အစောဆုံးပြန်ခဲ့ပါ စောသိမ်းဝင်း (၁၉၈၀) ၊ ခိုင်ထူး (၁၉၈၇)
ฝัง
- เผยแพร่เมื่อ 7 มี.ค. 2012
- သံစဉ်/စာသား - ကိုနေဝင်း
တေးဆို - စောသိမ်းဝင်း (၁၉၈၀) ၊ ခိုင်ထူး (၁၉၈၇)
တေးဂီတ - The Wild Ones (သဘာဝရဲ့ရင်သွေးငယ်များ), The Aces (တေးပန်းချီ)
တေးစု - နွေနံနက်ခင်း (၁၉၈၀)၊ အစောဆုံးပြန်ခဲ့၊ နှင်းသက်သက်ဝေ (၁၉၈၇)
စိုင်းထီးဆိုင် ၏ "နွေနံနက်ခင်း" တေးစုတွင် သူငယ်ချင်းများဖြစ်သည့် စောသိမ်းဝင်း နှင့် စိုင်းဆေးနော်တို့က တချို့သီချင်းများကို ဧည့်သည်အဆိုအဖြစ် အားဖြည့်သီဆိုသည်။ ခိုင်ထူး က ဤ သီချင်းကို သူ ၏ ကိုနေဝင်း ရေး သီချင်းများ စုစည်းသီဆိုသည့် "အစောဆုံးပြန်ခဲ့၊ နှင်းသက်သက်ဝေ (၁၉၈၇)" တွင် ပြန်လည်သီဆိုသည်။ ဤ သီချင်းကို ခင်ဝမ်းသည်လည်း သူ ၏ ကိုနေဝင်း ရေး သီချင်းများ စုစည်းသီဆိုသည့် တေးစု "အမှောင်ကိုထွန်းညှိမယ့်မီးအိမ် (၁၉၉၁)" တေးစု တွင် ပြန်လည် သီဆိုဖူးသည်။ ဤ စုစည်းမှုတွင် ခင်ဝမ်း ဗားရှင်း မပါ ပါ။
Music: My Own Collection
Images: Credit to everyone who owned or created the images that I used in this music video.
Disclaimer: I do not own the rights to this song and any materials of the contents of this music video.
Copyright @ Song Writer & Other Rightful Owner(s).
No Copyright Infringement Intended.
This is "Personal & Non-Commercial Use Only".
Thank You For Listening!
NCA
အစောဆုံးပြန်ခဲ့ပါ
မှောင်ရိပ်များကြီးစိုးကာ
ညကိုအကြိုထောက်ရင်
တိမ်လွှာမှာ ဆီမီးထွန်းသလိုလေ
ကြယ်ပွင့်များလင်းလက်
လမင်းကိုအကြိုထောက်ရင်
ဘယ်သူမျှော်မယ် သတိရရင်တွေးကြည့်
အစောဆုံးမင်းပြန်ခဲ့တော့ကွယ်
အချစ်ရယ်...
နောက်ကျသွားမှာ
စိုးမိတယ်...
အရုဏ်ဦး တိုးထွက်ကာ
နေ့ကိုခုန်မကူးခင်
တိမ်လွှာမှာ ဆီမီးမငြိမ်းခင်လေ
ကိုယ်ရောင်လေး ယိမ်းနွဲ့ယဉ်
မင်းကိုမမြင်ရရင်
ဘယ်လိုနေမယ် တမ်းတစိတ်ကူးကြည့်
အနီးဆုံးရောက်အောင် လှမ်းခဲ့ကွယ်
အချစ်ရယ်...
တရွေ့ရွေ့ဝေးမှာ
စိုးမိတယ်...
အစောဆုံးမင်းပြန်ခဲ့တော့ကွယ်
(အစောဆုံးမင်းပြန်ခဲ့တော့ကွယ်)
အစောဆုံးမင်းပြန်ခဲ့တော့ကွယ်
(နောက်ကျသွားမှာ စိုးမိတယ်)
အနီးဆုံးရောက်အောင် လှမ်းခဲ့ကွယ်
(အနီးဆုံးရောက်အောင် လှမ်းခဲ့ကွယ်)
အနီးဆုံးရောက်အောင် လှမ်းခဲ့ကွယ်
(တရွေ့ရွေ့ဝေးမှာ စိုးမိတယ်) - เพลง
ဦးစောသိမ်းဝင်း ဆိုထားမှန်း အရင်ကမသိဘူးဗျာ။ ကျနော်က ဦးစောသိမ်းဝင်း အသံစတိုင်ကို အရမ်းသဘောကျတဲ့ လူငယ်တယောက်ပါ။ သူဆိုထားတဲ့ ချယ်ရီကိုသာပန်ပါကွယ် တို့ အခုနားထောင်လိုက်ရတဲ့ အစောဆုံးပြန်ခဲ့ တို့ကို အရမ်းကြိုက်တယ်ဗျာ။ အကြိုက်ဆုံးကတော့ ၂ဘာသာနဲ့ သီဆိုခဲ့တဲ့ အုံပုန်းချစ် ဆိုတဲ့သီချင်းကို အကြိုက်ဆုံးပါ။ တေးရေး ဆရာကြီးများနဲ့ အကောင်းဆုံး သီဆိုခဲ့တဲ့သူအားလုံးကို ထာဝရ ကျေးဇူးတင်လျှက်ပါ။
စောသိန်းဝင်း (ကို) ခိုင်ထူး (ကို)
Both are good. ကြိုက် ကြိုက် ကြိုက်
ကိုနေဝင်းကြီး ကျေးဇူး
ကိုစောသိမ်းဝင်းသီဆိုထားတဲ့သီချင်းတွေကြိုက်တယ်...ဘယ်များရောက်နေလည်းမသိ သတင်းလဲမကြားရတာကြာပြီ ?
စောသိမ်းဝင်းကောင်းရဲ့သားနဲ့စိုင်းထိးဆိုင်ရဲ့လောင်းရိပ်မိသွားတယ်
အချိန်တန်အိမ်ပြန်နိုင်ပါစေ
ကြိုက်တယ်။။ အခုမဟုတ်။။။။။ ဟို့အရင်ထဲက
စောသိန်းဝင်းလဲကောင်းတာဘဲ၊သဝိုင်းဝမ်း နဲ့ထင်ရဲ့၊ခိုင်ထူးကျ ဗားရှင်းသစ်နဲ့ ကောင်းတာဘဲ
good oldies..Applause Applause !!!
အစောဆုံး ပြန်ခဲ့ပါ နှင်းဝေဝေဦး ရယ်
သံစဉ် စာသား ရသ ခံစားမှု သတိရစေတယ်
အမမောင်လေလ နေတယ်
အရမ်းကြိုက်တဲ့သီချင်းပါ
အစေားဆုံးမင်းပြန်ခဲ့ပါလားကွယ်
Thank u
Very nice this song
အစောဆုံးပြန်ခဲ့ပါ နှင်းသက်သက်ဝေ
ေ နာက္က်သြားမှာစိုးမိတယ္ ။
မျှော်လင့်ချက်တစ်ချို့ကို မင်းငါ့အတွက်ထားခဲ့တယ်နော်SMK
Hi
a week
like
ကိုစောမတွေ့တာကြာပေါ့
အစောဆုံး ပြန်ခဲ့ပါ နှင်းဝေဝေဦး ရေ