ခွန်သူရိန် လျှောက်မယ့်လမ်းနဲ့ ခွန်ဥက္ကာ လျှောက်မယ့်လမ်း

แชร์
ฝัง
  • เผยแพร่เมื่อ 19 ก.ย. 2024
  • ခွန်သူရိန် လျှောက်မယ့်လမ်းနဲ့ ခွန်ဥက္ကာ လျှောက်မယ့်လမ်း
    -------------
    ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLO/PNLA ရဲ့ ခေါင်းဆောင်ပိုင်း အကွဲအပြဲမှာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခွန်သူရိန်က လက်နက်ကိုင်တော်လှန်ရာမှာ ဆက်လက်ပါဝင်မှာ ဖြစ်ပြီး ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ စစ်တပ်ဩဇာခံ ပအိုဝ်းပြည်သူ့စစ်နဲ့ပူးပေါင်းဖို့ လိုလားနေပါတယ်။
    ဗိုလ်မှူးကြီးခွန်က္ကာ က PNLO ကနေ နှုတ်ထွက်ပြီး စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့နဲ့ ပူးပေါင်းလိုကြောင်း ထုတ်ပြောလာပါတယ်။
    ၂၀၂၁ မှာ အာဏာသိမ်းပြီး ဆန္ဒပြအရပ်သားတွေကို ပစ်သတ်ခဲ့တဲ့ စစ်တပ်ကို နိုင်ငံအနှံ့မှာ လက်နက်ကိုင်တော်လှန်မှုတွေ ပေါ်ပေါ်ခဲ့ပေမယ့် အသက် ၈၀နီးပါးအရွယ်ရှိတဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာက အပစ်ရပ်စာချုပ် NCA အရ စစ်တပ်နဲ့ ဆွေးနွေးရေးလမ်းစဉ်ကိုပဲ ရွေးချယ်ခဲ့ပါတယ်။
    ပြီးခဲ့တဲ့ ၃နှစ်ကျော်အတွင်းမှာ စစ်တပ်နဲ့ တွေ့ဆုံပြီး ရလဒ်မရေရာတဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။
    PNLO/PNLA ရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ စစ်ဦးစီးချုပ်လည်းဖြစ်တဲ့ ဗိုလ်ချုပ်ခွန်သူရိန်ကတော့ အပစ်ရပ် NCA လမ်းကြောင်းမှာ အခုနှစ်ဆန်းပိုင်းအထိပဲ ပါခဲ့ပြီး၊ အဲ့ဒီနောက် စစ်ကောင်စီကို စစ်ရေးအရ တိုက််ခိုက်နေတာ ဖြစ်ပါတယ်။
    ဗိုလ်ချုပ်ခွန်သူရိန်ဦးဆောင်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တပ်ဟာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရှမ်း-ကယားနယ်စပ်က ဆီဆိုင်မြို့ကို ယာယီသိမ်းပိုက်နိုင်ခဲ့သလို၊ လက်ရှိမှာလည်း စစ်ကောင်စီကို ဆက်လက်တိုက်ခိုက်နေတာပါ။
    ဒီလိုအခြေအနေမှာ PNLO ရဲ့ နာယက ရာထူးကနေ နှုတ်ထွက်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက အခုလ ၁၀ရက်နေ့မှာ ကြေငြာခဲ့ပါတယ်။
    စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) အနေနဲ့ကတော့ အဖွဲ့ကို ခေါင်းဆောင် ၅ဦးနဲ့ ဦးဆောင်သွားမယ်လို့ စက်တင်ဘာ ၁၁ရက်နေ့က ဗဟိုအလုပ်အမှုဆောင်ကော်မတီ အထူးအစည်းအဝေးဆုံးဖြတ်ချက်ကို ထုတ်ပြန်ထားပါတယ်။
    ဒီဆုံးဖြတ်ချက်အပေါ် ဗိုလ်မှူးကြီးခွန်ဉက္ကာအနေနဲ့ သဘောမကျတဲ့အတွက် နှုတ်ထွက်တာ ဖြစ်နိုင်ကြောင်းနဲ့ PNLO/PNLA အနေနဲ့ကတော့ ရှမ်းပြည်တောင်ပိုင်းမှာ အခြေပြုပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လုပ်သွားမှာ ဖြစ်တယ်လို့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်အောင်မန်းက ပြောပါတယ်။
    သတင်း၊ တင်ဆက် - မြတ်ကြီး၊ စောရယ်

ความคิดเห็น • 236

  • @LeLe-kb4iu
    @LeLe-kb4iu 6 ชั่วโมงที่ผ่านมา +56

    We Stand With ခွန်သူရိန်
    လူငယ်နဲ့သက်ကြီးပိုင်းနဲ့အဲဒီမှာကွာတယ် လူငယ်တွေကိုနေရာပေးပါ

  • @KyawMin-wc1km
    @KyawMin-wc1km 6 ชั่วโมงที่ผ่านมา +41

    သေခါနီးတာတောင် လောဘကြီးတုန်း၊ သူခိုးကျင့် သူခိုးကြံ မပျောက်တဲ့ အမျိုးသားသစ်စာဖောက်။

  • @Oolayပအိုဝ်း
    @Oolayပအိုဝ်း 5 ชั่วโมงที่ผ่านมา +25

    ဗိုလ်မူးခွန်သူရိန်တော့ အာဇာနီ စိတ်ဓာတ်ကောင်တဲ့လူပါ❤❤❤

  • @MyoMyintTun-v4d
    @MyoMyintTun-v4d 7 ชั่วโมงที่ผ่านมา +54

    ခွန်သူရိန် လေးစားပါတယ်

  • @KhunLatt-w3j
    @KhunLatt-w3j 4 ชั่วโมงที่ผ่านมา +10

    အသက်ကြီးပြီး မှိုတက်နေတဲလူကြီးတွေဟာ
    ပေါင်းစားတာကို ကြိုက်နေပြီး
    လူငယ်တွေရဲ အမြင်သစ်ကို လက်ခံ
    ရမှာမကြိုက်ဘူး စစ်တပ်ကျရင် ဘယ်မှာပေါင်းအုံးမလဲ ကြည်ရအုံးမှာပါ။ ခွန်သူရိန်ရေ ပအိုလ့် လူမျိုးတွေအတွက် ဂုဏ်ယူပါတယ်🙏🏻🙏🏻🙏🏻

  • @ZawZaw-j1n
    @ZawZaw-j1n 7 ชั่วโมงที่ผ่านมา +43

    အသက်ကြီးပီး ရိပ်ခါလေးယူအုံးမယ်ထင်တယ် ခွန်အုပ်ကာ😅😅😅

  • @atzb9788
    @atzb9788 6 ชั่วโมงที่ผ่านมา +43

    စကစကို ခေါင်းပေါ်တင်တဲ့ မည်သူမဆို ပြည်သူ့ရန်သူဖြစ်တယ်၊

  • @omyanmar465
    @omyanmar465 6 ชั่วโมงที่ผ่านมา +23

    အစတော့ရိုးရိုး ခုတော့တမျိုးတိုးလို့ ဖြစ်ပြန်ပြီ .. တလရ ခရီးမှာ အဲ့ဒီ သက်ကြားအိုကြီးတွေကိုအနားပေးစေချင်တယ် .. သူတို့တတွေ ဆုံးဖြတ်ရင် အမျှင်အတန်းက မပြတ်တော့ဘူး ။

  • @AungKyaw-pg1ko
    @AungKyaw-pg1ko 5 ชั่วโมงที่ผ่านมา +14

    ခွန်သူရိန် အလေးပြုပါတယ်
    မအလနဲ့ပူးပေါင်းတဲ့ဘယ်သူမဆို ရန်သူပဲခွန်ဥက္ကာ
    မင်းအသက်လဲမငယ်တော့ဘူး မင်းအတွေးအခေါ်ကမအလကျွေးထားတဲ့အစာပေါ်ကထွက်လာတာ

  • @MyanmarLiterature
    @MyanmarLiterature 6 ชั่วโมงที่ผ่านมา +30

    ခွန်သူရိန်လေးစားပါတယ်

  • @umarga2710
    @umarga2710 6 ชั่วโมงที่ผ่านมา +20

    မြန်မာညြ်မှာက ပြည်သူအတွက်အကျိုးမပြုနိူင်တဲ့မြေခွေးပိုကြီးတွေရှိနေခြင်းကတိုင်းပြည်ရဲ့အကျိုးဆုတ်ယုတ်နစ်နာစေတယ်။

  • @sandaw88
    @sandaw88 7 ชั่วโมงที่ผ่านมา +39

    သူခိုးဓားပြစစ်တပ်နှင့် ပေါင်းပြီးခိုးစားလို့ ဗိုက်ကားနေတာကြာပြီ။လေသံက အဖြေ။

  • @thaunglinn8109
    @thaunglinn8109 6 ชั่วโมงที่ผ่านมา +17

    သူခိုးကြီးကပေးတဲ့
    ငတတ်ပြားဘွဲ့ ကို
    ဂုဏ်မောက်နေလေ၏။

  • @ThawZin-t1v
    @ThawZin-t1v 7 ชั่วโมงที่ผ่านมา +26

    စစ်ခွေးအားပေးကောင်တွေ ဘွဲ့ထူးဂုဏ်ထူးကြိုက်လောဘအိုးကောင်တွေ ကျက်သရေမရှိဘူး အယုတ်တမာတွေ

    • @umyintswe7558
      @umyintswe7558 6 ชั่วโมงที่ผ่านมา +2

      ကိုယ်ကျိုးသာသိတဲ့ ဘဲနာကြီ

  • @မိုးမောင်
    @မိုးမောင် 6 ชั่วโมงที่ผ่านมา +15

    ဥက္ကာဘယ်သောခါ ပြည်သူအတွက် အကြိုးပြုဖူးလိုလဲ ပြည်ပြေးဥက္ကာ ပအိုပ်းနဲပတ်သက်ရင် ဘယ်ပအိုပ်းက အသိမတ်ပြုဖူးလိုလဲ အလာကာပါ ဥက္ကာ စောက်ရူး

  • @maymon207
    @maymon207 6 ชั่วโมงที่ผ่านมา +7

    စိတ်ထားလည်းမမှန် မခိုင်၊ ခေတ်သစ်နိုင်ငံရေးကိုလည်းမလိုက်နိုင်သူ ဒရွတ်ဆွဲတွေကို စောစောဖယ်လိုက်တာကောင်းပါတယ်။

  • @moemoemoemoe5098
    @moemoemoemoe5098 5 ชั่วโมงที่ผ่านมา +12

    ဥက္ကာ
    မိသားစုလိုက်တိုင်းရုံးထဲမှာရှိနေတယ်
    သေခါနီးထိ ပအိုဝ်းပြည်သူတွေကိုဒုက္ခပေးအူးမယ်

  • @verginsoilchannel3712
    @verginsoilchannel3712 5 ชั่วโมงที่ผ่านมา +10

    ခွန်သူရိန်၏ဦးဆောင်မှုများ အောင်မြင်ပါစေ။

  • @nyoayenyoaye1546
    @nyoayenyoaye1546 7 ชั่วโมงที่ผ่านมา +12

    ခွန်ဥက္ကာ ကတမြုံလုံးဝင်နေတာကြာပြီ

  • @LayLayMyint-e6z
    @LayLayMyint-e6z 4 ชั่วโมงที่ผ่านมา +4

    ခွန်သူရိန်‌လေးစားပါတယ် ဗမာပြည်သူတယောက်အနေနဲကြိုဆိုပါတယ် ❤🎉👍💪

  • @UHtayag
    @UHtayag 6 ชั่วโมงที่ผ่านมา +13

    သေခါနီးအဖိုးကြီးက ရိက္ခာယူနေတာပါ

  • @winmyint6746
    @winmyint6746 7 ชั่วโมงที่ผ่านมา +14

    သူလဲအသက်ကြီးလေ အမြင်ကျဉ်းပြီး ဖင်ခေါင်းပဲကျယ်လာတာ😅😅😅

    • @AuthenticTruthSeeker-z2j
      @AuthenticTruthSeeker-z2j 6 ชั่วโมงที่ผ่านมา

      LGBTQ လာမသိဘူး။ဟို ဥက္ကာမင်းမောင်လို။🎉🎉🎉🎉🎉🎉🎉

  • @zawmyo492
    @zawmyo492 4 ชั่วโมงที่ผ่านมา +4

    အိမ်ကြက်ချင်းအိုးမဲသုပ်ခွတ်ခိုင်းနေတာနော် ပအို့ရ်လူငယ်တွေသတိပြုကြပါ အားလုံးငြိမ်းချမ်းကြပါစေ🙏🙏🙏🙏🙏

  • @thetwinn1958
    @thetwinn1958 6 ชั่วโมงที่ผ่านมา +9

    ခွန်အုတ်ကာချီးထုပ်ပါ

  • @SawAungSoeOo-ph8uo
    @SawAungSoeOo-ph8uo 6 ชั่วโมงที่ผ่านมา +9

    Knuအဖိုးကြီးလိုပေါ ငွေငါးရာကျပ်ပေရင် အသံတိပ်နေရော

  • @KaungHtetKyaw-g3p
    @KaungHtetKyaw-g3p 7 ชั่วโมงที่ผ่านมา +11

    မအလနှင့်ပေါင်းရင်တော့ မအလ ပဲဖြစ်မှာပါ

    • @AuthenticTruthSeeker-z2j
      @AuthenticTruthSeeker-z2j 6 ชั่วโมงที่ผ่านมา

      ကောင်းပါလေ့🎉🎉🎉🎉🎉🎉🎉

  • @samyanmar07
    @samyanmar07 5 ชั่วโมงที่ผ่านมา +2

    ခွန်ဥက္ကာက သူ့အကျိုးစီးပွါးအတွက်ပဲကြည့်တဲ့သူပါ ပအို့ပြည်သူအများစုက ခွန်ဥက္ကာကိုလက်မခံကြဘူ

  • @phyueisan9803
    @phyueisan9803 5 ชั่วโมงที่ผ่านมา +2

    ခွန်ဥက္ကာ ကအကောင်ကြီးပြီးအချိန်မစီးဘူး မုန်းစရာ သေခါကနီးနေပြီ အခုထိ ချီးမှန်းငှင်ပြောမှန်းမသိ 😂😂😂ဿ

  • @JohnWayne-h2e
    @JohnWayne-h2e 5 ชั่วโมงที่ผ่านมา +4

    တို့ ပအို့ကိုချစ်တယ်
    စစ်ခွေးကို လူလိုဆက်ဆံလို့မရဘူး တိုက်ယူမှရမယ်
    ကျုပ်ဗမာပါ

    • @KoTun-p3q
      @KoTun-p3q 4 ชั่วโมงที่ผ่านมา

      ကျနော်ကပအိုဝ်းစစ်သားပါ
      ပအိုဝ်းတပ်မှာစစ်မှုလာထမ်းလို့ရပါတယ် ဗိုလ်လေးရာထူးပေးမယ်

  • @user1234utbe
    @user1234utbe 6 ชั่วโมงที่ผ่านมา +10

    သေခါနီးလေမိုက်တွင်းနက်လာလေဘဲ😂

    • @AuthenticTruthSeeker-z2j
      @AuthenticTruthSeeker-z2j 6 ชั่วโมงที่ผ่านมา +1

      တွင်းနက်နက်မှ လုံခြုံမှာလေ။🎉🎉🎉🎉🎉🎉🎉

  • @user-tk7jj2ir7i
    @user-tk7jj2ir7i 4 ชั่วโมงที่ผ่านมา +2

    we stand with ခွန်သူရိန် ❤❤❤

  • @TunTun-n2o
    @TunTun-n2o 5 ชั่วโมงที่ผ่านมา +2

    ခွန်ဥက္ကာက အစထဲက မရိုးသားဘူးလို့ သံသယရှိတယ် သူကအသက်ကြီးတော့ အ‌တွေ့အကြုံအရ လူလည်ကျလို့ရတဲ့ ဂွင်တွေ သိနေတယ်စိတ်ရင်းမကောင်းဘူး

  • @UwisatKhana-i8l
    @UwisatKhana-i8l 7 ชั่วโมงที่ผ่านมา +18

    ဒီလောက်အသက်သာကြီးလာတာဥဏှောက်ကမကြီးလာဘူးပုဇွန်ဥဏှောက်နဲ

    • @umyintswe7558
      @umyintswe7558 6 ชั่วโมงที่ผ่านมา

      ကိုယ်ကျိုးသမား ပါ

  • @ayeayethet393
    @ayeayethet393 4 ชั่วโมงที่ผ่านมา +2

    သေခါနီးအရွယ်ရောက်နေတာတောင်ချီးဥနှောက်...စခကိုအားပေးသူ​..ဒို့ရန်သူ

  • @KoKo-k3g2q
    @KoKo-k3g2q 4 ชั่วโมงที่ผ่านมา +2

    လေးစားပါတယ် ခွန်သူရိန်

  • @htoohtoo-u1z
    @htoohtoo-u1z 4 ชั่วโมงที่ผ่านมา +1

    ခွန်ဥက္ကာရေ စခတွေနဲ့ဘိန်းချက်စားရတာအဆင်ပြေနေသားနဲ့ 😊😊
    ခုမှ ခုမှ ရှေ့ဆက်လဲငတ်ကြီးကျချင်သေးတယ်ပေါ့
    မင်္ဂလာပါ ခွန်သူရိန် အောင်မြင်ပါစေ

  • @UThikeTun-g8z
    @UThikeTun-g8z 5 ชั่วโมงที่ผ่านมา +1

    ခွန်သူရိန်ကိုလေးစားမိတယ်ဗျာ။❤❤❤

  • @AyeThin-c9v
    @AyeThin-c9v 5 ชั่วโมงที่ผ่านมา +1

    မဂ်လာညချမ်းလေးဖြစ်ပါစေ မြန်မာနောင်ရေ မျှဝေတာကျေးဇူးပါနော် 👋👋👋🌹🌹♥♥သေခါနိပြိ ခုထိ မအလဘက်က နေချင်တုန်း😇ခွန်းသူရိန်နဲ့ ခွေးအတွေ ကို တော်လှန်သူများ ဘေးကင်းကြပါစေ ရန်ကွာကြပါစေ 🙏🙏🙏⭐⭐🤘🤘💔💔🌺🌺

  • @KyawMu189
    @KyawMu189 6 ชั่วโมงที่ผ่านมา +4

    ခွန်ဥဂ္ဂါကငဝါးကြီးပါ။

  • @konu-u3p
    @konu-u3p 6 ชั่วโมงที่ผ่านมา +1

    ညီညွတ်ကြမှ မတရားမှုကို အနိုင်ယူပြီး တရားမျှတငြိမ်းချမ်းမှုကို တည်ဆောက်နိုင်ကြမည်။

  • @shwesein384
    @shwesein384 7 ชั่วโมงที่ผ่านมา +4

    မင်္ဂလာပါ Myanmar Now

  • @ulaysoe6742
    @ulaysoe6742 6 ชั่วโมงที่ผ่านมา +2

    လုပ် စါး တတ် ရင် မြန် မြန် ချမ်း သါ တယ်။

  • @KoBayGyi-c3k
    @KoBayGyi-c3k 4 ชั่วโมงที่ผ่านมา +1

    ရှင်း၂လေးပဲကွာ တက်လူနဲ့ကျလူ နှုင်ယျဉ်ကြည့် အသက်ကြီးတဲ့သူက အေးအေးဆေးဆေးနဲ့ စည်းစိမ်ပေါ်မှာ ယစ်မူးချင်တေ သားသမီး မြေး မြစ်တွေရဲ့ နောင်ကောင်းစားရေးကိုစဉ်းစားမယ် တက်လူကတော့ သိတဲ့အတိုင်းပဲ ခွန်ဥက္ကာဆိုတာ ဘာမှမလုပ်နိုင်တဲ့ အိုပယ်တစ်ယောက်ပဲ ဒါပဲ့မဲ့ မျောက် ပြ ဆန်တောင်းဆိုတဲ့ အနောက်ကနေ လက်မဲကြီးက သက်သက်ကိုရှိ့နေတေ

  • @tharmanyayana9415
    @tharmanyayana9415 5 ชั่วโมงที่ผ่านมา +1

    ခွန်ဥက်ကာ က အာဏာရှင်ဘဲ စောချစ်သူ မွန်မာလည်းရှိလူမျိုပေါင်းဆုံး အာဏရှင်တွေဂေါင်းဆောင်ကမင်အောင်လှိုင် အမျိုးတိုရေ လွတ်အောင်ရုံးကြတောခွန်အေုပ်ကာ တိုလည်းရှင်းရမှာဘဲ သူတိုကြောင့်

  • @yetun6146
    @yetun6146 4 ชั่วโมงที่ผ่านมา +2

    လေးစားပါတယ်...
    ခွန်သူရိန်.

  • @ကိုရွှေဂျပိုး
    @ကိုရွှေဂျပိုး 4 ชั่วโมงที่ผ่านมา +1

    ရိက္ခာအတွက် သိက္ခာဖျက်တဲ့
    ခွန်ဥက္ကာ...
    သိက္ခာ ဖျက်လိုက်တဲ့ ခွန်ဥက္

  • @carmin5259
    @carmin5259 2 ชั่วโมงที่ผ่านมา

    PNLA တပ်ဖွဲ့ဝင်များအားလုံးကို
    လေးစားပါတယ်

  • @user-hv6jz7rf6g
    @user-hv6jz7rf6g 4 ชั่วโมงที่ผ่านมา +1

    လိုအပ်ရင်ခွန်သူရိန်ကို ချစ်တယ်❤

  • @KhinThu-c6f
    @KhinThu-c6f 5 ชั่วโมงที่ผ่านมา +1

    နိုင်ငံရေးကို အသက်ကြီးပိုင်တွေကိုဖယ်ပြီ လူငယ်တွေဦးဆောင်မှ
    တော်လှန်ရေးအောင်မြင်မှာပါလူကြီးတွေကအသက်ကြီးပြီအချောင်လိုက်ပြီရေလိုက်ငါးလိုက်အာဏာရူတွေကိုလက်ခံနေတာ😂😂😂😂😂

  • @kwarsi9191
    @kwarsi9191 4 ชั่วโมงที่ผ่านมา +1

    ခွန်ဥက္ကာဘဲကြီးသေလိုက်ပါတော့၊သေသင့်ပြီး

  • @UAungMyint-d5b
    @UAungMyint-d5b 6 ชั่วโมงที่ผ่านมา +2

    အသက်ကြီးပီးလုံးဝဦနှောက်မရှိတဲ့လူကြီးပါ လုံးဝကိုအထင်မကြီးဘူး

  • @Ah-qiKhun
    @Ah-qiKhun 5 ชั่วโมงที่ผ่านมา +1

    We stand with Bo Thurain

  • @UHtoo-mn7cv
    @UHtoo-mn7cv 6 ชั่วโมงที่ผ่านมา +2

    ဖေဖေချစ်စိတ် အတ္တ
    ပြည်ထောင်စုချစ်စိတ် ပရ
    အတ္တ ပရကွာသွားတာပေါ့
    ဖေဖေ့ချစ်ရင်မအလနဲ့ပေါင်း
    ပြည်ထောင်စုတစ်ခုလုံးခြုံပြီးကြည့်ရင်
    ပြည်သူ ပြည်သူချင်းပေါင်းမယ်
    ပြည်သူတို့ကပြုခဲ့ပြီးသစ္စာအတိုင်းသွားမှာ
    အဆုံးထိသွားမှာပါတဲ့(ပြည်သူတို့ဆိုခဲ့တဲ့သစ္စာ)
    လမ်းနှစ်သွယ်ကြိုက်ရာရွေး
    နေက်မှနောင်တရဆိုတာမကောင်းဘူး

  • @kunglay-d6r
    @kunglay-d6r 6 ชั่วโมงที่ผ่านมา +1

    လေးစားပါတယ် ခွန်သူရိန် ပွင့်ပွင့်လင်းလင်းထွက်ခွါသူကိုလဲ လေးစားရမှာဘဲ

  • @KoKo-ri3yw
    @KoKo-ri3yw 4 ชั่วโมงที่ผ่านมา +1

    Rခွန်သူရိန်လေးစားပါတယါ❤

  • @JhVb-y1i
    @JhVb-y1i 6 ชั่วโมงที่ผ่านมา +1

    ခွန်သူရိန် အဖွဲ့ဘေးကင်ပါစေ

  • @MonMon-n8g
    @MonMon-n8g 6 ชั่วโมงที่ผ่านมา +1

    လေးစားပါတယ်သူရိန်

  • @nuamcing1273
    @nuamcing1273 5 ชั่วโมงที่ผ่านมา +1

    အရင်သေချင်သူစကစနဲ့သွားပေါင်းလေ။

  • @KTWilliam
    @KTWilliam 3 ชั่วโมงที่ผ่านมา

    မြန်မာ​ပြည်​ဖွား​တိုင်းရင်းသား​ပြည်သူ​များ​စည်းလံုးညိညာ​ေစ

  • @kokochotun6617
    @kokochotun6617 3 ชั่วโมงที่ผ่านมา +1

    ငယ်ရွယ်တုန်းကလက်နက်စွဲကိုင်တိုက်ပွဲဝင်.
    အသက်လည်းကြီးရော
    အစွယ်ကျိုးသွားတဲ့ကျားအိုကြီးလို.
    မာန်တွေကျ.လက်နက်ချ.
    ငါစစ်မတိုက်ချင်တော့ဘူး အေးအေးပဲနေတော့မယ်လို့ပြော.
    တော်လှန်ရေးကို အဖိုးကြီးတွေဉီးဆောင်လို့မရနိူင်တော့ဘူး
    တက်ကြွ ထက်မြက်တဲ့
    လူငယ်တွေကပဲဉီးဆောင်မှပဲ တော်လှန်ရေးအောင်မြင်နိူင်မယ်

  • @user-co4em2ur7b
    @user-co4em2ur7b 6 ชั่วโมงที่ผ่านมา +2

    ခုမှထင်ရှားသွားတယ်၊ဘယ်သူကနိုင်ငံရေးလုပ်ပြီးဘယ်သူကအချောင်သမားဆိုတာ၊ခွန်ဥကာကမအလတို့နဲ့ပေါင်းပြီးကိုယ်ကြီးပွါးရေး၊စီးပွားရေးလုပ်တာပေါ်လွင်

  • @OoNandar-b7q
    @OoNandar-b7q 2 ชั่วโมงที่ผ่านมา

    ခွန်သူရိမ်ကို အရမ်းလေးစားပါတယ်

  • @KhunAung-d1w
    @KhunAung-d1w 5 ชั่วโมงที่ผ่านมา +1


  • @KhunYon
    @KhunYon 3 ชั่วโมงที่ผ่านมา

    လေးစားပါ ခွန်သူရိန်🙏🙏🙏🙏

  • @HlaHla-y4c
    @HlaHla-y4c 3 ชั่วโมงที่ผ่านมา

    ခွန်သူရိန် ​လေးစားပါတယ်🎉🎉🎉🎉❤❤❤❤

  • @UwisatKhana-i8l
    @UwisatKhana-i8l 7 ชั่วโมงที่ผ่านมา +2

    မင်္ဂလာပါ
    မြန်မာနောင်း

  • @Usaisai-u7h
    @Usaisai-u7h 2 ชั่วโมงที่ผ่านมา

    ခွန်ဥက္​ကာတို. စိုင်းအိုက်​ေပါင်းတို. ​ေအာင်ခန်းထီးတို.
    အင်း ​ေမာင်သာရ. သာ​ေမး
    ​ေတာ.
    လူ​ေတာ်ကြီး​ေတွပါ

  • @kyawkyaw-vh6ow
    @kyawkyaw-vh6ow 5 นาทีที่ผ่านมา

    လေးစားပါတယ် ခွန်သူရိန် 🫡🫡🫡

  • @LinnLinn-m8r
    @LinnLinn-m8r 4 ชั่วโมงที่ผ่านมา

    ပြာပုံကျမြို့တွေထဲမှာ တောင်ကြီး မြို့မပါသေးလို့ ဝိုင်းပြီး ခွန်သူရိန် ကို ကောင်းချီးပေးနေကြတာကိုး

  • @gfffzghc6487
    @gfffzghc6487 3 ชั่วโมงที่ผ่านมา +1

    ❤🎉🎉သူရိန်

  • @aungnaingthuko2482
    @aungnaingthuko2482 3 ชั่วโมงที่ผ่านมา

    မင်္ဂလာပါခင်ဗျာ 🎉😅😊အောင်နိုင်ပါစေ 🎉😅😊တိုက်ပွဲတိုင်းအောင်နိုင်ပါစေ 🎉😅😊

  • @ThuReinOo-g2o
    @ThuReinOo-g2o 3 ชั่วโมงที่ผ่านมา

    သတင်း သမားတွေရေ ကျေးဇူးနော် ❤❤❤

  • @MoeMoe-nz9le
    @MoeMoe-nz9le 3 ชั่วโมงที่ผ่านมา

    အင်တာနက်ခေတ်ဖြစ်နေပြီး
    ပြတ်ပြတ်သာသာလုပ်တာယောကျာ်ကောင်းတွေအလုပ်ရိုးသာရင်တော့ကောင်းတာပေါ့
    ခင်ဗျာတို့အဆီအနှစ်စားချနင်တာတွေရပ်သင့်ပြီး
    ဒီအချိန်မှဘယ်ပုံစံနဲ့ဘဲထအော်အော်
    ရေလိုက်ငါးလိုက်ကတော့မကောင်းပါဘူး
    ပြတ်သားဖို့လိုပြီး

  • @umyinttunnaing9871
    @umyinttunnaing9871 47 นาทีที่ผ่านมา

    ခွန်သူရိန်အားလေးစားအားပေပါတယ်

  • @AungThitOo-f3e
    @AungThitOo-f3e 3 ชั่วโมงที่ผ่านมา

    ဘယ်လိုကြီးနေပါစေ ပြည်သူကို သစ္စာဖောက်ရင်တော့ တနေ့နေ့ ပြန်ပေးစပ်ရမယ်ဆိုတာ မှတ်ထားပေးပါ

  • @ThuReinOo-g2o
    @ThuReinOo-g2o 3 ชั่วโมงที่ผ่านมา

    ကျေးဇူးတင်ပါတယ်

  • @OoNandar-b7q
    @OoNandar-b7q 2 ชั่วโมงที่ผ่านมา

    ခွန်ဥက္ကာက ဘောမတာ သဘောကျတယ် မအလ က အရိုးကြွေးထားတော့ ဘောမနေရတာပေါ့

  • @KhinMgHtayKoHtay-jh6tr
    @KhinMgHtayKoHtay-jh6tr 24 นาทีที่ผ่านมา

    ခွန်သူရိန်ကိုလေးစားပါတယ်

  • @user-uu5bu3yc5f
    @user-uu5bu3yc5f ชั่วโมงที่ผ่านมา

    ဘယ်သူတွေဘယ်လိုပြောပြော သူရိန်ရဲ့ဩဇာလွှမ်းမိုးနိုင်မှု ပအိုဝ်းပြည်သူတွေရဲ့ လေးစားခံရမှုဟာ ဦးအောင်ခမ်းထီးရဲ့ ခြေဖျားတောင်မမှီဘူး😅

  • @JonWick-ir6qx
    @JonWick-ir6qx 2 ชั่วโมงที่ผ่านมา

    မိတ်ထိလာထောင်ထဲမှာ မူးယစ်နဲ့ ထောင်ကျတဲ့တစ်‌ယောက်ကပြောဖူးတယ် ခွန်ဉကာ မစတာဘရိန်းတဲ့😂😂😂😂😂

  • @jyui647
    @jyui647 2 ชั่วโมงที่ผ่านมา

    ခွန်သးရိန် အကြမ်းဖက်အဖွဲ့က မကြာခင် ရှင်းလင်ခံရတေ့ာမယ်

  • @myamya8957
    @myamya8957 5 ชั่วโมงที่ผ่านมา

    ခွန်​သူရိန်​က. ပအိုဝ်​သူရဲ​ကောင်း ​လေးစားတယ်​ ခွန်​ဥက္ကာကို​တော့ NO. ပါ

  • @ThuReinOo-g2o
    @ThuReinOo-g2o 3 ชั่วโมงที่ผ่านมา

    သမားတွေရေ ကျေးဇူးနော်

  • @HhHh-h4l7g
    @HhHh-h4l7g 5 ชั่วโมงที่ผ่านมา

    ကျိုက်မရောမှာတော့သစ်တောဦးစီးဇော်မိုးဦးကရာဘာ၁ဧက၁၀၀၀တောင်းနေတယ် တရားဝင်အခွန်က၃၁၅၀ပဲ
    သူ့အတွက်သီးသန့်သက်သက်ကို၁၀၀၀တောင်းနေတယ်
    အားလုံးပေါင်း၄၁၅၀ဖြစ်နေတယ်
    ကျိုက်မရောသစ်တောမှာကရာဘာဧက
    ထောင်နဲ့ချီရှိနေတာခုကဗြောင်ကြီးလဘ်
    ယူနေတာသိန်းပေါင်းများစွာကို
    ကျိုက်မရောမှာရာဘာဧက၁၈၀၀၀ရှိတယ်
    ၁ဧက၁၀၀၀နူန်းဆိုသိန်း၁၈၀ကျပ်တိတိကိုလဘ်
    စားနေပါတယ် မွန်ပြည်နယ်ကျိုက်မရောက

  • @kakyokakyo2690
    @kakyokakyo2690 ชั่วโมงที่ผ่านมา

    မင်းတို့ထိန်းချုပ်ခဲ့တာ ကြာပီ ခက်ဗျာတို့ ပအို့ပြည်သူအတွက်ဘာလုပ်ပေးနေသလဲ။ဒီခေတ်လူငယ်တွေက မအဘူး။သေခါနီးတောင် အသိတရားမရှိဘူး။

  • @zinmgtun3866
    @zinmgtun3866 5 ชั่วโมงที่ผ่านมา

    ခွန်သူရိန်❤❤❤💪💪💪

  • @HtayReh-se5fg
    @HtayReh-se5fg 2 ชั่วโมงที่ผ่านมา

    ခွန်ဥက္ကာ ကစစ်ရေး ပါလို့လည်း မရဘူးလေး သူ့တပည့် 7 ယောက်တောင် မပြည့်တာ 😅 ဂွင်ရှာနေတာ သေခါနီး ဘိူးတော်က😅

  • @kokoaung2649
    @kokoaung2649 3 ชั่วโมงที่ผ่านมา

    စစ်ခွေးနဲ့ပေါင်းတဲ့ လက်နက်ကိုင်တွေ သောက်ထင်မကြီးဘူး

  • @Alina-d9t9v
    @Alina-d9t9v 3 ชั่วโมงที่ผ่านมา

    ခွန်ဥက္ကာက စကစပေါင်းပြီး ပိုက်ဆံ‌ရနေတာဆိုတော့ ဘယ်တိုက်ပါ့မလဲ😂😂😂

  • @ChinManda
    @ChinManda 3 ชั่วโมงที่ผ่านมา

    သေခါနီး အချိန်လေးတောင် ဓမ္မ ဖတ် မြဲမြဲ မရပ်နိုင်ဘူးနော်...

  • @RealMe-pr2ri
    @RealMe-pr2ri 6 ชั่วโมงที่ผ่านมา

    ထင်းထိုခွန်သူရိန်❤❤❤

  • @မိုးမမ-ဂ၅င
    @မိုးမမ-ဂ၅င 4 ชั่วโมงที่ผ่านมา

    စကစ ကို ထောက်ခံနေသရွေ့ သူ့ကျွန်ပဲ ဖြစ်နေတော့မယ်

  • @mrhtuthtutoo
    @mrhtuthtutoo 4 ชั่วโมงที่ผ่านมา +1

    ဘိန်းတပ်တွေ စိတ်မဝင်စားပါ
    အချိန်တန်ရင် လစ်ကမဲ့တပ်တွေ

    • @KoTun-p3q
      @KoTun-p3q 4 ชั่วโมงที่ผ่านมา

      ကျနော်ကပအိုးစစ်သားပါ
      ဘိန်းတပ်မဟုတ်ရပါဘူးဗျ
      အပြင်ထိလာကြည့်လို့ရပါတယ်

  • @thawzinlinaae1716
    @thawzinlinaae1716 5 ชั่วโมงที่ผ่านมา

    သူပုန်နဲ့ပေါင်းရင်သူပုန်ပဲဖြစ်မယ် ဇတ်သိမ်းလှမှာမဟုတ်ဘူးနော်

  • @ShaHtoo-qz6uu
    @ShaHtoo-qz6uu ชั่วโมงที่ผ่านมา

    Pnla fighting par

  • @ChanNyein-fl3vf
    @ChanNyein-fl3vf ชั่วโมงที่ผ่านมา

    ငါ့ငယ်သူငယ်ချင်း
    ခွန်ကျော်ထူးကို
    သတိရတယ်...

  • @okphuket7492
    @okphuket7492 3 ชั่วโมงที่ผ่านมา

    အဖိုးကြီးသေရင်ဘာမှယူသွားလို့မရဘူးစစ်ခွေးတွေဆီက မအလဆီကဘာတွေမျော်လင့်နေလဲ
    နောက်ဆုံးတော့မအလနဲ့ဝိုင်ခွက်တိုက်ချီးယားလုပ်ပြီးချမ်းသာလာဦးမှာ. ခွန် ဥက္ကာဆိုတဲ့အဖိုးကြီးက
    နောက်ဆုံးတော့
    ပအို့တိုင်းရင်းသားတွေပဲဖင်ထဲရွှံ့တစ်ထောင်လောက်အဝင်ခံလယ်ယာစိုက်ပြီးမလောက်မငှာနဲ့ဆင်းရဲကြရတာ
    ခွန်သူရိန်ကတော့စစ်ခွေးကိုဆက်လက်တိုက်ထုတ်ပေးပါလို့ပြောချင်ပါတယ်ခင်ဗျာ

  • @user-bj6ou6rw2b
    @user-bj6ou6rw2b 6 ชั่วโมงที่ผ่านมา

    ပြည်သူဘက်မရပ်တည်ပဲ အာဏာရူးနဲ့ပူပေါင်းတာတော့ကိုယ်ဂုဏ်သက္ခါကျသလို့ကိုယ်နဲ့သတ်သပ်သူအားလုံးလဲကိုယ​်နေတဲ့နေရာဒေသလဲမအေးချမ်းနိုင်ဘူးလေး မအလအာဏာရူးကရန်သူမိတ်ဆွေမခွဲခြားဘူးယုတ်မာရက်ဆက်တယ်ဆိုလက်တွေ့မြင်နေရတာပဲလေး

  • @littlethingilike
    @littlethingilike 5 ชั่วโมงที่ผ่านมา

    စစ်အာဏာရှင်နဲ့ ဆက်ပတ်သတ်နေရင်တော့ တိုင်းရင်းသားတိုင်း အဖိနှိပ်ခံဆက်ဖြစ်နေမှာပဲ။ စစ်အာဏာရှင်ဟာ ဘယ်တုန်းကမှ နိုင်ငံနဲ့လူမျိုးအပေါ် ကောင်းခဲ့ခြင်းမရှိခဲ့ဘူး။

  • @user-bc6ns3js7n
    @user-bc6ns3js7n 6 ชั่วโมงที่ผ่านมา

    ခွန်ဥကာဆိုတာ ဟိုး ကတည်းက သူခိုး.. သူခိုးကသူခိုးနဲ့ပဲပေါင်းမှာ အရင်ကတည်းကိုကရွံတာ ထွီး.. ဘယ်လိုကာကွယ်မလဲ နင့်ကိုနင်ပဲကာကွယ် ငအုပ်