ချိတ်ထဘီ/ထဘီစကပ် ပက်တန်ဆွဲနည်း
ฝัง
- เผยแพร่เมื่อ 4 ต.ค. 2024
- MinusKSမှကြိုဆိုပါတယ်။
ချိတ်ထဘီ ပတ်တန်ဆွဲနည်းလေးပါ။ ပိန်ပိန် ဝဝ ဘယ်လိုခန္ဓာကိုယ်မျိုးအတွက်မဆို အဆင်ပြေပါတယ်နော်။
အပြည့်အစုံချုပ်နည်းသေးသိချင်ရင်အောက်ကlinkကိုနှိပ်ပါနော်
• Video
#minusks
Music provided by Free Vibes: goo.gl/NkGhTg
Dream Away by Day 7: / d. .
Attribution-NoDerivs 3.0 Unported (CC BY-ND 3.0)
creativecommon....
ကျေးဇူးပါ
ချုပ်နည်းလေးလည်းတင်ပေးပါတီချယ်
တင်ထားပြီနော်
ကျေးဇူးပါချယ်
တီချယ် ဒေါက်ကလေ ၅ နဲ့စားပြီး ဘာလို့ ၆ ထောင့်ထည့်ရတာလဲ ရှင့် ခုမှစချုပ်ဖူးတာမို့ သိပ်နားမလည်လို့ပါရှင့်
မူရင်းက (ခါး÷၂)+ထောင့်တစ်ချောင်းစာဆိုတဲ့ နေရာနှစ်ခုမှာ ထောင့်တစ်ဝက်ပဲပေါင်းပေးရတာပါ။ အဲ့လိုဆို ထဘီဖံုးလိုက်တဲ့အခါ အဖုံးခြမ်းက ပေါင်တစ်ဝက်နားလောက်ပဲရှိနေတာပါ။(အဲ့လိုကြိုက်ရင် ထောင့်တစ်ဝက်ပဲယူပါ) အမက အနည်းငယ်ကြီးချင်တာဖြစ်တဲ့အတွက် ထောင့်တစ်ချောင်းစာ နှစ်ဖက်လုံးကိုပေါင်းလိုက်တာပါနော်
@@MINUSKeywordsforSewing ဟုတ် ကျေးဇူးပါနော်
ဘယ်ဖုံးလား ညာဖုံးလာရှင့် အခုမှစက်စနင်းပီး onlineကနေအချုပ်သင်ယူနေလို့ပါ
ပိတ်စအပေါ်ဘက်ကနေ ဘယ်ဖုံးဆို ညာဘက်ကနေစဆွဲပြီး ညာဖုံးဆိုဘယ်ဘက်ကနေစဆွဲပါ။ဒီနေ့အသေးစိတ်ချုပ်နည်းလေးတင်ပေးမို့ စောင့်ကြည့်လို့ရပါတယ်
အောက်ခြေမှာ 2.4 စိတ်ဝင်တာကလေ ကိုယ့်တွက်ထားတဲ့ထောင့်အတိုင်းဝင်တာလားတီချယ်
ဒါမှမဟုတ် ဒီတိုင်း2.4ဆိုပြီး အတိုင်းနဲ့ဘဲဝင်တာလားတီချယ် အခုမှပြီးလေ့လာနေလို့ပါရှင့်
ထောင့်အဖြေနဲ့မဆိုင်ပါဘူး။ အူစမထွက်အောင်2.4စိတ်ဝင်တာပါ
@@MINUSKeywordsforSewing ချယ်အပေါ်မှာ 2.4စိတ်ဝင်တာလဲ ထောင့်အတိုင်းတာနဲ့မယူဘူးမလားတီချယ်💗
ကလေးအတွက်ဒေါက်ယူနည်းလေးပြောပြပါလားရှင့်
ကလေးကဘယ်အရွယ်လဲရှင့်
တီချယ်ရှင့် သမီး တင်_ခါး တန်ဖိုးက 16တောင်ရလို့ပါရှင့် 5နဲ့စားရင် ဒေါက်တစ်ချောင်းဆီတန်ဖိုးက ၃ လက်မလောက်ဖြစ်နေလို့ အဲ့၃လက်မ တွေပဲဒေါက်ထိုးရမှာလားရှင့်❤❤
ဟုတ်ပါတယ်
13ကို5နဲ့စားတာ2.4 ဘယ်လိုရသွားလဲ ရှင်းပြပေးပါနော် မင်မင်
စက်ချုပ်တဲ့လက်မပေတံမှာက တစ်လက်မကို8စိတ်ပဲပါလို့ပါ။ ကျောင်းသုံးပေတံမှာဆို တစ်လက်မကို ဆယ်စိတ်ပါပါတယ်။ 13÷5=2.6(ဆယ်စိတ်ပေါ်မူတည်တွက်တာပါ။)စက်ချုပ်ပေတံမှာက8စိတ်ပဲပါလို့ ရတဲ့အဖြေကိုမှတစ်စိတ်လျော့ပေးပါနော်။ 2.5စိတ်ရရမှာပါ။ အမမှားတွက်မိထားတာပါနော်။
ချုပ်တဲ့ဟာလေးပါတင်ပေးပါ မင်မင်
မနက်ဖြန်တင်ပေးဖို့ရှိပါတယ်နော်