ထန်းသီးမုန့်
ฝัง
- เผยแพร่เมื่อ 1 ธ.ค. 2024
- အခုတစ်ပတ်မှာတော့ အရင်တစ်ခေါက်က သွားခဲ့တဲ့ သန်လျင် - ကျောက်တန်းမြို့မှာရှိတဲ့ ပါဒကြီးကျေးရွာကို ရောက်ရှိခဲ့ပြန်ပါပြီ။ ဒီတစ်ခါမှာတော့ အန်တီဒေါ်မြင့်မြင့်မော်စီက ထန်းသီးမုန့်လေး သွားဝယ်ရင်း ထန်းသီးမုန့်လုပ်နည်းပါ လေ့လာခဲ့ပါတယ်။
ထန်းသီးအနှစ်လေးကို ဝယ်ယူခဲ့ပြီး ပရိသတ်ကြီးအတွက် အိမ်မှာအလွယ်တကူလုပ်နိုင်မယ့် နည်းလေးကိုလည်း ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်။
ထန်းသီးမုန့်
ပါဝင်ပစ္စည်းများ
မွှေးဆန်စိမ်းမှုန့် - ၁၅၀ ဂရမ်
ထန်းသီးအနှစ် - ၁၅၀ ဂရမ်
အုန်းနို့ - ၁၆၅ မီလီလီတာ
တဆေး - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သကြား - ၁၀၀ ဂရမ်
ဘိတ်ကင်ပေါင်ဒါ - ၁ ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ရေ - ၁၂၀ မီလီလီတာ
တွဲဖက်စားရန်
အုန်းသီး - ၁ ခြမ်း (ခြစ်ထားပါ )
ပြုလုပ်နည်း
ပန်းကန်လုံးတစ်လုံးထဲ ဆန်စိမ်းမှုန့်၊ ထန်းသီးအနှစ်၊ တဆေးတို့ကို ထည့်ပြီး နယ်ပါ။ အုန်းနို့ထည့်ပါ။ သကြားထည့်ပြီး သကြားကြေသည်အထိ နယ်ပါ။ ပြီးလျှင် ရေကို ဖြည်းဖြည်းချင်းစီထည့်ပြီး မွှေပါ။ မုန့်နှစ်ပျစ်လာတဲ့အထိ မွှေပါ။ ဆားထည့်ပါ။ ပြီးလျှင် ၂ နာရီခန့် နှပ်ထားပါ။
မုန့်သားရပြီဆို ဘိတ်ကင်ပေါင်ဒါ ထည့်ပြီး မွှေပါ။ ပြီးလျှင် မုန့်ဖုတ်မည့် ခွက်ထဲကို ဆီအနည်းငယ်သုတ်ပါ။ ထန်းသီးအနှစ်ဖြင့် ပြုလုပ်ထားသော မုန့်နှစ်များထည့်ပါ။ ပြီးလျှင် ရေနွေးဆူဆူတည်ထားတဲ့ ပေါင်းအိုးထဲ ထည့်ပါ။ အဖုံးအောက်တွင် အဝတ်စခံပြီး မိနစ် ၂၀ ခန့် ဖုတ်ပါ။ မုန့်သားကျက်ပြီဆို အိုးထဲက ထုတ်ပါ။ ပြီးလျှင် လိုသလိုလှီးဖြတ်ပြီး အုန်းသီးဖတ်လေးများနဲ့ တွဲဖက်သုံးဆောင်နိုင်ပါပြီ။
#Taste_Window_Food_Magazine
#Half_Potato_Food_Television
#TinTinOo
#ထန်းသီးမုန့်
#မုန့်လုပ်နည်းများ
#သန်လျင်မြို့ #ကျောက်တန်းမြို့ #ပါဒကြီးကျေးရွာ
ထန်းသီးမှည့် အနှစ်ကို စည်သွပ်ဗူးလုပ်ရောင်းရရင် အလုပ်ဖြစ်မှာ။ ထန်းသီးမုန့် လုပ်စားချင်တဲ့သူတွေကို နှစ်ပတ်လည် ဝယ်လို့ရအောင် လုပ်ပေးထားလိုက်မယ်။
စားချင်လာပြီမကြီး❤❤❤❤❤❤❤❤
မဂ္လာပါ
ကြိုက်ကြိုက်
ေက်းဇူးပါ
အိမ်မှာလုပ်တဲ့အခါမုန့်ကမတင်လုပ်သလိုဘဲကိတ်မုန့်နဲ့ပိုတူသလိုဘဲဖြစ်နေပြီးစျေးသည်တွေလုပ်သလိုပုံနဲ့အတွင်းသားအနေအထားမတူတာဖြစ်နေတယ်
မုံ့ဖောက့်တဲ့နေရာကဆရာပဲဆန်သားရဲ့အနုအအိအပျစ့်အကျဲကဆရာအရသာကကိုယ့်စိတ့်ကျိုက့်
စးမယ်❤
သကြားကိုကြိုထည့်ပါဆို
လုပ်တာကြမပြဘဲ
တို့လည်းလာစားမယ်
သိချင်နေဒါနဲ့အတော်ဘဲ😅😅
🙏🙏🙏💐
ZDelicious chef
မတွေ့တာကြာလှပြီအမရေ
😋😋😋😋😋🤤🤤🤤👍👍👍👍👍👍👍
b.goodfoodilikc.
စကော့ဈေးကဘာအရသာမှမရှိဘူးဆေးဆိုးထားတာ
ထန်းသီးအနှစ်ဘယ်မှာဝယ်ရမလဲ
ငယ်ငယ်ကနှစ့်ငါးဆယ့်ထန်းသီးမုံ့ဝါဝါလေးကကြက့်ဥထဲ့လိုဝါဝါလေးဖြစ့်ထာခုထန်းသီးမုံကဆေးအရောင်ထဲ့ထားတာမလွယ်ဘူးခက့်ထယ်အချိန်အစမကောင်းရင်မုံ့မဖြစ့်ဖူးဘယ်အလုပ့်ဖြစ့်ဖြစ့်ဆရာစားချန်တယ်
စားချင်တာဘယ်မှာရလဲမသိ
ထန်းသီးအနှစ်ဘယ်မှာဝယ်လို့ရပါသလဲ
သင်ပြပေးတဲ့အဒေါ်ကိုကျေးဇူးတင်ပါတယ်🙏