ပြိုမှာလေလား မိုးရဲ့

แชร์
ฝัง
  • เผยแพร่เมื่อ 7 ก.พ. 2025
  • စာအုပ်အမည်-ပြိုမှာလေလား မိုးရဲ့
    စာရေးသူ-အောင်ပြည့်
    စာဖတ်သူ - ဘုန်းမြတ်ထင်
    အပိုင်း (၁၄)
    ပြိုမှာလေလားမိုးရဲ့....
    ဒီစာအုပ်ဟာ ၆၂မျိုးဆက် ဆရာအောင်ပြည့်ရေးတဲ့ တက္ကသိုလ်နောက်ခံ၀တ္ထုတစ်ပုဒ်ဖြစ်ပါတယ်။အချစ်ဇာတ်လမ်းဆိုပေမဲ့ ၇၊၇၊၆၂ အရေးအခင်းကိုပါမြင်တွေ့ရမှာဖြစ်ပါတယ်။
    ဒီစာအုပ်ထုတ်ဝေချိန်မှာ ၀တ္ထုစာအုပ်တွေကိုစီစစ်ရေးမရှိသေးတဲ့အတွက် ထုတ်ဝေခွင့်ရခဲ့ပြီး နောက်ပိုင်းမှာ အစိုးရက ဒီစာအုပ်ပြန်လိုက်သိမ်းခဲ့ပါတယ်။
    ဒီဇာတ်လမ်းက ကိုခင်ညိုရဲ့ဘ၀ကို‌အဓိကထားရေးသားထားတာဖြစ်ပါတယ်။
    အချစ်၀တ္ထုသဘောမျိုးဖြစ်ပေမဲ့ တကသအဆောက်အဦးကြီး အပေါ်ထပ်က အစည်းအဝေးခန်းမပုံစံတွေ၊အောက်ထပ်က အဘဦးကံသိန်းဆံပင်ညှပ်ဆိုင်၊ခင်ညို့ဆရာ ဦးနန်းဝေပန်းချပြခန်းနဲ့လက်ဖက်ရည်ဆိုင်တွေရယ် ကျောင်းသားဘ၀မှာကံကော်ပန်းတွေတက်ခူးကြပြီး အင်းလျားဆောင် သီရိဆောင်ကအမျိုးသမီးတွေကို ပိုးပန်းခဲ့ကြပုံတွေကိုဖော်ပြထားတာမို့ အဲ့ခေတ်က တက္ကသိုလ်ရဲ့ ရနံ့တွေကိုခံစားရမှာပါ။
    *ပြိုမှာမလို့ညို့နေတာလားဖြူရယ်*တဲ့။
    တကယ်ပြိုခဲ့ပါသည်။
    ခင်ညိုလည်းပြိုခဲ့ပါသည်။
    ဖြူလည်းပြိုခဲ့ပါသည်။
    ကျွန်တော်တို့လည်း ပြိုရမှာ အသေချာပါ။
    ဒီစာအုပ်လေးကို အပါတ်စဉ် စနေ - တနဂ်နွေ ည (၈) နာရီ တိုင်းမှာ ဒို့အညာယူကျုချန်နယ်က တင်ဆက်ဖတ်ပြပေးမှာပဲ ဖြစ်ပါတယ်။ စောင့်မျှော်နားဆင်ပေးကြပါဦးနော်. . .
    ကျေးဇူးအထူးအထူးတင်ပါတယ်။ ။ ။
    #Doh_Ah_Nyar #ဒို့အညာ #audiobook #ဒို့အညာဘလော့ကင်း #လွမ်းရတဲ့အညာ #ချက်စားမယ် #Doh_Ah_Nyar_RCS_Fund #YourRCSTheirChange #FBBonusForChange

ความคิดเห็น • 59