မနက် ည ဖွင့်ရန် ကံကောင်းပြီး လာဘ်လာဘတိုး၍ ကုသိုလ်ပွားစေဖို့ ပဌာန်း ပရိတ် တရားတော်များ နာကြားကြစို့ 🙏

แชร์
ฝัง
  • เผยแพร่เมื่อ 20 ก.ย. 2024
  • မနက် ည ဖွင့်ရန် ကံကောင်းပြီး လာဘ်လာဘတိုး၍ ကုသိုလ်ပွားစေဖို့ ပဌာန်း ပရိတ် တရားတော်များ နာကြားကြစို့ 🙏
    ပဋ္ဌာန်းရွတ်ဆိုခြင်းကြောင့်ရနိုင်သောအကျိုးတရားများ
    ●●●●●●●●●●●●●
    ပဋ္ဌာန်းတရားတော်များကို ရွတ်ဆိုပူဇော်ခြင်း၊သင်ကြားနာယူခြင်း၏အကျိုးတရားများမှာ
    (၁)။လင်းနို့သားဖြစ်ခဲ့ဖူးသော ရဟန်းတော်များကဲ့သို့
    ရုပ်နာမ် ဓမ္မ ခန္ဓာစဉ် သဘာဝပိုင်းခြား ဝေဖန်တတ်သော
    နာမရူပ ပရိစ္ဆေဒဉာဏ်ရင့်သန်စေခြင်းဟူသော
    ပထမအကျိုးတရား။
    (၂)။မဂ်၊ဖိုလ်နိဗ္ဗာန် ရောက်ရာလမ်းကြောင်း အထောက်အပ့ံကောင်း ဖြစ်နိုင်ခြင်းဟူသော ဒုတိယအကျိုးတရား။
    (၃)။ဘေးဥပါဒ် အန္တရာယ် ရန်အသွယ်သွယ်တို့မှ ကင်းဝေး၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာအေးမြခြင်းဟူသော တတိယအကျိုးတရား။
    (၄)။ကျက်သရေမင်္ဂလာအဖြာဖြာတို့နှင့်ပြည့်စုံခြင်းဟူသော စတုတ္ထအကျိုးတရား များရရှိနိုင်ပါတယ်။ပဋ္ဌာန်းရွတ်ဆို ပွားများခြင်းသည်ဓမ္မဒေသနာကုသိုလ်ဖြစ်ရုံမက သာသနဓမ္မာနုရက္ခိတသာသနာတော်၏ တရားတော်ကို လူ့နှလုံးသားထဲမှာ စောင့်ရှောက်ထိန်းသိမ်းခိုင်မြဲအောင်
    ပြုလုပ်ရာရောက်လို့ ကုသိုလ်ထူးများ အကျိုးတရားထူးများ
    ရနိုင်ပါတယ်။
    အဘိဓမ္မာပြန့်ပွားရေးအသင်းများ၊
    အဘိဓမ္မာစာမေးပွဲများ၊
    အဘိဓမ္မာသင်တန်းများ၊ပဋ္ဌာန်းသင်တန်းများ၊
    အသံမစဲပဋ္ဌာန်းပူဇော်ပွဲများကိုလုပ်ကိုင်ဆောင်ရွတ်နေကြတာဟာဖြင့် ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးအတွက် အလွန်ဂုဏ်ယူစရာကောင်းတဲ့လုပ်ရပ်တွေပဲ
    ဖြစ်ပါတယ်။ ထို့ကြောင့်မိမိတို့အနေနဲ့ အဘိဓမ္မာပဋ္ဌာန်းတရားတော်များကို တိုးတက်သည်ထက်တိုးတက်အောင် ပြန့်ပွားသည်ထက်ပြန့်ပွားအောင်အကုသိုလ်
    စိတ်ကင်းရှင်းစွာဖြင့် စိတ်ဓာတ်ကို ကြည်ကြည်လင်လင်ထားရှိပြီး ပဋ္ဌာန်းတရားတော်ကြီးကိုရွတ်ဖတ်ကြပါ။
    နာယူကြပါ။

ความคิดเห็น •