⛰International Mountain Day⛰11.12.2023

แชร์
ฝัง
  • เผยแพร่เมื่อ 26 ส.ค. 2024
  • တောင်​တွေဟာ လှတယ်
    ​တောင်တက်ရတာက စိတ်လှုပ်ရှားစရာ​ကောင်းပါတယ်။
    ​တောင်​တွေဟာ ကမ္ဘာရဲ့အထူးခြားဆုံး​သောသွင်ပြင်တခုဖြစ်ပါတယ်။
    ကျမတို့အတွက် ​ကမ္ဘာကြီးအတွက် တောင်​တွေ လိုအပ်ပါတယ်။​​တောင်​​တွေက​ သက်ရှိ​တွေအတွက် ရေချို၊အစားအစာ၊သန့်ရှင်းတဲ့စွမ်းအင်၊​ဆေးဝါးနဲ့အကာအကွယ် တို့ကို​ပေးပါတယ်။
    UN က နှစ်စဥ် December11 ရက်​နေ့ကို International Mountain Day (အပြည်ပြည်ဆိုင်ရာ​တောင်တန်း​နေ့)အဖြစ် သတ်မှတ်​ပေးခဲ့ပြီး 2003 ခုနစ်ကတည်းက စတင်ကျင်းပလာတာ 2023 မှာ နှစ်20 ပြည့်ပါပြီ။
    2023 ခုနစ်အတွက်​ဆောင်ပုဒ်က​တော့ "Restoring #2023 #travel #history #myanmar Mountain Ecosystems"(​တောင်တန်း​ဂေဟစနစ်များပြန်လည်ထူ​ထောင်ခြင်း)ဖြစ်ပါတယ်။
    ​​တောင်တန်းဂေဟစနစ်​တွေရဲ့ အ​ရေးပါပုံကို သတိပြုမိ​စေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
    ​တောင်တန်း​ဂေဟစနစ်ကို ပြန်လည်ထူ​ထောင်တဲ့အခါ မှာ သဘာဝကိုအ​ခြေခံတဲ့​ဖြေရှင်းနည်း​တွေထဲက တခုက​တော့ သစ်​တောဖုံးလွှမ်းမှု ဧရိယာကို တိုးမြှင့်တာပါ။
    ဒီနည်းဟာ​မြေဆီလွှာကိုထိန်းနိုင်တယ်။​မြေပြိုတာ၊တိုက်စားတာ၊​ရေကြီး​ရေလျှံတာလိုမျိုး သဘာဝ​ဘေးအန္တရာယ်​တွေကို ကာကွယ်နိုင်တယ်။
    စိုက်ပျိုးသစ်​တောလိုမျိုးနည်းစနစ်​တွေကလည်း ​ပြောင်းလဲလာတဲ့ ရာသီဥတုပုံစံ​တွေကို ရင်ဆိုင်တဲ့​နေရာမှာ ပိုပြီးခံနိုင်ရည်ရှိနိုင်ပါတယ်။
    အ​ရေးကြီးတဲ့ ကဏ္ဍတခုက​တော့ ​​ဒေသခံတိုင်းရင်းသား​တွေရဲ့ အသိပညာ၊ သဘာဝအရင်းအမြစ်​တွေကို ​ရေရှည်တည်တံ့ခိုင်မြဲ​အောင် အသုံးချနိုင်တဲ့ နည်း​တွေကို နားလည်သိရှိ​ဆောင်ရွက်နိုင်တာကလည်း မရှိမဖြစ်လိုအပ်တဲ့ အရင်းအမြစ်တခုဖြစ်ပါတယ်။
    ​တောင်​တွေဟာ ကျမတို့ရဲ့ အသက်ရှင်​နေထိုင်မှုကို အများကြီးအကျိုး​ကျေးဇူးသက်​ရောက်မှုရှိပါတယ်။
    ဒါ​ကြောင့် ​တောင်​တွေကို ဝိုင်းဝန်းကာကွယ်ကြရ​အောင်ပါ။
    🏔🎊Happy International Mountain Day 🎉🌿

ความคิดเห็น • 2

  • @arkar1082
    @arkar1082 8 หลายเดือนก่อน

    👍🏾👍🏾👍🏾👍🏾