quality အရမ်းမကောင်းရင်တော့ တောင်းပန်ပါရစေ ခင်ဗျာ။ တဖြည်းဖြည်းတော့ ကျွန်တော်လည်းအကောင်းဆုံးဖြစ်အောင်ကြိုးစားသွားပါ့မယ်။ ဗီဒီယိုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ Like & Share လေး လုပ်ပေးသွားကြပါအုံး။ Comment မှာလည်း ကိုယ့်အကြိုက်ဆုံးကားကို React ပေးပြီး Vote လုပ်သွားလို့ရပါတယ် ခင်ဗျာ။ အားလုံးပဲ ဂွတ်နိုက်ပါဗျို့။
    0:00 Intro
    1:30 VinFast WILD
    2:11 BYD U9
    3:00 MERCEDES Vision One-Eleven Concept
    3:46 LOTUS Eletre R
    4:43 LEXUS LM
    5:40 NETA GT
    6:14 MERCEDES - MAYBACH S580
    7:50 KIA EV9
    8:31 GAC Aion Hyper SSR
    9:28 ISUZU D-MAX EV Concept
    10:19 Conclusion
    { 𝙍𝙚𝙨𝙩𝙧𝙞𝙘𝙩𝙚𝙙 𝙪𝙨𝙖𝙜𝙚 : 𝙄 𝙠𝙞𝙣𝙙𝙡𝙮 𝙧𝙚𝙦𝙪𝙚𝙨𝙩 𝙩𝙝𝙖𝙩 𝙮𝙤𝙪 𝙧𝙚𝙛𝙧𝙖𝙞𝙣 𝙛𝙧𝙤𝙢 𝙪𝙨𝙞𝙣𝙜 𝙩𝙝𝙞𝙨 𝙥𝙤𝙨𝙩 𝙞𝙣𝙙𝙚𝙥𝙚𝙣𝙙𝙚𝙣𝙩𝙡𝙮, 𝙗𝙪𝙩 𝙛𝙚𝙚𝙡 𝙛𝙧𝙚𝙚 𝙩𝙤 𝙨𝙝𝙖𝙧𝙚 𝙞𝙩 }
    #Thailand #BangkokInternationalMotorShow2024
    #Bangkok #ImpactChallenger
    #AutoShow #SouthEastAsia
    #auto #car #walktour
    #KarsBurma
    𝙁𝙪𝙚𝙡 𝙮𝙤𝙪𝙧 𝙥𝙖𝙨𝙨𝙞𝙤𝙣 𝙛𝙤𝙧 𝙖𝙪𝙩𝙤𝙢𝙤𝙗𝙞𝙡𝙚𝙨 𝙬𝙞𝙩𝙝
    ▀▄▀▄▀▄ 𝙆𝙖𝙧𝙨 - 𝘽𝙪𝙧𝙢𝙖 ▄▀▄▀▄▀

ความคิดเห็น • 21

  • @Yato-gh9ql
    @Yato-gh9ql หลายเดือนก่อน

    ကြမ်းတယ်ဗျာ 🔥

  • @kyawswar1879
    @kyawswar1879 หลายเดือนก่อน +1

    CONGRATULATIONS.
    Thank you so much.

    • @Kars-Burma
      @Kars-Burma  หลายเดือนก่อน

      ဟုတ်ကဲ့ပါ ခင်ဗျာ၊ နောင်လည်း Video လေးတွေ ကြည့်ပေးပါအုံးနော် 💞

  • @PaingHtet-gr7yj
    @PaingHtet-gr7yj หลายเดือนก่อน

    nice brooo

    • @Kars-Burma
      @Kars-Burma  หลายเดือนก่อน

      Thanks ✨

  • @user-hl4zy7sk7g
    @user-hl4zy7sk7g หลายเดือนก่อน +1

    thank you very much

    • @Kars-Burma
      @Kars-Burma  หลายเดือนก่อน

      ကျေးဇူးတင်ပါတယ်ခင်ဗျ 💞

  • @kaira8500
    @kaira8500 หลายเดือนก่อน

    ဟုတ်ကဲ့ အကြိုက်မတွေ့သေးပါဘူး😊

    • @Kars-Burma
      @Kars-Burma  หลายเดือนก่อน

      ဒါဆို ဘယ်လိုကားတွေကြိုက်တာလည်းဗျ?

    • @kaira8500
      @kaira8500 หลายเดือนก่อน

      @@Kars-Burma toyota pikup disele 4wd လိုမျိုး

  • @TharYarMinLwin-gj9it
    @TharYarMinLwin-gj9it หลายเดือนก่อน

    ဉီးဆုံးပြ ကားကြီးမိုက်လိုက်တာ

    • @Kars-Burma
      @Kars-Burma  หลายเดือนก่อน

      VinFast WILD ကို ပြောတာထင်တယ်၊ ဟုတ်ပါ့ ရှယ်ကြီး ✨

  • @noob_of_editor
    @noob_of_editor หลายเดือนก่อน

    Rolls Royce
    Supra

    • @Kars-Burma
      @Kars-Burma  หลายเดือนก่อน

      Maybach လေးရော?

  • @zoomuser5625
    @zoomuser5625 หลายเดือนก่อน

    Isuzu ကားကို ပိုပြီး သဘောကျသဗျာ…။ မြို့ပြ၊ ကျေးလက် နဲ့ လမ်းကြမ်းမှာပါ သုံးလို့ အဆင်ပြေမယ့် ကိုယ်ထည်ရှိတယ်။ အား တစ်ခါသွင်းပြီး သွားနိုင်တဲ့ ခရီး အကွာအဝေး (range) နည်းတာကိုတော့ အားမလို အားမရ ဖြစ်မိတယ်။

    • @Kars-Burma
      @Kars-Burma  หลายเดือนก่อน +1

      အမှန်ပါပဲ၊ အခုလိုလုပ်ငန်းသုံးကားတွေကတော့ Range များများမောင်းလို့ရမှအဆင်ပြေမှာဗျ၊ နို့မို့သာဆို အားသွင်းနေရတာနဲ့ကို အလုပ်ဖြစ်မှာမဟုတ်တော့ဘူးဗျ

  • @Jay-ym7fb
    @Jay-ym7fb หลายเดือนก่อน +1

    ဒီနိုင်ငံဂျီး အေးချမ်းသွားခဲ့ရင်၊ မီး 24 နာရီရခဲ့ရင်၊ ငါပိုက်ဆံတက်နိုင်ခဲ့ရင်၊ ခဲ့ရင် ခဲ့ရင်တွေနဲ့ ... ဆက်​ပေါတော့ပါဘူးလေ😊😊

    • @Kars-Burma
      @Kars-Burma  หลายเดือนก่อน +1

      ခုတော့ ကျွန်တော်တို့ အများကြီးနောက်ကျသွားပြီ 😢

    • @zoomuser5625
      @zoomuser5625 หลายเดือนก่อน

      @@Kars-Burma နောက်ကျတယ်လို့တော့ မထင်မိသေးဘူး။ ကြိုးစားလျင် ရနိုင်ပါသေးတယ်။ (ကြိုးစားရမယ်)

  • @user-of9bu9ky2k
    @user-of9bu9ky2k หลายเดือนก่อน

    မီဒီယာမှာစကားပြောရင် ဆင်ခြင်ပြီးပြော စောက်ရမ်းမိုက်တယ် မပြောရဘူးလေ

    • @Kars-Burma
      @Kars-Burma  หลายเดือนก่อน

      ကျွန်တော့်အဖွားလည်းအမြဲပြောတယ်အဲ့တာ၊ နောက်ဆို ဆင်ခြင်ပါ့မယ် ခင်ဗျာ 💞