စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်လာမည့် လူငယ်များကိုကူညီမည်ဟု မွန်ပြည်သစ်ပါတီ(AD)ပြော

แชร์
ฝัง
  • เผยแพร่เมื่อ 20 ก.พ. 2024
  • ဂျူချန်း (မဇ္ဈိမ)။ ။စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကိုဆန့်ကျန်ဖို့နဲ့ စစ်မှုထမ်းမယ့်အစား တော်လှန်ရေးနယ် မြေတွေဆီကိုတိမ်းရှောင်ကြဖို့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP(AD)က တိုက် တွန်းလိုက်ပါတယ်။
    စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် တိမ်းရှောင်လာမယ့် လူငယ်တွေကို ကူညီဖို့အတွက် အစီအစဉ်ရှိကြောင်းနဲ့ အရေးကြီးတဲ့ကိစ္စဖြစ်တာကြောင့် အသေးစိတ်ကို တခြားသောအစုအဖွဲ့နှင့် ဆွေး နွေးသွားဖို့ ရှိတယ်လို့လည်း မွန်ပြည်သစ်ပါတီ NMSP(AD) မှ ပြန်ကြားရေးအဖွဲ့ဝင် နိုင်ကောင်းစကားက ပြောပါတယ်။
    ဒါ့အပြင် စစ်ကောင်စီဟာ မတရားအာဏာရယူထားတဲ့ အဖွဲ့အစည်းတခုဖြစ်တာကြောင့် တရားမဝင်အဖွဲ့ အစည်းတခုကပြဋ္ဌာန်းတဲ့ဒီဥပဒေဟာ တရားမဝင်ဘူးလို့လည်း နိုင်ကောင်းစကားက ပြောပါတယ်။
    စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီး အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း၊ ပညာရှင်ဆိုရင် အသက် ၄၅ နှစ်အထိ စစ်မှုထမ်းရမှာဖြစ်ပြီး အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ကနေ ၂၇ နှစ်၊ ပညာရှင်ဆိုရင် အသက် ၃၅ နှစ် အတွင်း စစ်မှုထမ်းရမယ်လို့ သတ်မှတ်ထားပါတယ်။
    လတ်တလောမှာတော့ စစ်မှုထမ်းဖို့အတွက် အမျိုးသမီးတွေကို ခေါ်ဖို့ အစီအစဉ်မရှိသေးဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။ ပြည်သူ့ စစ်မှုထမ်းဥပဒေကို လာမယ့် သင်္ကြန်ရုံးပိတ်ရက်အပြီးမှာ အကောင်အထည်ဖော်ဖို့ စီစဉ်ထားပြီး အပတ်စဉ်တခုကို လူဦးရေ ၅၀၀၀ နဲ့ တနှစ်မှာ လူ ၆၀,၀၀၀ ခေါ်ဖို့ရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။
    -----------------------------------------
    မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
    bit.ly/2VhJ12U
    Subscribe our channel:
    / @mizzimanewstv
    Follow us:
    Facebook | Myanmar Language
    / mizzimadaily
    Facebook | English language
    / mizzimamyanmarnews
    Facebook | Mizzima+TV
    / mizzimaplustv
    Twitter
    / mizzimanews
    Telegram
    t.me/mizzimatv
    Sportify
    open.spotify.com/show/0JqldUl...
    Get Mizzima TV App Free
    bit.ly/44WaGEU
    Website :
    bur.mizzima.com
    eng.mizzima.com
    www.mizzima.tv
    .....................
    About us:
    Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio broadcasting.

ความคิดเห็น • 43

  • @user-bh1tx2ss7b
    @user-bh1tx2ss7b 4 หลายเดือนก่อน +4

    ဒါအမှန်ပဲ ကြိုဆိုပါတယ်မွန်ပြည်သစ်AD

  • @user-js9kw2rc2f
    @user-js9kw2rc2f 4 หลายเดือนก่อน +4

    ဘုံရန်သူကိုဝိုင်းတိုက်ကြပါ

  • @user-kb6ed3ef3s
    @user-kb6ed3ef3s 4 หลายเดือนก่อน +2

    ပြည်သူအားလုံးအတွက်ကူညီပေးပါ❤❤❤

  • @user-vt7zs3ut6r
    @user-vt7zs3ut6r 4 หลายเดือนก่อน +5

    တိုင်းရင်းသားတွေအားလုံးဝိုင်းတိုက်ကြပါနိုင်ကိုယ်နိုင်ရပါမည်

  • @wiayain6098
    @wiayain6098 4 หลายเดือนก่อน +7

    အမှန်ပဲး မဖြစ်မနေဆိုရင်တော့ မွန်ပြည်သစ်ပါတီဘက်ကပဲး ၀င်တိုက်မယ် ကိုယ်လူမျိုး ဖြစ်တဲ့အတွက် တိုင်းရင်းသားညီကိုအားလုံး ဘေးကင်းကြပါစေ

  • @user-vt7zs3ut6r
    @user-vt7zs3ut6r 4 หลายเดือนก่อน +2

    မဂ်လာပါ

  • @seefahahe8812
    @seefahahe8812 4 หลายเดือนก่อน +1

    လေးစားပါတယ်မွန်ပြင်သစ်ပါတီ❤

  • @TunTun-ud3mf
    @TunTun-ud3mf 4 หลายเดือนก่อน +1

    👍👍👍👍👍👍👍👍

  • @NayyanHtet-yw3cu
    @NayyanHtet-yw3cu 4 หลายเดือนก่อน +1

    မငေရအောင်❤❤

  • @user-mk9pl2xp2w
    @user-mk9pl2xp2w หลายเดือนก่อน

    Good

  • @ingyinkyin7974
    @ingyinkyin7974 4 หลายเดือนก่อน +2

    Right..👍💯

  • @parte8732
    @parte8732 4 หลายเดือนก่อน

  • @BopBop-id7tr
    @BopBop-id7tr 3 หลายเดือนก่อน

    မွန်တိုင်းရင်းသားများရဲ့
    သမိုင်းအသစ်ကို ဖွင့်လစ်နိုင်တော့မည် လေးစားလျှက်

  • @pancakeyumyum4928
    @pancakeyumyum4928 4 หลายเดือนก่อน

    ❤❤❤❤❤

  • @kokomgmg2728
    @kokomgmg2728 3 หลายเดือนก่อน

    လာခဲ့မယ် ❤😂😂😂❤❤❤

  • @user-yy2cl4zj5m
    @user-yy2cl4zj5m 2 หลายเดือนก่อน

    ❤🎉NMSP❤🎉AD🎉🎉🎉

  • @thantun7152
    @thantun7152 4 หลายเดือนก่อน +2

    မွန်ပြည်သစ်ဖွဲ့သားများအားလုံးရောက်ရာရပ်မှာဘေးကင်းပါစေ

  • @user-nh9ux6yg5y
    @user-nh9ux6yg5y 4 หลายเดือนก่อน +1

    သေချာလုပ်ပါဗျာ

  • @TunPaaung-pn1rz
    @TunPaaung-pn1rz 2 หลายเดือนก่อน

    တိုင်းရင်းသားတွေအားလုံးစည်းလုံးရင်းမအလအာဏာရူးတွေကိုအသာလေးနိုင်တယ်​သမိုင်းသစ်ရေးမယ်တို့မွန်းတွေ

  • @seefahahe8812
    @seefahahe8812 4 หลายเดือนก่อน

    မအလတပ္ကို၀ိုင္တိုက္ၾကပါ

  • @user-nh9ux6yg5y
    @user-nh9ux6yg5y 4 หลายเดือนก่อน +1

    လူငယ်တွေအတွက်ပြင်ဆင်ထားပေးကြပါ

  • @kokomgmg2728
    @kokomgmg2728 3 หลายเดือนก่อน

    စစ်ဝါဒီ ​ေတာ်​ေတာ် လူပါးဝတဲ့ မအလ 😮😮😮

  • @kolinn5432
    @kolinn5432 4 หลายเดือนก่อน +1

    လူယုတ်မာ စစ်ခွေး မြန်မာပြည် သူပုန်အကြီးစား ဘယ်နိူင်ငံ ဘယ်ပြည်သူမှ အသိမှတ်မပြုတဲ့ အဖွဲ့စီးတခုသာဖြစ်တဲ့ စစ်မိတ်ဆာဂိုင်းဘဲဖြစ်တယ်

  • @AungThu-yc4qj
    @AungThu-yc4qj 2 หลายเดือนก่อน

    အမှန်တကယ်ဆိုဗျာ စစ်တပ်က အိုက်လောက်မလုပ်သင့်ပါဘူး
    အဏုဖြူဗုံးနဲ့ ကြဲလိုက်ရင်တော်သေးတယ်😂😂😂😂

  • @kyawlinaung3521
    @kyawlinaung3521 3 หลายเดือนก่อน

    မည်သည့်တိုင်းရင်သားလက်နက်ကိုင်အဖွဲ့မဆိုမြန်မာပြည်တွင်းရှိလူငယ်များကိုစုစည်းကြပါပူးပေါင်းတော်လှန်ရမည့်အချိန်အခါကောင်းရောက်ရှိနေပါပြီအခွင့်အရေးနှစ်ခါမလာဘူး
    မြန်မာ့သမိုင်းသစ်ရေးထိုးပွဲကိုယနေ့လူငယ်များပါဝင်တိုက်ပွဲဆင်ကြပါ

  • @aungoo1594
    @aungoo1594 4 หลายเดือนก่อน +1

    ထိန်းရှောင်မှာ မိဘတွေပါတယ်၊

  • @user-fw6ti8vi5t
    @user-fw6ti8vi5t 4 หลายเดือนก่อน +1

    ဒါအမန်တရားဘဲ

  • @user-bx9mx9cj8r
    @user-bx9mx9cj8r 4 หลายเดือนก่อน

    လူသစ်စုတယ်ပေါ့

  • @user-fk3dl7pz8d
    @user-fk3dl7pz8d 4 หลายเดือนก่อน

    (ဆသရ)?

  • @user-mc1px3dj9f
    @user-mc1px3dj9f 2 หลายเดือนก่อน

    ကို့ပါကိုဘဲ‌လွတ်အောင်ရှောင်ပါအုံးစမွတ်စုတ်ရဲ့

  • @user-ze1mo8bp4r
    @user-ze1mo8bp4r 4 หลายเดือนก่อน

    ကြာကူလီ ဘိန်းစား ဆေးသမား ၂လုံး ၃လုံး စုကြေးလိမ် ထောင်ထွက် မယားခိုး လူသတ်ကေါင် ဘာမှမကျန်တော့ဘူး မင်းတို့ထဲ အကုန်ရောက်ကုန်ပြီ မျော်မနေနဲ့တော့ ထမင်းငတ်မဲ့ ခေါင်းပြားအောင်မအိပ်ရ စစ်တပ်လာပြေး လေယာဉ်သံကြား နေစရာမရှိတဲ့ဘဝ မသိဘူးထင်လို့လား အဟဲ လူအ တွေအကုန် တောထဲရောက်ကုန်ပြီ ကျန်တဲ့ကေါင်တွေက အဟဲ မင်းသိပါတယ်

  • @user-ck6lv1vk2w
    @user-ck6lv1vk2w หลายเดือนก่อน

    ငါတို့မွန်ပြည်နယ်တော့ပြာကြတော့မယ်မင်းတို့လုပ်တာနဲ့

  • @user-nh9ux6yg5y
    @user-nh9ux6yg5y 4 หลายเดือนก่อน +1

    Rihgt

  • @user-zc6jw2wp3n
    @user-zc6jw2wp3n 4 หลายเดือนก่อน

    ဒီကောင်တွေ ဘာအစွမ်းအစရှိ လည်း သာကူ လူလိမ် အလကားအုပ်စု အထင်မကြီးဘူးဗျာ😂😂😂😂😂😂😂ဟဘဲ့ရမယ်

  • @user-pz8ny9ik2r
    @user-pz8ny9ik2r 3 หลายเดือนก่อน

    မင်းတို့pdfထဲဝင်ရင်တပ်ကမင်းတို့အိမ်ထောင်စုစာ ရင်းမှာပျောက်နေရင် pdfပေါ့ ဒါဆိုရင်ကျန်တဲ့သူကဘယ်လိုရင်ဆိုင်ရမှာလဲ

    • @toobe3663
      @toobe3663 หลายเดือนก่อน

      အဲဒီတော့မင်မအလဘက်ကဝင်လိုက်လေ

  • @toytree4863
    @toytree4863 4 หลายเดือนก่อน +2

    ဘယ်လိုမှရှောင်လို့မရတယ့်အချေနေမျိုးဖြစ်ခဲ့ရင်စစ်ခွေးထဲဝင်မယ်စာကိုယ်လူမျိုးဖြစ်တယ့်မွန်တပ်မတော်ကိုပဲဝင်မယ်စစ်ခွေးတွေကိုတိုက်ထုတ်မယ်စစ်ခွေးတွေကိုအမြန်ဆုံးတော်လှန်တိုက်ခိုက်ပေးပါ

  • @kogyimin5535
    @kogyimin5535 4 หลายเดือนก่อน

    တို့သမိုင်းလှခဲ့ပါတယ်တို့မွန်တွေညီစေ

  • @LongZi-en3kl
    @LongZi-en3kl 4 หลายเดือนก่อน

    ထွက်ပြေးရင်တသက်လုံးပြေးနိူင်မှလွတ်မယ်အိမ်မာနေရင်အကျန်အစီထုပ်ရသေးတယ်

  • @user-co4re1we1b
    @user-co4re1we1b 3 หลายเดือนก่อน

    ❤❤ကျွန်တော်တို့လူမျိုးမှာပဲတာဝန်ထမ်းမယ်

  • @user-hm8uy4vl7z
    @user-hm8uy4vl7z 4 หลายเดือนก่อน

    အမှန်ပဲ၀င်ချင်ပါတယ်၇န်ကုန်ကဘယ်လိုလာ၇မလဲ