ထိုင်းမြန်မာနယ်စပ်ကို လူကုန်ကူးခံရသူတွေ ပြောပြတဲ့ ကာစီနို ငရဲခန်းများ

แชร์
ฝัง
  • เผยแพร่เมื่อ 13 เม.ย. 2023
  • ထိုင်းမြန်မာနယ်စပ်ကို လူကုန်ကူးခံရသူတွေ ပြောပြတဲ့ ကာစီနို ငရဲခန်းများ
    ~~~
    ■ ရွှေတြိဂံဒေသက ကာစီနို လောင်းကစားရုံတွေမှာ လစာကောင်းကောင်းနဲ့ အလုပ်ရမယ်ဆိုပြီး ဖျားယောင်း၊ လူကုန်ကူးခံခဲ့ရတဲ့ လာအိုနိုင်ငံက ဆယ်ကျော်သက် လူငယ်လေးတွေဟာ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ် ကျောက်ခက်ရွာက ကိုစိုင်းကာစီနို လို့ခေါ်တဲ့နေရာမှာ ချုပ်နှောင်ထားပြီး အင်တာနက်ကနေ ငွေလိမ်ပေးရတဲ့အလုပ် လုပ်ဖို့ အတင်းအကျပ် ခိုင်းစေခံခဲ့ကြပါတယ်။
    ကိုဗစ်ကပ်ရောဂါကြောင့် အရှေ့တောင်အာရှဒေသက ရာဇ၀တ်ဂိုဏ်းတွေရဲ့ လောင်းကစားလုပ်ငန်းတွေကို ထိခိုက်လာချိန်မှာ အင်တာနက်ကနေ ငွေလိမ်တဲ့လုပ်ငန်းတွေကို ပြောင်းလဲလုပ်ကိုင်လာကြတာပါ။
    လူကုန်ကူးခံရတဲ့ လူငယ်တွေကို ဖမ်းဆီးချုပ်နှောင်ထားပြီး အင်တာနက်ကနေ ငွေလိမ်တဲ့အလုပ်ကို အတင်းအကြပ်လုပ်ခိုင်းပြီး ငွေရှာမပေးနိုင်ရင် ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်နေကြပါတယ်။ သက်ဆိုင်ရာမိသားစုက ဒီကလေးတွေ လွတ်မြောက်ဖို့ ရာဇဝတ်ဂိုဏ်းတွေ တောင်းသလောက်ငွေပေးပြီးမှ ပြန်ရွေးနေရပါတယ်။
    လက်ရှိမှာ လာအိုအပါအဝင် အာရှတိုက် တခြားဒေသတွေက လူငယ်အတော်များများ ကိုစိုင်းကာစီနိုမှာ ချုပ်နှောင်ခံထားရဆဲပဲလို့ ယူဆရပါတယ်။ ဒီကိစ္စတွေကို သက်ဆိုင်ရာအာဏာပိုင်တွေက အလိုတူအလိုပါ၊ ဒါမှမဟုတ် လျစ်လျူရှုထားတဲ့အတွက် လူကုန်ကူးမှုကို ပံ့ပိုးကူညီသလို ဖြစ်နေတယ်လို့ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက သုံးသပ်ပြောဆိုပါတယ်။
    ____________
    Subscribe ▶ bit.ly/2ajgBxf
    မိုဘိုင်းအက်ပ် ▶ smarturl.it/RFAburmeseapp
    ဝဘ်ဆိုက် ▶ www.rfa.org
    ဖေ့စ်ဘွတ်ခ် ▶ / rfaburmese
    တွစ်တာ ▶ / rfaburmese
    (လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။)

ความคิดเห็น • 20

  • @sardawv0076
    @sardawv0076 ปีที่แล้ว +8

    အာဏာရှင်ကိုအမြန်ဆုံးမဖြုတ်နိူင်သေးသ၍တော့ ကရင်ပြည်ကစောချစ်သူလိုကောင်မျိုးထပ်ပြီးပေါ်ပေါက်လာအူးမှာပဲလေ တစ်ယောက်သွားရင်နောက်တစ်ယောက်လာစမြဲပါ ဒါဟာအာဏာရှင်ကြီးများရဲ့လက်ကိုင်တုတ်ပဲလေ ကရင်တွေမပူးပေါင်းနိူင်သာလည်းငွေမက်ကြတဲ့စောချစ်သူလိုကောင်တွေပေါတဲ့တိုင်းပြည်မှာ လူကုန်ကူးအလုပ်ကိုအမြစ်ဖြတ်ချင်ရင် ငစောချစ်သူလိုကောင်တွေကိုအားလုံးမျိုးကန်းအောင်ဖြုတ်သုတ်နိူင်ရင်ဒီလိုသတင်းတွေလည်းအလိုလိူပျောက်သွားမှာပဲ

    • @kohtaykohtaykohtaykohtay
      @kohtaykohtaykohtaykohtay ปีที่แล้ว

      ဟုတ်တယ် ထောက်ခံပါတယ်
      အရေးတော်ပုံ မုချ အောင်ရမည်💯👍💪💖💗♥️✨🌟⭐🌘🌗🌖🌕🌷🌹♥️💐🏳️✍️👆👆👆👆👆👆👆🙏🙏🙏🙏🙏

  • @arkarphyo6187
    @arkarphyo6187 ปีที่แล้ว +4

    အမြန်ဆုံးလွတ်မြောက်ကြပါစေဗျာ🙏🙏🙏😢

  • @lulay5474
    @lulay5474 ปีที่แล้ว +2

    ဟုတ်ပါတယ်မသွားကြပါနဲ့

  • @bagyishein1238
    @bagyishein1238 ปีที่แล้ว +4

    အကျင့်+ပျက်+ခြစား+ဗိုင်းရက်စ်

  • @zintun1118
    @zintun1118 ปีที่แล้ว +2

    Interpol က ဝင်ရောက် အရေးယူနိုင်အောင် လုပ်ကြပါ။

  • @mgmgkoko5903
    @mgmgkoko5903 ปีที่แล้ว +1

    မြန်မှာစောက်ဆရာကြီးတွေကများတယ်ပီးရင်ဆီစွပ်ခံရမှအော်မယ်ငိုမယ်ကူပါကယ်ပါလုပ်မယ်ပီးရင်ဆရာကြီး​ပြန်လုပ်မယ်အဲတာကြောင့်ခွေးတွေမျိုးရုပ်တွေကထင်တိုင်းကြဲလိမ်ရင်းအိပ်ဖောင်းရင်မြန်မာပြည်လဲပြောင်​တောင်ပြုန်းကတုံးဖြစ်ရင်းတောင်ကနေဂလှိုင်ဖြစ်တူးရင်းတူရင်းဒီလိုခတ်စိုးစနစ်ကြီးမှာဘာအလုပ်ရှိမှာလဲသူများအလုပ်ခေါ်
    တိုင်းသွားစရားလားအရင်သေချာစုံးရတယ်မသေချာပဲအယုံလွယ်ရင်တော့ဆီစွပ်ခံရမှာပဲဆီစွပ်ဖို့အမြဲဆင်ကြံကြံနေတဲ့ခွေးမျိုးရုပ်တွေကထင်တိုင်းကြဲလုပ်နေတာမသိဘူးလားခွေးတရုပ်လောင်းကစားကာစီနိုတွေမချန်အွန်လိုင်းဂိန်းမချန်လူမှောင်ခိုပို့ရောင်းတာမချန်ဘိမ်းမချန်ပေါင်းစားလုပ်ထင်တိုင်းကိုကြဲနေတာနမလိုးတွေငါကသူများလိုတော့မသားနားဘူးဆဲဆဲပီးပဲပြောပီးလူသိအောင်တော့လုပ်ပေးတယ်

  • @utrgff2996
    @utrgff2996 ปีที่แล้ว

    သတင်း

  • @user-tc8vn6gu4w
    @user-tc8vn6gu4w 4 หลายเดือนก่อน

    😢😢😢

  • @htainlin3669
    @htainlin3669 ปีที่แล้ว +1

    အိမ်နီးချင်းနိုင်ငံအချင်းချင်း ဒီလိုမျိူးတွေမဖစ်အောင်ကျိူးစားမဖြေရှင်းဘဲ မသိသလိုနေမယ်ဆိုရင် ခုလိုဒုစရိုက်ခေါင်းဆောင်တွေကပိုဆိုးလာမပေါ့ အာဆီရံနိုင်ငံတွေဟာ တန်ဖိုးမယ့်တာပေါ့ စနစ်ဆိုးကိုမတိုက်ဖျက်ဘဲပူးပေါင်းနေကြပါလား

  • @FreeToday-uv1ex
    @FreeToday-uv1ex ปีที่แล้ว

    တွေကြပြီးလာဗိုလ်အဲစေဝါဘာဖြစ်လိုရွေကုကိုကိုယ့်တိိုက်ရတလည်knuသစာဖောက်ကောင်တေBgfသစွာဖောက်ကောင်တေစီပွာရေပဲအဲဒါကြောင်kTlaကော်သူလေးအာမင်ကတိုက်ရတာ

  • @southdistrict9791
    @southdistrict9791 ปีที่แล้ว

    ရောက်ဖူးပါတယ် ကျောက်ခက်ရွာ DKBA ထိန်းချုပ်ထားတာပါ ရွာက ထိုင်းဘက်ကရွာရဲ့နာမည်ကိုပြန်မည့်ထားတာပါ အဲ့မှာတရုတ်လောင်းကစားရုံးရှိတယ်ဗျ သွာကြည့်လို့တော့မရဘူး အဲ့ကာစီနိုရုံမှာတော့ ဒေသခံ ကရင်မိန်းခလေးတွေများပါတယ်

  • @larapoe1131
    @larapoe1131 ปีที่แล้ว

    ရုပ်မာလိုက်တဲ့ DKBA စစ်ခွေးလက်အောက်ခံပါ🫵😡

  • @ANAL6666
    @ANAL6666 ปีที่แล้ว

    dkba ပိုင်တာတဲ့နေရာ ကျတော်ကိုတိုငိ လုပ်ဖူးပါတယ် ဒါမဲ့ အဲ့လိုမဖစ်ဘူးဗျ 😅

  • @familychallenge2318
    @familychallenge2318 ปีที่แล้ว +1

    BGF+KNU+MAL

  • @aungmyatkyi-le9zs
    @aungmyatkyi-le9zs ปีที่แล้ว

    ကိုယ့်တိုင်းပြည်က ဆင်းရဲတာကိုး ---
    လူတိုင်းက "လူတန်းစေ့ချင်တယ်" သို့သော် လူတန်းမစေ့ဘူးဖြစ်နေတယ်။
    (မြေနိမ့်ရာ လှံစိုက်) ခေတ်ကို က --
    (ကျွန် ခေတ်ပြန်ရောက်နေသလိုပဲ) သေချာ လေ့လာကြည့်ကြည့်.လူကြီးမိန်းမ ခလေးပါမကျန် (မြေနိမ့်ရာလှံ စိုက်)

  • @winswe4458
    @winswe4458 ปีที่แล้ว

    DKBAရဲ့ဆရာက စကစ လေ

  • @mgmgkoko5903
    @mgmgkoko5903 ปีที่แล้ว +1

    ကရင်ပြည်နယ်မှာရှိတဲ့ခွေးတရုပ်ရဲ့အဓိကကြိုးကိုင်လောင်းကစားရုံကိုမချန်ပြာဖြစ်အောင်လုပ်နည်းထုပ်သုံးလိုက်တောမီးရှို့သလိုရှို့တက်ရင်ရှို့သလောက်လောင်တက်တဲ့တောမီး
    အဝေးကနေတောမီးရှို့သလို
    ဝိုင်းရှို့ပေးလိုက်စောက်လောင်းကစားတရားမင်တွေကာစီနိုရုံတွေကိုပေးတဲ့မီးဓာက်အားလှိုင်းမချန်စော်ပြစ်ဖြက်ချပြစ်ညညကြရင်ဒရုန်းတွေနဲ့အပေါ်ကနေဗှုံးကြဲချပြစ်ခွေးတရုပ်တွေလဲခွေးပြေးပြေးရအောင်လုပ်ပြစ်ခွေးလောက်ကောင်တွေရဲ့ငွေဝင်ပေါ်လဲပိပ်သွားရော

    • @erdifighter5962
      @erdifighter5962 ปีที่แล้ว

      အနားတောင်မရောက်ဘူး broရဲ့ခေ့င်းကနေခြေထောက်ထိ ဇကားလို့ အပေါက်ဖြစ်သွားမှာ ဟီ