နာဂဆဒ္ဒန် ဘောလယ် ထား စောင်း ဦးဘသန်း ဆိုင်း စိန်လှမြိုင်

แชร์
ฝัง
  • เผยแพร่เมื่อ 5 ก.ย. 2024
  • ဂီတဝိသောဓနီ ဘောလယ် အမှတ် ၂။
    အိမ်ရှေ့မင်းမျက်မာန်တော်ပွားကြောင်းကို။ အိမ်ရှေ့ မိဖုရား • လှိုင်ထိပ်ခေါင်တင်မင်း... ရေးသော- နာဂဆဒ္ဒန် ခေ် ဘောလယ်။
    • ထား • စောင်း • ဦးဘသန်း • ဆိုင်း • စိန်လှမြိုင်
    nāgachaddanʻ, sandhemhanʻnhacʻpepa. khyinʻmūʺcacʻ-timʻtuikʻcaṃ. cakʻsvāʺsī lavaṅʻ.cinʻrvheruiʺṅayʻleʺ.bhuiʺpraññʻthuikʻtanʻ. .rheʹkuiyʻtoʻbhunʻʺmhā la,lakʻsuṃʺtoʻmhanʻmakhyvaṅʻʺkhyanʻpānhaṅʻʹ-rāsakʻpanʻpoṅʻʺ.mratʻuāṇʻyū loṅʻʺpāluiʹ. chutoṅʻʺpātayʻ. rājaguṇʻmānʻ. krimʻkrimʻthapʻtayʻ leʺ.puiṅʻʺsakʻmaiʹrvayʻ. .takayʻpaṅʻmunʻʺtoʹmalāʺ.moṅʻbhunʻʺkrvayʻ. rhoṅʻlvhaiṅayʻsvephayʻluiʹ. matātvayʻbhai. rvheraṅʻthaimhālha. ṅvesaichuiṅʻ kyvamʻʺsūkrveyuiṅʻ.’ui-chayʻpranʻsakʻkuileʺ.nhaṅʻʺchakʻtoʹnuiṅʻ. .
    mratʻcinteūʺmhāla. chuthūʺtoʻpuiṅʻ. mayimʻʺyuiṅʻ’oṅʻluiʹ-kraṃpākabhai. bhunʻʺmatanʻbhaiṅayʻnhaṅʻʹ-kaṃlaimakū. saṅʻʺpyaṃʹbhuṃbhve. takuiyʻrechveʺtayʻ leʺtveʺkraṃluiʹpū. mālāruṃkvanʻʺmhāla-khyveññvhanʻʺpyaṃʹkra. huirheʺṅayʻta mūnhaṅʻʹ mathūlebhai. poʻraṃn*ṅayʻnhaṅʻʹ,thaivāpuṃchoṅʻ. sipoʹsakhaṅʻ. bhama yākvanʻʺmhāleʺ,thvanʻʺnelaroṅʻ. .chuichuipesāʺṅayʻnhaṅʻʹ.mayʻnāʺma thoṅʻ. ruiʺprāmretuiṅʻ’oṅʻpa-kraṃrvayʻchoṅʻpoṅʻʺ. rheʺsūhoṅʻʺ ṅayʻtuiʹ-puṃsakʻsenimhasoṅʻ.noṅʻmhasimayʻleʺ.thuṃʺrhilyakʻpe. .
    (saphranʻ) tveʺchamakhyanʻ. rvhenokʻkayʻpranʻlhanʻluiʹ. phanʻphanʻcitʻ thai. .bhunʻʺrhisū. munʻʺpracʻkuiraṅʻmayūnhaṅʻʹ. svaṅʻtamū-kraṅʻsūlvhaipābhūʺ. thūʺtaiʹkaṃbhai. .
    နာဂဆဒ္ဒန်၊ သန္ဓေမှန်နှစ်ပေပ။ ချိန်မူးစစ်-တိမ်တိုက်စံ။ စက်သွားသီ လဝင်။စိန်ရွှေရိုးငယ်လေး။ဘိုးပြည်ထိုက်တန်။ ။ရှေ့ကိုယ်တော်ဘုန်းမှာ လ၊လက်သုံးတော်မှန်မချွင်းချန်ပါနှင့်-ရာသက်ပန်ပေါင်း။မြတ်ဥာဏ်ယူ လောင်းပါလို့။ ဆုတောင်းပါတယ်။ ရာဇဂုဏ်မာန်။ ကြိမ်ကြိမ်ထပ်တယ် လေး။ပိုင်းသက်မဲ့ရွယ်။ ။တကယ်ပင်မုန်းတော့မလား။မောင်ဘုန်းကြွယ်။ ရှောင်လွှဲငယ်သွေဖယ်လို့။ မတာတွယ်ဘဲ။ ရွှေရင်ထဲမှာလှ။ ငွေသဲဆိုင် ကျွမ်းသူကြွေယိုင်။အို-ဆယ်ပြန်သက်ကိုလေး။နှင်းဆက်တော့နိုင်။ ။
    မြတ်စိန္တေဦးမှာလ။ ဆုထူးတော်ပိုင်။ မယိမ်းယိုင်အောင်လို့-ကြံပါကဘဲ။ ဘုန်းမတန်ဘဲငယ်နှင့်-ကံလဲမကူ။ သင်းပျံ့ဘုံဘွေ။ တကိုယ်ရေဆွေးတယ် လေးတွေးကြံလို့ပူ။ မာလာရုံကွန်းမှာလ-ချွေညွှန်းပျံ့ကြ။ ဟိုရှေးငယ်တ မူနှင့် မထူလေဘဲ။ ပေါ်ရံ၌ငယ်နှင့်၊ထဲဝါပုံဆောင်။ သိပေါ့သခင်။ ဘမ ယာကွန်းမှာလေး၊ထွန်းနေလရောင်။ ။ဆိုဆိုပေသားငယ်နှင့်။မယ်နားမ ထောင်။ ရိုးပြာမြေတိုင်အောင်ပ-ကြံရွယ်ဆောင်ပေါင်း။ ရှေးသူဟောင်း ငယ်တို့-ပုံသက်သေနိမှသောင်။နောင်မှသိမယ်လေး။ထုံးရှိလျက်ပေ။ ။
    (သဖြန်) တွေးဆမချန်။ ရွှေနောက်ကယ်ပြန်လှန်လို့။ ဖန်ဖန်စိတ် ထဲ။ ။ဘုန်းရှိသူ။ မုန်းပြစ်ကိုရင်မယူနှင့်။ သွင်တမူ-ကြင်သူလွှဲပါဘူး။ ထူးတဲ့ကံဘဲ။ ။

ความคิดเห็น •