Lime Pickles ( သံပုရာသီးသနပ် လုပ်နည်း, သံပုရာသီး ဆားရည်စိမ်နည်း )

แชร์
ฝัง
  • เผยแพร่เมื่อ 6 ต.ค. 2024
  • 🍋 သံပုရာသီးသနပ် လုပ်နည်း
    🍋 သံပုရာသီး ဆားရည်စိမ်နည်း
    မှတ်ချက်
    *********
    သံပုရာသီး ဆားရည်စိမ်
    💢မြန်မြန် စားချင်လျှင်
    အကွင်းလိုက်လှီး၍ ဆားနဲ့နယ်ပြီး ဆားရည်စိမ်နိုင်ပါသည်။
    💢၁ လ အတွင်း စားလိုလျှင်
    ဓါးမွှန်း ဆားသိပ်၍ ဆားရည်စိမ်နိုင်ပါသည်။
    💢နှစ်ပေါက်အောင် ထားလိုလျှင်
    ဆားတစ်ထပ် သုံပုရာသီးတစ်ထပ်
    ဆားတစ်ထပ် သုံပုရာသီးတစ်ထပ် နည်းဖြင့်
    ဆားရည်စိမ်နိုင်ပါသည်။
    🔴 အရေးကြီးဆုံးအချက်မှာ ဆားရည်စိမ်ပုလင်းကို
    🔴 ညနေခင်း နေကျတဲ့နေရာမှာထားရန်ဖြစ်ပါသည်။
    🔴 နေမရလျှင် မှိုတက်လိမ့်မည်။
    🔴 ၃ ကျရီ ၄ ကျရီ ကျနေထိုးသည့်နေရာသည်
    🔴 အကောင်းဆုံးဖြစ်ပါသည်။
    🔴 မိမိလိုသလောက် နှိုက် နှိုက်သုံးပါ။
    🔴 ပုလင်းကို နေရာရွှေ့ရန် မလိုပါ။
    ​🍋အရသာမထည့်သော သံပုရာသီး သနပ်သည်
    ဒံပေါက်နှင့် တွဲဖက်စားလျှင် အအီပြေသဖြင့်
    အလွန် လိုက်ဖက်ပါသည်။
    🍋 အရသာမှုန့်နှင့်နယ်ထားသော သံပုရာသီး သနပ်သည်
    နံနက်ခင်း ထမင်းနှင်​့ ပဲပြုတ်ကို ဆီစမ်းပြီးစားလျှင်
    အလွန်လိုက်ဖက်ပါသည်။
    🍋အချို့က သကြား ( သို့ ) ဆေးသကြားဖြင့်လုပ်သော
    သံပုရာသီး သနပ်အချိုကို ကြိုက်ကြပါသည်။
    ( ကျမကတော့ သံပုရာသီးသနပ် အချိုကို မကြိုက်ပါ )
    မိမိနှစ်သက်တဲ့နည်းဖြင့် လုပ်စားနိုင်ပါသည်။
    သံပုရာသီး မရှိပါက
    သံပုယိုသီးနှင့်လည်း လုပ်နိုင်ပါသည်။
    🔺အလုံးလိုက်စိမ်ထားသော သံပုရာသီး ဆားရည်စိမ်ကို
    🔺အလုံးလိုက် ဖြစ်စေ
    🔺လေးစိပ်စိပ်၍ ဖြစ်စေ
    🔺 အတုံး ခပ်သေးသေးတုံး၍ ဖြစ်စေ
    🔺မိမိနှစ်သက်သလို သံပုရာသီးသနပ် လုပ်နိုင်ပါသည်။
    ပဲခူး ဒေါ်ထွေးရီ
    1.11.2020

ความคิดเห็น • 8

  • @yelwin9018
    @yelwin9018 2 ปีที่แล้ว

    ကျေးဇူးတင်ပါတယ်။သံပရာသီးအ
    ကြာကြီးခံနည်းသိရတာ။

  • @SnowQueen-nc7tx
    @SnowQueen-nc7tx 2 หลายเดือนก่อน

    ကျေးဇူးတင်ပါတယ်နော်

  • @thewildrose09
    @thewildrose09 2 ปีที่แล้ว

    သံပရာသီးသနပ်ကိုသံပရာသီးကိုပြုပ်ပီးလုပ်လို့ရလား ကျေးဇူးပြုပီးပြောပြပေးပါ

  • @bhbabygaming632
    @bhbabygaming632 2 ปีที่แล้ว

    ကော်ပုလင်းနဲ့ရလာ..မှန်ပုလင်းဘဲသုံးရမလာ

  • @khinlunn1810
    @khinlunn1810 3 ปีที่แล้ว +1

    သံပုရာသနပ်လုပ်နည်းမှာ သံပရာဘယ်နှလုံးနဲ့ ပါဝင်ပစ္စည်းတွေအချိုးအဆ ထည့်သွင်းပေးရင် ပိုပြည့်စုံမယ်ထင်ပါတယ်

  • @AyeAye-nx3db
    @AyeAye-nx3db 2 ปีที่แล้ว

    ခုကမိုးရာသီဗျ

  • @kalayarkalayar6865
    @kalayarkalayar6865 ปีที่แล้ว

    ရေထည့်မစိမ်ရဘူးပေါ့

  • @AyeAye-nx3db
    @AyeAye-nx3db 2 ปีที่แล้ว

    ခုနေပူခုမိုးရွာ