Mahasi Dhamma 24/7 - မဟာစည်တရားတော်များ ၂၄/၇

แชร์
ฝัง
  • เผยแพร่เมื่อ 10 ก.ย. 2024
  • မဟာစည်ဆရာတော်ဘုရားကြီး၏ တရားတော်များကို ၂၄-နာရီပတ်လုံး လွင့်ပေးနေသည့် Channel ဖြစ်ပါသည်။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် က ၂၀၂၃-ခုနှစ် အောက်တိုဘာလ ၂၂-ရက် မှစတင်၍ လွင့်တင်ထားရှိပါသည်။
    __________________________________________________________________________
    မဟာစည် ဆရာတော်ဘုရားကြီး ဟောကြားသော ဤ “ဓမ္မစကြာ တရားတော်” ကို သာသနာနှစ်၂၅၀၀-ပြည့်၊ ၁၃၁၉-ခု၊ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ (၁၁၊ ၀၇၊ ၁၉၅၇) တွင် မြန်မာ့အသံမှ ထုတ်လွှင့်ခဲ့သည်။
    “မြတ်စွာဘုရားဟာ အလောင်းတော်ဘဝက သက်တော် ၂၉-နှစ်တိုင်အောင် ကာမသုခလ္လိကလမ်းကို လိုက်ခဲ့တယ်။ ဒုက္ကရစရိယအကျင့်ကို ကျင့်နေတုန်းကလဲ အတ္တကိလမထလမ်းကို လိုက်ခဲ့တယ်။ နောက်ကာလမှာတော့ ထိုလမ်းမှား ၂-ခုလုံးကို ပယ်စွန့်ပြီး မဇ္ဈိမပဋိပဒါ ခေါ်တဲ့ အလယ်လမ်းမှန်အတိုင်း ကျင့်ပြီးတော့ သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့တယ်။ ဒါကို ရည်ရွယ်ပြီးတော့ “ဧတေ ခေါ ဘိက္ခဝေ ဥဘော အန္တေ အနုပဂမ္မ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ” လို့ ဒီလို ဟောထားပါတယ်။”
    “မြတ်စွာဘုရား သိလာတဲ့ မဇ္ဈိမပဋိပဒါ-အလယ်အလတ်အကျင့်ဆိုတာ မဂ္ဂင် ၈-ပါးပဲ ဖြစ်ပါတယ်။ မဂ္ဂင် ၈-ပါးထဲက သမ္မာဒိဋ္ဌိ တစ်ခုကို ပြောလိုက်ရင် သူ့ရဲ့ နောက်ပါအခြံအရံဖြစ်တဲ့ မဂ္ဂင် ၇-ပါးကိုလဲ ပြောပြီးသား ဖြစ်သွားပါတယ်။ ဒါ့ကြောင့် သမ္မာဒိဋ္ဌိတစ်ခုကိုပဲ အနည်းငယ် ထုတ်ဖော်ပြီး ပြောပြပါမယ်။”
    “အဋ္ဌကထာများမှာ ဒီ သမ္မာဒိဋ္ဌိကို ၆-မျိုး ဝေဖန်ပြထားပါတယ်။ ၁-ကမ္မဿကတာသမ္မာဒိဋ္ဌိ၊ ၂-ဈာနသမ္မာဒိဋ္ဌိ၊ ၃-ဝိပဿနာသမ္မာဋ္ဌိ၊ ၄-မဂ္ဂသမ္မာဋ္ဌိ၊ ၅-ဖလသမ္မာဒိဋ္ဌိ၊ ၆-ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိ-တဲ့။ ဒီ ၆-ပါး ပြထားပါတယ်။ ဒီထဲမှာ ဖလသမ္မာဒိဋ္ဌိနဲ့ ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိ-ဆိုတာကတော့ အရိယမဂ်ရဲ့ အကျိုးတရားများ ဖြစ်နေတဲ့အတွက် ဒီ မဇ္ဈိမပဋိပဒါအကျင့်ထဲမှာ ထည့်သွင်းပြောဖို့ မလိုပါဘူး။”
    “ကမ္မဿကတာသမ္မာဒိဋ္ဌိ” ဆိုတာ မိမိကိုယ်တိုင် ပြုထားတဲ့ ကောင်းမှုကံ၊ မကောင်းမှုကံအားလျော်စွာ ကောင်းကျိုး၊ ဆိုးကျိုးကို ခံစားရတယ်-လို့ ယုံကြည်သိမြင်တာကိုပဲ ဆိုလိုပါတယ်။ ဒီ ကံ၊ ကံ၏အကျိုးကို ယုံကြည်တဲ့ သမ္မာဒိဋ္ဌိဟာ အရေးကြီးပါတယ်။ ဒီသမ္မာဒိဋ္ဌိအယူ ရှိပါမှ ဒါန၊ သီလစသော ကောင်းမှုတွေ ကောင်းကောင်း ဖြစ်ပွားနိုင်ပါတယ်။ ဘာဝနာကိုလဲ အားထုတ်ပြီးတော့ မဂ်ဖိုလ်ကို ရနိုင်ပါတယ်။"
    "ဒါ့ကြောင့် နိဗ္ဗာန် မဂ်ဖိုလ်ကို ရည်မှန်းပြီး ဒါန၊ သီလစသော ကုသိုလ်ကို ပြုတိုင်းပြုတိုင်း ဒီကမ္မဿကတာသမ္မာဒိဋ္ဌိဟာ သမ္မာသင်္ကပ္ပစသော သူ့အခြံအရံ မဂ္ဂင်များနှင့်တကွ ဖြစ်ပွားနေပါတယ်။ ဒီမဂ္ဂင်တရားများရဲ့ အစွမ်းကြောင့် အဲဒီ ဒါန၊ သီလကုသိုလ်များက ယခုဘဝလို မဂ်ဖိုလ်ရနိုင်တဲ့ ဘဝကောင်းကို ပို့ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဒီကမ္မဿကတာသမ္မာဒိဋ္ဌိလဲ နိဗ္ဗာန်ရောက်ကြောင်းတရား-လို့ မှတ်ယူရပါတယ်။"
    __________________________________________________________________________
    ကမ္ဘာအရပ်ရပ်တရားလိုလားသူများ လွယ်ကူစွာနာယူနိုင်ကြသည့် မဟာစည်တရားတော်များ ၂၄/၇ ပြန့်ပွားရေးကုသိုလ်ပါဝင်လိုသူများသည် မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင် ဖုန်း- ၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉၅၂၁၉၈၈၀၂ နှင့် mahasi.meditationcenter@gmail.com များထံ ဆက်သွယ်နိုင်စုံစမ်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
    -------------------
    မဟာစည် တရားတော်များကို နာယူသည့်အခါ တရားတော်အချို့တွင် အနည်းငယ် အသံ မကြည်လင်ခြင်း၊ အသံ‌ နှေးခြင်း၊ အသံ မြန်ခြင်းတို့ ပါရှိသည်ကို သတိပြုမိကြပါလိမ့်မည်။ အကြောင်းမှာ အသံဖမ်းယူစဉ်က အသုံးပြုခဲ့သည့် ၇” တိပ်ရီကော်ဒါစက်များ၏ နည်းပညာနှင့် တိပ်ခွေများကို ကော်ပီပွားရယူသည့်အခါ တိပ်ရီကော်ဒါစက် မော်တာမြန်နှုူန်းများ အနည်းငယ် ကွာခြားခြင်းကြောင့် ဖြစ်ပါသည်။
    မဟာစည် မီဒီယာအဖွဲ့အနေဖြင့် ၁၃၈၅-ခုနှစ် သီတင်းကျွတ်လမှစ၍ တရားတော်များကို လွှင့်ထုတ်ရာတွင် (၁) တရားတော် အသံများကို မူရင်းအတိုင်း ထားရှိလိုခြင်း၊ (၂) ရှေးက ဖမ်းယူခဲ့သည့် အသံအတိုင်း တရားနာပရိသတ်တို့အား နာယူစေလိုခြင်းတို့ကြောင့် တရားတော် အသံများကို တည်းဖြတ်ခြင်း၊ ပေါင်းစပ်ခြင်း၊ ထုတ်ပယ်ခြင်း၊ အသံ အရည်အသွေး ပြုပြင်ခြင်းတို့ ပြုလုပ်မထားပါ။ သို့သော် နာယူရန် ခက်ခဲနေသည့် တရားတော်အနည်းငယ်ကိုမူ နာယူရန်အဆင့် အသံအရည်အသွေးရရှိရန် Digital Audio Editing Software အသုံးပြု၍ တည်းဖြတ်ပြင်ဆင်ထားကြောင်း အသိပေးအပ်ပါသည်။

ความคิดเห็น •