"ရောင်းအားအနေနဲ့တော့ တစ်ရက်ကို ရှစ်သိန်း ၊ ၁၀သိန်းဖိုးလောက် ရောင်းရပါတယ်"

แชร์
ฝัง
  • เผยแพร่เมื่อ 12 ก.ย. 2024
  • "လွန်ခဲ့တဲ့ ၂၆နှစ်လောက်ကတည်းကစိတ်ပင်ပန်းလူပင်ပန်းခံပြီး ကြိုးစားရောင်းချဖြစ်ခဲ့တာပါ။ အရင်တုန်းကတော့ ပုဇွန်တောင်မှာ စဖွင့်ခဲ့တာပါ။ တစ်လိပ် ၂၀နဲ့ စရောင်းခဲ့တာပေါ့၊ အခုတော့ တစ်ထောင်ဖိုး ၃ ခု အချိန်ဖြစ်လာပြီ။ ကျွန်တော်ဆိုင်မှာ ငယ်ငယ်လေးကတည်းက စားခဲ့တဲ့ ကလေးတွေတောင် အခု အရာရှိကြီးတွေ ဖြစ်သူကဖြစ်ကုန်ပြီ၊ အခက်အခဲအမျိုးမျိုးကြားက တော်တော်ကြီးလုံ့လစိုက် ရုန်းကန်ခဲ့ကြရတာ၊ အားပေးတဲ့ ဖောက်သည်တွေကိုလည်း အထူးကျေးဇူးတင်ရပါတယ် "ဆိုတဲ့ .. ကော်ပြန့်နဲ့ တရုတ်အစားအစာ အစုံရတဲ့ ဗိုလ်စိန်မှန် ထိပ်က တရုတ်ဇော်ကော်ပြန့်ဆိုင် လေး ..
    "တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းတွေထဲမှာနာမည်ကြီး ကော်ပြန့်ကြော်ဆိုင်အဖြစ် နှစ်ပေါင်းများစွာရပ်တည်နိုင်ခဲ့တဲ့ တရုတ်ဇော် ကော်ပြန့်ဆိုင်နဲ့ တရုတ်စားသောက် ဆိုင်ရှင် ဦးအောင်ကျော်စိုးနဲ့ အခုလို တွေ့ဆုံမေးမြန်းခဲ့တာဖြစ်ပါတယ် "။
    "တစ်နေ့၁၀သိန်းဖိုးလောက် လက်မလည်အောင်ရောင်းချရတဲ့ ဗိုလ်စိန်မှန် ကော်ပြန့်ကြော်ဆိုင်"
    အနုပညာသတင်းထူးများကို အချိန်နဲ့တစ်ပြေးညီတင်ဆက်ပေးနေတဲ့ Sunday Mediaရဲ့သတင်းထူးများကို ကြည့်ချင်ရင်တော့ Subscribeလုပ်ပြီးဘေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ဖို့မမေ့နဲ့နော်၊။
    #SundayjournalMyanmar

ความคิดเห็น • 16

  • @kyimyint9718
    @kyimyint9718 4 หลายเดือนก่อน

    မြင်တာနဲ့စားချင်လါတယ်၊ ကျေးဇူးတင်ပါတယ်။

  • @sandar9481
    @sandar9481 2 ปีที่แล้ว +1

    ရုန်းကန်မှုနဲ့အောင်မြင်ရတာ ဝမ်းသာစရာ
    ဆိုင်ပိုင်ရှင်က စေတနာကောင်းမယ့်ပုံ စိတ်ကြည်လို့ရုပ်ကြည်လင်နေတာပဲ တောင်ငူမပို့ဘူးလား

  • @waywaylwin1881
    @waywaylwin1881 2 ปีที่แล้ว

    I wish you all the best in your life

  • @chocopie3184
    @chocopie3184 2 ปีที่แล้ว

    ကျမတို့နားကပါ
    အရမ်းစားကောင်းပါတယ်အရင်က
    စားဖိုဆောင်က လူပြောင်းသွားလို့လားမသိဘူး
    ဟိုအရင်ငယ်ငယ်တုန်းကအရမ်းစားကောင်းတယ်
    နေတိုင်းမနက်စာစားနေကြ

    • @sunandarmyint
      @sunandarmyint 8 หลายเดือนก่อน

      ဘယ်နားကလည်း

  • @mamalay6140
    @mamalay6140 2 ปีที่แล้ว +1

    ဘယ်နားလဲမသိနော်
    နေရာလေး?

  • @tdnan2334
    @tdnan2334 2 ปีที่แล้ว

    မြင်တယ်။မစားဖူးဘူး။ကားပေါ်မှ ဘဲမြင်။စားချင်နေတာ။

  • @naydarly233
    @naydarly233 2 ปีที่แล้ว +1

    ဂျက်လီနဲ့တူတယ်

  • @sayaralexvlog3986
    @sayaralexvlog3986 2 ปีที่แล้ว

    Arr Kya Sa Yar Gyi

  • @lekznaka
    @lekznaka 2 ปีที่แล้ว

    ဆိုင်ကဘယ်နားမှာလဲ

  • @manaing2791
    @manaing2791 2 ปีที่แล้ว

    ကော်ပြန့်ကျော်
    deli
    ရလားအကိုကြီး

    • @aungsoe2490
      @aungsoe2490 2 ปีที่แล้ว

      ရပါတယ် ခင်ဗျာ

  • @user-uv1qk9rr5l
    @user-uv1qk9rr5l 2 ปีที่แล้ว

    အကို့ဆိုင်မှာစား‌နေကြပါ ဝတုတ်‌လေး‌တို 2‌ယောက်‌ကော

    • @user-uv1qk9rr5l
      @user-uv1qk9rr5l 2 ปีที่แล้ว

      အရင်က အကိုတို့နားကကူရှင်ဆိုင်က ပါ အခု‌တော့ထိုင်းမှာ

    • @aungsoe2490
      @aungsoe2490 2 ปีที่แล้ว

      ဟုပ်ကဲ့ပါ
      တစ်ယောက်ကတော့ အိမ်ထောင်ကျပါပြီ