ဆယ့်နှစ်လရာသီ မာမာအေး (မူရင်း မေမေ၀င်း) New Lyric & Music

แชร์
ฝัง
  • เผยแพร่เมื่อ 8 ก.ย. 2024
  • ဂီတာသောင်း ၏ ဆယ့်နှစ်လရာသီ
    မူရင်းတေးသံရှင် မေမေဝင်း
    ပြန်ဆိုတေးသံရှင် မာမာအေး
    • ဆယ့်နှစ်လရာသီ မာမာအေး ...
    အော် . . . တစ်နေ့ တစ်နေ့ တရွေ့ရွေ့အချိန်ကုန်ပြီ . . နှစ်လတာရှည် . . ဘယ်အချိန်ကျခါမှ မြနဲ့ လေ. . ချစ်သူမောင်နဲ့ပေါင်းရမယ်လို့ မျှော်မှန်းဆကာပါ့ . . . တမ်းတကာနေမည် . . ဆယ့်နှစ်လရာသီ . .
    တန်ခူးလသင်္ကြန်ခါမီ . . . ချစ်သူသက်လှယ် မောင်လာမယ်ပြော . . ပြော . . မျှော်ရသူ မြလေးမှာ တော့ စိတ်မအေးစရာ ကြုံပြန်လာသည် ကဆုန်လဝယ် ညောင်ရေပွဲမှာလည်း မောင်နဲ့လွဲရပြီ . . နယုန်လကုန် ဝါဆိုတွင်း ပုန်းညက်ညိုမာလာခင်းက သင်းလှတဲ့ ထိုအချိန်အခါမှာ မောင်မလာ . . ရှောင်ကာ ပြေး. . .ဝေးရပါပြီ သြော်. . လေးလရာသီ . . ရှိပြီမောင်ရဲ့ မေ့ကာနေသလား . . .ရက်စက်လေအားသည် ......
    x x x x
    ( ရာသီသိဟ်ဝယ်. . နေမိန္ဒရ . . ဝါခေါင်လမို့ တမ်းတကာမြည် . . ကန်ရာသီ တော်သလင်းလမှာ သြော် . . . မျှော်ရင်း မြကဖြင့် လွမ်းရပါသည်)2 . . ဆီမီးရောင်ခြည် ထိန်ဝါလင်း . . (သီတင်းကျွတ်တော့ မည်)2 တန်ဆောင်မုန်းမှာ မောင်ဖုန်းမလာတော့ နှစ်လတာရှည် ရှစ်လရာသီ ရှိပြီမောင်ရဲ့ မေ့ကာနေသ လား . . . ရက်စက်လေအားသည် . . . .
    x x x x
    ( မဟာပိန္နဲနဲ့ နတ်ပွဲအလီလီ သြော် . . . နတ်တော်လမှာတော့ ပျော်ကြပါးကြသည်)2 . . . ပြာသိုမှာ ခွာညိုသင်းတယ် . . . မြူနှင်းငယ်ဝေစီစီ . . . မောင်လာမယ်ဆိုတဲ့ရက်ကို မြကလေ . . မျှော်ဆဲ . . .တပို့တွဲ ပေါက်လဲငယ် ထိန်ထိန်လျှံတေးဖွဲ့သံ တစာစာနဲ့ ထမနဲပွဲနဲ့နွဲကြပြီ . . . မိန်ရာသီ ဂိမှာန်ရက်ပြောင်းလ တပေါင်းမှာ . . . ရွက်ဟောင်းကြွေလျက် . . . မောင်မလာ ရှောင်ကာထွက်တော့ ဆယ့်နှစ်လရာသီသြော် . . . ဆယ့်နှစ်လရာသီရှိပြီမောင်ရဲ့ မေ့ ကာနေသလား ရက်စက်လေအားသည် . . . . ။

ความคิดเห็น • 3