ရေတံခွန် - မင်းခိုက်စိုးစန်

แชร์
ฝัง
  • เผยแพร่เมื่อ 6 ก.ย. 2024
  • ရေတံခွန်
    -----------------------------------------
    (၁)
    စီးဆင်းခွင့် မရဘူး ၊
    ရေတွေ ... အရုပ်ကြိုးပြတ်
    ပြုတ် .. ပြုတ်ကျနေတာ ။
    (၂)
    ရေတံခွန်.. တဲ့ ၊
    လူတွေရဲ့ မျက်စိထဲမှာ ကြည့်ကောင်းဖို့ အတွက် သက်သက်
    ရေစက်တွေဟာ ဟိုး .. အမြင့်ကနေ ခုန်ချ
    သူတို့ ကိုယ် သူတို့
    အဆုံး စီရင် လိုက်ကြတာလား ...
    (၃)
    ဒါမျိုးက ဖြစ်နေကျမို့ပါ ၊
    ငါ့ ကုတ်အင်္ကျ ီ မှာ အပေါက်ပြဲရာ အဖာရာ ဗလပွနဲ့
    ငါ ချစ်တဲ့ နိုင်ငံတော် မှာလည်း အပေါက်ပြဲရာ အဖာရာ ဗလပွနဲ့ ၊
    (၄)
    ချစ်လှစွာသော လူကြီးမင်းများ ခင်ဗျား ...
    လွမ်းသူ့ပန်းခွေ လောက်တော့ ပို့သင့်ပါတယ် ၊
    တချို့ဘဝတွေ ကြည့်ကောင်းဖို့ အတွက်
    တချို့ဘဝတွေ က သေသေကြေကြေ
    ခုန်ချပေးနေရတာကိုလေ ...
    #မင်းခိုက်စိုးစန်
    ၂၀၁၉

ความคิดเห็น • 1

  • @waizaw2576
    @waizaw2576 2 ปีที่แล้ว +1

    😢😢😢