နေ့စဥ်ဝတ်ပြုခြင်းအလင်းပြ ဘုရားသခင်သည် ငါတို့ခိုလှုံရာ၊ ငါတို့အင်အား၊ ဘေးရောက်သည့်ကာလ အထူးကူညီမစသည်။၂

แชร์
ฝัง
  • เผยแพร่เมื่อ 8 ก.ย. 2024
  • နေ့စဥ်ဝတ်ပြုခြင်းအလင်းပြ
    ဘုရားသခင်သည် ငါတို့၏ခွန်အားဖြစ်သည်။
    “God is our Strength”
    အဓိကအချက် - “ဘုရားသခင်သည် ငါတို့ခိုလှုံရာ၊ ငါတို့အင်အား၊ ဘေးရောက်သည့်ကာလ အထူးကူညီမစသည်။” အပိုင်း(၂)
    ဖတ်ရန်ကျမ်းချက် - ဆာလံကျမ်း ၄၆း၆-၁၁
    “ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။” (ဖိလိပ္ပိ၊ ၄း၁၃)
    Strong's Concordance အရ "ခွန်အား" အတွက် ဟေဗြဲစကားလုံးမှာ 'oze' (H5797) ဖြစ်ပြီး အဓိပ္ပါယ်မှာ "boldness, loud, might, power, strength, strong." ရဲရင့်မှု၊ ကျယ်လောင်မှု၊ အားကြီးခြင်း၊ စွမ်းအား၊ ခွန်အား၊ ခွန်အား။ ဖြစ်သည်။
    ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းသိထားရမည်မှာ ကျတော်တို့ရဲ့ ဘုရားသခင် သည် ဘယ်သူလဲ၊ ဘယ်လိုအစွမ်းသတ္တိရှိတဲ့ ဘုရားကို ကိုးကွယ်နေတာလဲ။ ဘုရားသခင်သည် အစွမ်းသတ္တိဘယ်လောက်ရှိလဲ။ ဒီဆာလံ ၄၆ ထဲမှာ ဘုရားသခင်ကို အစွမ်းသတ္တိလို့ သုံးတဲ့အခါမှာ အရာခပ်သိမ်းထက် အင်အားကြီးမားသော ဘုရားကိုရည်ညွန်းထားကြောင်း ခံယူဆင်ခြင်ဖို့ ဖြစ်ပါတယ်။
    ဒါကြောင့် ကျွန်တော်တို့အသက်တာမှာ ဘုရားသခင်ထက် သင့်စိတ်နှလုံး ပလ္လင်ပေါ်တွင် အဘယ်အရာချီးမြှောက်သလဲ။ ဘုရားသခင်၏အရာ၌ သင်မည်သူအားကိုးကွယ်ထားသနည်း။ ကိုယ့်ဘဝမှာ မည်သူက ခွန်အားကြီးသူအဖြစ် ရပ်တည် နေသနည်း။ အားနည်းသောအခါ ဘယ်လို အားဖြည့်သနည်း။ ဘဝမှာ ဘာကိုချီးမြှောက် နေတာလဲ ဆိုတာကို ရှင်းရှင်း လင်းလင်းဖြစ်ဖို့လိုသည်။ နှလုံးသားရဲ့ ရာဇပလ္လင်ပေါ်မှာ အခြားအရာကို နေရာမပေးတော့ပဲ။ ဘုရားသခင်ကို ကိုးကွယ်ပါ။
    ဘုရားသခင်သည် သင်၏ခွန်အားဖြစ်တော်မူကြောင်းကို သိပါ။ ကိုယ်တော်သည် သင်၏ဥပဇ္ဈာယ်ဆရာ ဖြစ်တော်မူ၏။ ဘုရားသခင်သည် သင်၏ ခိုင်မာသော အခြေခံအုတ်မြစ်ဖြစ်သည်။ သူသည် သင့်အား လမ်းပြပြီး ဘဝလမ်းခရီးကို ရာသီတိုင်းမှာ လမ်းညွှန်ပေးလိမ့်မည်။ လမ်းညွှန်ဆရာများ၊ ပညာရှိ အတိုင်ပင်ခံများနှင့် သင်ရှာဖွေနေသူများရှိခြင်းမှာ မမှားပါ။ သို့သော် သင်သည် လူများ သို့မဟုတ် အရာများကို စတင်ကိုးကွယ်သောအခါတွင် ၎င်းတို့သည် နတ်ဘုရားများ ဖြစ်လာကြသည်။ ပညာရှိသော အကြံဉာဏ်ကိုခံယူခြင်းနှင့် လူ၏ထင်မြင်ချက်ကို ကိုးကွယ်ခြင်းကြား ခြားနားချက်တစ်ခု ရှိသည်။ ဘုရားသခင်ကိုရှာပြီး သူ၏အကြံဉာဏ်ကိုလိုက်လျှောက်ပါ - သူသည် သင့်အား လမ်းကြောင်းမှန်သို့ ပို့ဆောင် ပေးလိမ့်မည်။ ခွန်အားဖြစ်သော ဘုရားသခင်ကိုသိရှိပြီး ခွန်အား‌တောင်းခံသော အခါ ဘဝမှာ ဘုရားပေးသော ခွန်အားများ နှင့်ပြည့်ဝလာပြီး၊ ကိုယ့်အသက်တာမှာလည်း ဘုရားသခင်ခွန်အားနှင့်မောင်းနှင်ကာ သူတစ်ပါးကို ခွန်အားမျှဝေပေးလာ နိုင်မှာဖြစ်သည်။
    ဆင်ခြင်ရန် - ကိုယ့်ဘဝကို ဘုရားသခင်ထံ အပ်နှံပြီး မိသားစုကိစ္စများအတွင်း၊ နေ့စဥ်လုပ်ငန်း၊ ဓမ္မအမှုဆောင်ခြင်းများတွင် ဘုရားသခင်သည် ကျွန်ုပ်တို့ရဲ့ ခွန်အားဖြစ်ပါစေ။ သင့်ဘဝ၏ နယ်ပယ်တိုင်းတွင် ဘုရားသခင် စိုးစံပါစေ။ သူ၏နှုတ်ကပတ်တော်သည် သင့်ဘဝရွေးချယ်မှုတိုင်းတွင် ခိုင်မာသောအခြေခံအုတ်မြစ်အဖြစ် ထမ်းဆောင်ပါစေ။
    ဆုတောင်းရန် - ကျွန်ုပ်၏ခွန်အားဖြစ်တော်မူသော ထာဝရမြတ်စွာ သောဘုရားသခင်၊ ကိုယ်တော်ကိုသာ ခိုလှုံကိုးစားပါတယ်။ ကျွန်ုပ်တို့ရဲ့ အားနည်းခြင်းအဖြစ်မှ ကိုယ်တော်ပေးသောခွန်အားများဖြင့် အရာရာကိုရင်ဆိုင်နိုင်သော အစွမ်းသတ္တိများဖြစ်စေပါ။ အာမင်

ความคิดเห็น •