ဒီဇင်ဘာလ ၁ ရက်၊ သောကြာနေ့၊ ၂၀၂၃ ခုနှစ်

แชร์
ฝัง
  • เผยแพร่เมื่อ 29 พ.ย. 2023
  • သမ္မာတရားရိပ်မြုံ (ဆရာဂျက်)
    နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်းအတွက်သမ္မာတရား
    ဒီဇင်ဘာလ ၁ ရက်၊ သောကြာနေ့၊ ၂၀၂၃ ခုနှစ်
    အခြေပြုကျမ်း - ယာကုပ် ၅:၁၃-၂၀
    အချင်းချင်း တယောက်နှင့် တယောက် ကိုယ်အပြစ်ကို ဘော်ပြတောင်းပန်ကြလော့။ ချမ်းသာရမည်အကြောင်း အချင်းချင်းတို့အဘို့ဆုတောင်းကြလော့၊သူတော်ကောင်းဆုတောင်း၍ အရှိန်ကြီးသော ပဌနာသည် အလွန်တန်ခိုးပါ၏...... ( ယာကုပ်၅:၁၆)
    ###### ဒီကျမ်းပိုဒ်မှာပါတဲ့ သမ္မာတရားက ရိုးရှင်းပါတယ်..အချင်းချင်းတယောက်နဲ့တယောက် ကိုယ့်အပြစ်ကိုဘော်ပြတောင်းပန်...အချင်းချင်း လိုအပ်တာတွေ ဘုရားသခင် ပြင်ဆင်ပေးဘို့အတွက်ဆုတောင်း.... သူတော်ကောင်း ဆုတောင်း တဲ့ အရှိန်ကြီးသောပဌနာက အလွန်တန်ခိုးပါတယ်တဲ့...သူတော်ကောင်း ဆိုတာ ဖြောင့်မတ်သူ ကို ပြောတာဖြစ်ပြီး ဒီနေရာမှာ သုံးထားတဲ့ ဖြောင့်မတ်ခြင်း ဆိုတာ
    သခင်ယေရှုကိုယုံကြည်ခြင်းအားဖြင့် ရတဲ့ ဖြောင့်မတ်ခြင်း ကို ဆိုလိုတာဖြစ်ပြီး ကိုယ်ပိုင် ဖြောင့်မတ်ခြင်း ကိုပြောနေတာမဟုတ်ပါဘူး... လောကမှာ ဖြောင့်မတ်သူတဦးမှမရှိပါဘူး...အားလုံးဟာ အပြစ်သားတွေဖြစ်တယ် ... အခု အရှိန်နဲ့ ဆုတောင်းတဲ့သူဟာ မိမိရဲ့အပြစ်တွေကို ဘုရားရှေ့မှာ နောက် မိမိပြစ်မှားမိတဲ့ လူရှေ့မှာပါ ဝန်ချတောင်းပန်သူဖြစ်တယ်ဆိုတာ သိထားပါ... သူက ဟန်ဆောင်သူမဟုတ်ဘူး...အပြစ်ကို ဝှက်ထားတာ ဘုရားမကြိုက်ဘူးဆိုတာ သူသိတယ်... ပြီးမှ ဆုတောင်းတော့ သန့်ရှင်းသောဝိညာဉ်တော် လုံးဝ ပါဝင် ဆုတောင်းပေးလို့ တန်ခိုးပါသွားတာဖြစ်တယ်💥💥💥💥💥
    ###### သုတ္တံ ၁၅:၁၈-၁၉ မှာလည်း သုတ္တံ ဆရာက " မာနကြီးသောသူသည် ရန်ကို နှိုးဆော်တတ်၏... သည်းခံနိုင်သောသူမူကား ငြိမ်းတတ်၏..တဲ့.. မာနကြီးတဲ့လူက ဘယ်တော့မှ မတောင်းပန်ပါဘူး...သူများ အဆင်ပြေတာကိုလည်း မကြိုက်လို့ ခနခန ရန်ဖြစ်ဘို့ ဖန်တီးတတ်ပါတယ်... သခင်ယေရှုကြောင့်ဖြောင့်မတ်ခြင်းကို ရရှိသောသူကတော့ သည်းခံနိုင်ပြီး ရန်ကို ငြိမ်းစေတတ်တယ်..သူ့ဘဝခရီးလမ်းက အနိမ့်အမြင့် အတက်အကျရှိပေမယ့် အဆင်ပြေတယ်...ဆူးမရှိဘူးလို့ အငယ် ၁၉ မှာ ထပ်ပြောထားတယ်... အဲ့ဒီ ယုံကြည်သူက လူပျင်းလည်းမဟုတ်ပါဘူး....ဘုရားကို ကိုးစားပြီး သူ့ကို ဘုရားပေးထားတဲ့ အချိန်နဲ့ အစွမ်းသတ္တိ..ဆုကျေးဇူးတွေကို ကြိုးစား အသုံးချတတ်သူဖြစ်ပါတယ်🗯️🗯️🗯️🗯️🗯️🗯️
    ###### ၁၈ ရာစု မှာ နာမည်ကြီးခဲ့တဲ့ စာရေးဆရာကြီး E.M. Bounds က သူ့ရဲ့ ဝိညာဉ်ရေး စာအုပ်တအုပ်မှာ " ယနေ့ အသင်းတော်မှာ လိုအပ်နေတာ အဆင့်မြင့် နည်းပညာတွေ.. စက်ပစ္စည်းတွေ ... လူတော်တွေ ကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ကော်မီတီတွေ နည်းပညာအသစ်တွေ မဟုတ်ပါဘူးတဲ့... သန့်ရှင်းသောဝိညာဉ်တော် အသုံးပြုလို့ရတဲ့ဆုတောင်းနေတဲ့သူတွေ ကိုသာ လိုအပ်တာဖြစ်တယ် ..သန့်ရှင်းသောဝိညာဉ်တော် က စံနစ်တွေ စက်တွေ အစီအစဉ်တွေပေါ်မှာ ဆင်းသက်ပြီး ဘိသိက်ပေးတာ မဟုတ်ဘူး... ဆုတောင်းနေတဲ့ သူအပေါ်မှာသာ ဘိသိက် နဲ့ဆင်းသက်လာတာဖြစ်တယ် လို့ ရေးသား ပြောဆိုခဲ့ပါတယ် ⭐⭐⭐⭐⭐
    ###### စစ်မှန်သော ဖြောင့်မတ်သူဆိုတာ လူတွေရှေ့မှာ ကိုယ်ပိုင်ဖြောင့်မတ်ခြင်းကို ထုတ်ပြနေတာမဟုတ်ဘဲ လူမမြင်တဲ့ ဝိညာဉ်ထဲမှာ သန့်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်လျက် အစဉ် ဆုတောင်းနေသူဖြစ်ပါတယ်❤️❤️❤️❤️❤️
    🤔🤔🤔🤔🤔 ထပ်မံဆင်ခြင်ရန်..... ဆုတောင်းခြင်း က သင့်ဘဝရဲ့ သဘာဝ အစိတ်အပိုင်းတခုလား? သင့်ဘဝတခုလုံးလား?
    🙏🙏🙏🙏🙏🙏 ဆုတောင်းရန်.... အဖဘုရား...ယနေ့ ကျွန်တော့်ရဲ့ ဆုတောင်းချက်တွေ တကယ် ထိရောက်မှု ရှိရန် မစပါအဖ
  • เพลง

ความคิดเห็น •