Pyay Monastery ပြည်​ကျောင်းတိုက် ​(ခေါ်) မဟာအတုလွတ်ဘုံစံပြည်​ကျောင်း

แชร์
ฝัง
  • เผยแพร่เมื่อ 25 ส.ค. 2024
  • မန္တ​လေးမြို့ထက်​ရှေးကျတဲ့ အမရပူရ​ခေါတ် လက်ရာ ​
    ရှေး​​ဟောင်းသစ်သား​ကျောင်း​ဆောင်ကြီး ဆီသို့ ...
    ပြည်​ကျောင်းတိုက် ​(ခေါ်) မဟာအတုလွှတ်ဘုံစံ ​ကျောင်းတိုက်
    ၁၂၀၁ ခုနစ်(1839ခုနစ်) ပြည်မင်းသားက ​ဆောက်လုပ်လှူဒါန်းခဲ့လို့ ပြည်မင်းသား​ကျောက်တိုက်လို့လည်း​ခေါ်ပါတယ်။​ကျောင်းရဲ့သက်တမ်းက နှစ်​ပေါင်း 184 နှစ်ရှိပါပြီ။
    ပြည်မင်းသားဆိုတာ သာယာဝတီမင်း (​ရွှေဘိုမင်း)ရဲ့ အကြီးဆုံးသား​တော်ပါ။နောက်ပိုင်းမှာဖခင်ဘုရင်ရဲ့ထီးနန်းကိုလုဖို့ကြံစည်​​နေတယ်ဆိုပြီး ​၁၂၀၂ ခုနစ် မှာ ရေချ ကွပ်မျက်ခံခဲ့ရပါတယ်။ ပြည်​ကျောင်းတိုက်ကြီးကို ​ရေစက်ချလှူဒါန်းပြီး ၁ နှစ်အကြာမှာ​ပေါ့။
    ​ကျောင်းကြီးက ​လေးဘက်​လေးတန် စင်္ကြန်ပတ်လမ်း​နဲ့​ဆောက်ထားပြီး ​တစင်းတည်း​သောစောင်းတန်း​လှေကား​အတိုလေးက​နေတက်ရတာပါ။
    အ​ရှေ့ဘက်က ဘုရား​ဆောင်ထဲမှာ​တော့ ​ခေါတ်အဆက်ဆက်​ရှေး​ဟောင်းဘုရား​တွေ၊ပုလ္လင်တံကဲ၊​ပေစာ​တွေ၊စာတိုက်ဘီရို၊ယွန်း​သေတ္တာ​၊ကျွန်း​သေတ္တာတွေ၊​ကြေး​ခေါင်း​လောင်း၊နတ်ရုပ်၊သိကြားရုပ်၊ပန်းပုရုပ်လုံးကြွ​​တွေ၊ ​​ပေစာထုပ်​တွေ၊ရှေး​ဟောင်းပစ္စည်း​တွေ အများဆိုအများကြီး တစုတစည်းထဲ​တွေ့ခဲ့ရပါတယ်။
    ပြည်​ကျောင်းက ထင်ရှားတဲ့ ဗိသုကာလက်ရာလက်ရာ​တွေက​တော့ ​အတက်လှေကားလက်ရန်းထိပ် တဖက်တချက်စီကသိကြားရုပ်နှစ်ရုပ်နဲ့သစ်သားတံခါးရွက်​​တွေ​ပေါ်က သစ်သားနတ်ရုပ်​တွေ၊အမရပူရ​ခေါတ် မြန်မာမှုလက်ရာ ကနုတ်ပန်းပုပန်းဟန်​တွေဖြစ်ပါတယ်။
    ​ကျောင်းကြီးကိုအနည်းငယ်ပြုပြင်ထားတာကလွဲလို့ အမရပူရ​ခေါတ် ဗိသုကာလက်ရာ​တွေ အထင်အရှားရှိ​နေ​သေးတဲ့ ​ရှေးကျတဲ့ဘုန်းကြီး​ကျောင်းတ​ကျောင်းပါ။
    မန္တ​လေး-ရန်ကုန်ကားလမ်း၊တံခွန်တိုင်အဝိုင်းအနီးမှာ ရှိပါတယ်။
    #ပြည်မင်းသား​ကျောင်းတိုက်
    #ပြည်​ကျောင်းတိုက်
    #မဟာအတုလွှတ်ဘုံစံ​​ကျောင်း

ความคิดเห็น •