BLANK (Produced By Humancolor)

แชร์
ฝัง
  • เผยแพร่เมื่อ 16 ต.ค. 2022
  • ဒီမှတ်တမ်းမှာ စစ်ကောင်စီတပ်ရဲ့ စီးနင်းပစ်ခတ်မှုကြောင့် ကျဆုံသွားတဲ့ အခြေခံကျောင်းသားများ သမဂ္ဂ(အကသ) ဥက္ကဌ ကိုညီမင်းသူရဲ့ မိဘနှစ်ပါးရဲ့ နိုင်ငံရေး ခံယူချက်၊ သားဖြစ်သူအပေါ် သဘောထားနဲ့ သားဖြစ်သူအတွက်လိုချင်တဲ့ တရားမျှတမှုတို့ကို ကြည့်ရှုရမှာဖြစ်ပါတယ်။
    မှတ်ချက် - အခုဗီဒီယိုသည် Asia Justice and Rights မှပေးပို့သည့် ဗီဒီယိုဖြစ်သည်။
    မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဆိုးရွားပြင်းထန်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှ စတင်တာမဟုတ်ပဲ လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ ပိုပြီး ဖြစ်ပွားခဲ့ပါတယ်။ ဒီလိုအဖြစ်များ နေခဲ့ပေမယ့် စစ်တပ်ရဲ့ကျူးလွန်မှုတွေကို အထူးသဖြင့် ပြည်မမှာ ရှိနေတဲ့ လူထုအချို့က သတိမမူမိခဲ့ကြပါ။ ၂၀၂၁ ခုနှစ် စစ်တပ်က မတရား အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်ကို ဆန်ကျင့်တဲ့ လူမှန်သမျှ လူမျိုးမရွေး၊ ဘာသာမရွေး လူထုရဲ့ အိမ်တံခါး၀ကို ချိုးဖေါက်မှုတွေက လာခေါက်တော့တာပါပဲ။ လူ့အခွင့်အရေးချိုးဖောက်မှုဟာ မြန်မာပြည် တပြည်လုံး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီဖြစ်ပါတယ်။ ဒီအကျိုးဆက်ကို မြန်မာပြည်သူလူထုတစ်ရပ်လုံး နိစ္စဓူဝ (နေ့တဓူ၀) ကြုံတွေ့ခံစားနေရပြီဖြစ်ပါတယ်။
    လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ခံရတဲ့သူများအတွက် တရားမျှတမှုရရှိစေဖို့ဆိုတာက ကျမတို့ရဲ့ လုပ်ငန်း၊ အနာဂတ် နဲ့ မျိုးဆက်တွေအတွက် အင်မတန်အရေးကြီးပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနဲ့ အရပ်ဖက်အဖွဲ့အစည်းများဟာ တရားမျှတမှု ရရှိရေးက ဦးစားပေးဖြစ်ပါတယ်။
    လူ့အခွင့်အရေးချိုးဖေါက်မှု ကျူးလွန်ခံရတဲ့သူများအတွက် တရားမျှတမှုရရှိစေဖို့ဆိုတာက ကျမတို့ အနာဂတ်၊ ကျမတို့ မျိုးဆက်တွေရဲ့ အနာဂတ်အတွက် အထူးအရေးကြီးတဲ့ လုပ်ငန်းတစ်ရပ် ဖြစ်ပါတယ်။ ယခုဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနဲ့ အရပ်ဖက်အဖွဲ့အစည်းများအတွက် တရားမျှတမှုရရှိရေးဟာ ဦးစားပေးဖြစ်ပါတယ်။ အာရှတရား မျှတမှု နှင့် လူ့အခွင့်အရေးဆိုင်ရာအဖွဲ့ (Asia Justice and Rights) အနေဖြင့် ချိုးဖေါက်ခံရသူများ၊ ရှင်သန်လွတ်မြောက်သူများအတွက် တရားမျှတမှုရရှိစေရေး၊ ချိုးဖေါက်မှု ကျူးလွန်သူများ တာဝန်ယူ၊ တာဝန်ခံမှုရှိစေရေး၊ ပြစ်ဒဏ်ပေးခံရခြင်းမှ ကင်းလွတ်ခွင့်ရရှိနေမှုအား တိုက်ဖျက်ရေးအတွက် တတ်အားသမျှ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်နေကြပါတယ်။ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်မှာ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု လုပ်ငန်းစဉ်များက များစွာအထောက်အကူပြုပါလိမ့်မယ်။
    ၂၀၂၁ ခုနစ် အာဏာသိမ်းမှု အပြီးမှာ ထပ်မံဖွဲ့စည်းခဲ့တဲ့ အခြေခံကျောင်းသားများ သမဂ္ဂ(အကသ)ရဲ့ ဥက္ကဌ ဖြစ်သူ ကိုညီမင်းသူနဲ့ သမဂ္ဂရဲဘော်တွေဟာ ရန်ကုန်မြို့မှာ ပြောက်ကြားသပိတ်တွေကို ဖော်ဆောင်ခဲ့ပါတယ်။ အာဏာသိမ်းမှု တစ်နှစ်ပြည့်အနေနဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၂၁) ရက်နေ့မှာ လူအင်အား လေးဆယ်ခန့်နဲ့ ပြောက်ကြားသပိတ်တစ်ခုကို ကျောက်တံတားမြို့နယ်မှာ ဖော်ဆောင်ခဲ့ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ကိုညီမင်းသူတို့ရဲ့ မရမ်းကုန်း မြို့နယ်မှာရှိတဲ့ Safe House ကို စစ်ကောင်စီက ခြေရာခံမိပြီး ဖေဖော်ဝါရီလ (၂၅) ရက်နေ့မှာ ၀င်ရောက် စီးနင်းခဲ့ပါတယ်။ ဒီစီးနင်းမှုအပြီးမှာ သမဂ္ဂရဲဘော်(၇)ဦး ဖမ်းဆီးခံခဲ့ရပြီး ကိုညီမင်းသူကတော့ ၀င်ရောက်စီးနင်းခံရတဲ့ နေရာမှာပဲ စစ်ကောင်စီ တပ်သားတွေရဲ့ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်မှာ ကိုညီမင်းသူ မိဘနှစ်ပါးရဲ့ နိုင်ငံရေး ခံယူချက်၊ သားဖြစ်သူအပေါ် သဘောထားနဲ့ သူတို့လိုချင်တဲ့ သားဖြစ်သူအတွက် တရားမျှတမှုကို ကြည့်ရှုရမှာဖြစ်ပါတယ်။
    Transitional Justice နှင့်ပတ်သက်၍ ပိုမိုသိရှိလေ့လာလိုပါက ဖော်ပြပါ websites များတွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
    Justice Resource Centre - justiceresourc...
    Transitional Justice In Burma - / transitionaljustice.burma
    E-learning website AJAR - elearning.asia...

ความคิดเห็น •