နေ့စဉ်ခွန်အား | ၂၀၂၄ ခုနှစ်၊ ‌ဇွန်လ (၇) ရက်

แชร์
ฝัง
  • เผยแพร่เมื่อ 5 มิ.ย. 2024
  • စွန့်ကြဲခြင်း၌ ပျော်ရွှင်ခြင်း
    myanmar-odb.or...
    / myanmar.odb
    / ourdailybreadmyanmar
    ယနေ့ဖတ်ရန်ကျမ်းချက် - တမန်တော်ဝတ္ထု ၂၀: ၁၇-၂၄၊ ၃၄-၃၅
    odb-ministries...
    ထင်ဟပ်ဖော်ပြချက်
    စွန့်ကြဲခြင်း၌ ပျော်ရွှင်ခြင်း
    သခင်ယေရှုကို ယုံကြည်သူတို့ ဝမ်းမြောက်စွာ ပေးလှူပေးကမ်းခြင်းတွင် စိတ်နှလုံးအကြွင်းမဲ့နှင့် ကိုယ်စိတ်နှလုံးအပြည့်နှင့် ပြုသင့်သည်။ ရှင်ပေါလု၏ ဧဖက်မြို့အသင်းတော်၌ အမှုဆောင်ခြင်းတွင် ဤအချက်ကို သရုပ်ပြဖော်ပြထားသည်။ သူ၏အမှုတော်၌ ကရုဏာချစ်ခြင်း၊ ကြားနာသူတို့၏စိတ်ဝိညာဥ်ကို ထိတွေ့ခဲ့သည့် ရဲရင့်စွာ ဟောပြောခြင်းနှင့် သွန်သင်ခြင်းတို့ ပါဝင်သည်။ “သင်တို့အကျိုးပြုစုရာတစ်စုံတစ်ရာကိုမှ ငါမထိမ်မဝှက်။ လူစုဝေးရာ၌ လည်းကောင်း၊ အိမ်များ၌လည်းကောင်း သင်တို့အား ဟောပြော၍ ဆုံးမဩဝါဒပေး”သည် (တမန်တော်ဝတ္ထု ၂၀:၂၀)။ သို့ငြားလည်း ရှင်ပေါလု၏အမှုတော်က အပြောအဟောနှင့် မပြီးပါ။ သူကိုယ်တိုင်အတွက်နှင့် အခြားသူတို့အတွက် သူလုပ်ကျွေး ပြုစုမှုများ ရှိပေသည် (:၃၄)။ ထိုသို့ မိမိကိုယ်ကို ပေးဆပ်မှုအားဖြင့် ရှင်ပေါလုသည် “အစွန့်အကြဲခံခြင်းအရာထက် စွန့်ကြဲခြင်းအရာသည် သာ၍ မင်္ဂလာရှိသည်” (:၃၅) ဟု သွန်သင်တော်မူသည့် ခရစ်တော်၏စံနမူနာကို အတုယူခဲ့ပေသည်။
    စာရေးသူ အာသာဂျက်ဆင်

ความคิดเห็น •