ขนาดวิดีโอ: 1280 X 720853 X 480640 X 360
แสดงแผงควบคุมโปรแกรมเล่น
เล่นอัตโนมัติ
เล่นใหม่
✍️ {နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ} 🙏🙏🙏 "RECEIVE THE LOVE OF ALL" "အားလုံးရဲ့မေတ္တာကို ခံယူပါ" (Keep a good attitude. စိတ်ထားကောင်းထားပါ။) (ဤကမ္ဘာ၌ ကုသိုလ်နဲ့ မွေးဖွားလာတဲ့ ဧည့်သည်တော်များ လူ့ဘဝရဖို့ အလွန်ခက်ခဲတာကြောင့် ရပြီးသား ကိုယ့်အသက်ကိုသာမက အခြားသော သက်ရှိသတ္တဝါတွေရဲ့အသက်ကိုပါ ကာကွယ်စောင့်ရှောက်ခြင်းနဲ့ ကြင်နာပါ။) (လောကုတ္တရာ မဂ္ဂင်ရှစ်ပါး နိဗ္ဗာန်ရောက်ကြောင်းတရား) မဂ္ဂင်ရှစ်ပါးပြည့်စုံဖို့ရာ အလှမ်းဝေးတဲ့ သတ္တဝါတို့သည် လောက၌ အသက်ရှင်ခြင်းကို အလိုရှိတာ လျစ်လျူမရှုပါနဲ့။ (လူ့ဘဝကို ကုသိုလ်နဲ့လာတဲ့ ကုသိုလ်ရှင်များ ကုသိုလ်ကောင်းမှုပြုရန် ကုသိုလ်နဲ့ လာခြင်း ဖြစ်စေချင်သည်။) (အချင်းချင်း အထင်အမြင်သေးခြင်း ကင်းဝေးကြပါစေ။) (အမုန်းတရားတွေ ကင်းစင်ကြပါစေ။) (လိမ်လည်ခိုးခြင်း အချင်းချင်း ကင်းကြပါစေ။) (အနိုင်ကျင့်ခြင်း အချင်းချင်း ကင်းကြပါစေ။) (အချင်းချင်း [သေစေလိုတဲ့ဆန္ဒ] ကင်းကြပါစေ။) (သံသရာဘုံ[၃၁] အကျဉ်းထောင်က လွတ်မြောက်ဖို့ အချင်းချင်း ကူညီနိုင်ပါစေ။) Thank you. သာဓု သာဓု သာဓု။
✍️ {နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ} 🙏🙏🙏 "BUDDHISTS" "ဗုဒ္ဓဘာသာကိုးကွယ်သူများ" အကုသိုလ်မကောင်းမှုကို ရှောင်ကြဉ်ဖို့ရာ တိုက်တွန်းတာ ယခုရောနောင်ရော အကြွေးကင်းပြီး ချမ်းသာဖို့။ (စိတ်ကို ဖြူစင်အောင်ထားပြီး လောကုတ္တရာ မဂ္ဂင်ရှစ်ပါးကျင့်စဉ်ဖြင့် ဆင်ခြင်သုံးသပ် ဖြည့်ကျင့်စေချင်တာက ခန္ဓာ့/ပဋိစ္စသမုပ္ပါဒ်၌ရှိသော (ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဇာတိ၊ ဇရာမရဏ၊ ဥပပတ္တိဘဝ၊ တည်းဟူသော ဝိပါကဝဋ်/၈-ပါး။) နှင့် (အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ တည်းဟူသော ကိလေသာဝဋ်/၃-ပါး။) နှင့် (သင်္ခါရ၊ ကမ္မဘဝ၊ တည်းဟူသော ကမ္မဝဋ်/၂-ပါး။) ဤဝဋ်သုံးဝ/အကြွေးကင်းပြီး ငြိမ်းချမ်းဖို့ရာဖြစ်ပါသည်။) (အဝိဇ္ဇာ) ဦးစီးပြုတဲ့ ကုသိုလ်ကောင်းမှုက သမုဒယသစ္စာ ဒုက္ခသစ္စာ ထပ်တလဲလဲရလိမ့်မည်။ (တဏှာ) ဦးစီးပြုတဲ့ ကုသိုလ်ကောင်းမှုက ဒုက္ခသံသရာရှည်လိမ့်မည်။ "ဥာဏ်" ဦးစီးပြုတဲ့ ကုသိုလ်က "နိဗ္ဗာန်" ရောက်မည်။ (ကုသိုလ်ကောင်းမှု ပြုလုပ်လျှင် သေသည်၏ အခြားမဲ့၌ သုဂတိဘုံ ရောက်ပါမည်။) (အကုသိုလ်မကောင်းမှု ပြုလုပ်လျှင် သေသည်၏ အခြားမဲ့၌ ဒုဂ္ဂတိဘုံ ရောက်လိမ့်မည်။) (ဝိပဿနာ မဂ္ဂင်အလုပ် ဖြည့်ကျင့်ပါက သေသည်၏ အခြားမဲ့၌ "နိဗ္ဗာန်" ရောက်မည်။) ဒါကြောင့်မို့ ကုသိုလ်ကောင်းမှုပြုတိုင်း (ဒါန)နောက်က အသိကပ်ပြီး ခန္ဓာ့ဝဋ်မှ ကျွတ်လိုတဲ့ ဝိဇ္ဇာ-ဥာဏ်နဲ့ ကုသိုလ်ပြုပြီးလျှင် (မဂ္ဂင်အလုပ် ဖြည့်ကျင့်ခြင်းဖြင့် ထာဝရ-နိဗ္ဗာန် ရောက်ပါစေ။) Thank you. သာဓု သာဓု သာဓု။