#ဝေဒနာရှူ့နည်း

แชร์
ฝัง
  • เผยแพร่เมื่อ 10 ก.พ. 2025
  • ၏ပြည် ဝိဇ္ဇောဒယသဲအင်းဆရာတော်ဘုရားကြီး
    ဦးသီရိဓမ္မဟောကြားတော်မူသော ဝေဒနာရှူ့နည်း တရားဝောာ်
    #တရားတော်များ
    #dhamma
    #ဗဟုသုတ_channel
    💥 ကဲ .. ကိလေသာသတ်ပွဲစကြစို့
    ▪️တာရှည်ထိုင်နိူင်မယ့်
    ဣရိယာပုတ်နဲ့ ထိုင်ပါ နှစ်သလို ထိုင်နိူင်ပါတယ် ။
    ▪️ ခန္ဓာကိုယ်ကို
    ဖြောင့်မတ်စွာ ထားပါ။
    တောင့်တင်းလည်း မနေပါစေနဲ့။
    ▪️ဘယ်လက်ကို အောက်ကထားပြီး
    ညာလက်ကို အပေါ် ကထားပါ။
    ▪️ မျက်စေ့မှိတ်ထားပါ။
    ▪️ ဝင်လေကို စရှူပါ။
    ဝင်လေထွက်လေကို သိနေပါ။
    ▪️တခြား ဘာကိုမှ မသိပါနဲ့။
    ▪️ စိတ်ဟာ မကောင်းမှု့တွေမှာ
    မွေ့လျော်တတ်ပါတယ်။
    ▪️ စိတ်ကလေး
    တည်ငြိမ်လာအောင် ရှူ​ပေးပါ။
    မှန်မှန်လေး ရှူပေးပါ။
    ▪️ ရှူလည်းရှူ ။
    အသိလည်း မလွတ်ပါစေနဲ့။
    အသိနဲ့ ရှူပါ။
    ▪️ အသိမလွတ်ဘဲ ရှူရင်
    သမာဓိ ရပါတယ်။
    စိတ်တွေ တည်ငြိမ်လာပါလိမ့်မယ်။
    ▪️ သမာဓိရှိလာရင် ရုပ်နာမ်ဓမ္မ၊
    သဘာဝတွေကို အရှိကို အရှိအတိုင်း
    မြင်လာပါလိမ့်မယ်။
    ▪️အဲဒါ မိမိကိုယ်မိမိ
    စောင့်ရှောက်နေခြင်းပါဘဲ။
    ▪️ယားရင်လည်း မကုတ်နဲ့။
    ▪️မောရင်လည်း မနားနဲ့။
    ▪️ညောင်းရင်လည်း မပြင်နဲ့။
    ▪️သဘောဆုံးအောင် ကြည့်ပါ။
    ▪️ အစကနေဦးကတည်းက
    စိတ်တည်ငြိမ်ဖို့ အရေးကြီးပါတယ် ။
    ▪️ မောဟ မဝင်ပါစေနဲ့ ၊
    မမေ့ပါစေနဲ့။
    ▪️ကောင်းသောလုံ့လ ရှိမယ်။
    ကောင်းသော အောက်မေ့ခြင်းတွေ
    ရှိနေမယ်ဆိုရင် ကောင်းသော
    တည်ငြိမ်မှု့ ဖြစ်ပါလိမ့်မယ်။
    ▪️ အဲဒါကြောင့် အကြိမ်ကြိမ်
    ပွားများနေပါ စဥ်ဆက်မပြတ်
    ပွားများနေပါ။
    ▪️အချည်းနှီး အချိန်တွေ
    မကုန်ပါစေနဲ့။
    ▪️ အချိန်တိုင်း အချိန်တိုင်း
    တန်ဖိုးရှိနေအောင်
    အသိတရားပါနေပါစေ။
    ▪️”သတိတလုံး ၊ အရှိဆုံး၊
    အဆုံးနိဗ္ဗာန်မှာ”ဆိုတော့
    သံသရာမှာ လွတ်မြောက်ဖို့အတွက်....
    ▪️ သတိတရားက အရေးကြီးပါတယ်။
    ▪️ အသိတရားတွေ ဆက်နေပါစေ။
    💥သတိပဋ္ဌာန်တရားလေးပါး
    -------------------------------------
    သတိပဋ္ဌာန်တရား လေးပါးရှိပါတယ်
    အဲဒါတွေကတော့ ......
    ကာယ သတိပဌာန် , ဝေဒနာ သတိပဌာန် ,
    စိတ္တ သတိပဌာန် , ဓမ္မာ သတိပဌာန် .. တွေပါဘဲ ။
    အစဦးမှာ
    မိမိ ရဲ့ ဝင်လေ ထွက်လေ ကို သိနေပါစေ
    အဲဒါ .. ကာယ သတိပဋ္ဌာန် ပါပဲ ။
    ဝေဒနာ ပေါ်လာရင် ဝေဒနာကို သိနေတာဟာ
    ဝေဒနာ သတိပဋ္ဌာန် ပါပဲ။
    ဒုက္ခဝေဒနာတွေ ချုပ်ဆုံးသွားရင်
    စိတ်ကလေး ငြိမ်းအေးမှု့ကို သိနေတာဟာ
    စိတ္တ သတိပဋ္ဌာန် ပါပဲ။
    ရုပ် နာမ် တို့၏
    ဖြစ်လိုက် ပျက်လိုက် သဘာဝကို သိနေတာဟာ
    ဓမ္မာ သတိပဋ္ဌာန် ပါပဲ။
    သတိပဋ္ဌာန် တရား ဆိုတာ ..
    နိဗ္ဗာန်ကို ရောက်နိူင်တဲ့ တစ်ကြောင်း တည်းသော လမ်း
    ဖြစ်ပါတယ်။
    💥ဝိတက် (အနှောင့်အယှက်များ)
    -----------------------------------------
    အခုလို တရားထိုင်တဲ့ အခါမှာ
    အနှောင့်အယှက်တွေ ဝင်တတ်ပါတယ် အနှောင့်အယှက် မခံပါနဲ့ ။
    ကာမဝိတက် , ဗျာပါဒဝိတက် , ဝိဟိံသဝိတက် တွေ ဝင်လာတတ်ပါတယ်။
    ▪️ကာမဝိတက် ဆိုတာ
    အဆင်း , အသံ , အနံ့ , အရသာ , အထိ အတွေ့
    တွေကို လျှောက်ပြီး ကြံစည်နေတာ။
    ▪️ဗျာပါဒဝိတက် ဆိုတာ
    စိုးရိမ်ပူပန်နေတာ မဖြစ်ခင်ကတည်းက ဘာတွေများ ဖြစ်လာမလဲ , ဘယ်လိုများ ဖြစ်နေမလဲ စတဲ့ စိုးရိမ်ပူပန်မှု့ တွေပါဘဲ
    ▪️ဝိဟိံသဝိတက် ဆိုတာ
    ညှင်းဆဲလိုတဲ့ စိတ် တွေပါဘဲ အခုလို တရား နှလုံးသွင်းရင်
    သူတစ်ပါးကို ညှင်းဆဲချင်တဲ့ စိတ်တွေ မတရား ကြံစည်
    ချင်တဲ့ စိတ်တွေ ပေါ်လာ တတ်ပါတယ် ။
    အဲဒီ အနှောင့်အယှက် တွေကိုလည်း လက်မခံပါနဲ့ ။
    အဲဒါတွေဖြင့်
    နှာသီးဝမှာ စိတ် ရောက်လာအောင် ခတ်ဆတ်ဆတ်လေး ရှူပေးရမယ် ။
    သတိမလစ်ပါစေနဲ့ ၊ သတိရှိနေပါစေ ၊ သတိရှိလေ ကောင်းလေပါပဲ။
    💥မောဟ (မသိစိတ်)
    ---------------------------
    သူရော ကိုယ်ပါ သံသရာ တစ်လျှောက်လုံးက မေ့လာခဲ့ကြတာ
    အခုမှ မေ့တာ မဟုတ်ဘူး။
    ဘယ်ဘဝက လာမှန်းလည်း မသိ ၊ ဘာတွေ ဖြစ်ခဲ့မှန်းလည်း မသိ ၊ မသိတဲ့စိတ်နဲ့ သံသရာကြီးကို လည်လာခဲ့ကြတာ
    အခုမှ သိတဲ့စိတ် နဲ့ သံသရာကြီးကို ကျော်ဖြတ်ကြ ရအောင်
    အဲဒီ .. မောဟကို တိုက်ဖို့ အားတွေ မွေးရပါတယ်
    ▪️သဒ္ဒါအား
    ▪️ဝီရိယအား
    ▪️သတိအား
    ▪️သမာဓိအား
    ▪️ ပညာအား ... အားတွေ မွေးထားပါ
    မောဟကို ကျော်အောင် ဒီအားတွေ မွေးပါ ..။
    ငိုက်မျဥ်းချင်တယ် , တွေဝေချင်တယ် , စိတ်တခြား ရောက်နေတယ် ,. ကိုယ့် ခန္ဓာကိုယ် မှာ အသိ ကပ်လို့
    မရဘူးဆိုရင်လည်း ခပ်ပြင်းပြင်းလေး ရှူပေးပါ။
    အရှူစျာန် ရနေဖို့ အရေးကြီး ပါတယ်
    စျာန်ရနေရင် အကုသိုလ်တွေ မဝင်နိူင်တော့ပါဘူး။
    နွေဦးကာလ မြူမှုန်တွေ ထနေ တာကို အခါမဲ့ မိုးကြီးရွာလို့ မြူမှုန်တွေ သိပ်သွားသလို ဟောဒီ .. စျာန် တရားကလည်း
    အကုသိုလ် တွေကို လောင်ကျွမ်း စေပါတယ်။
    မစဥွှ်းစားပါနဲ့
    တည့်တည့်လေး တစ်ဖြောင့်တည်း သွားပါ
    ကိုယ် ကြိုးစားမှ ကိုယ် ရမှာ ဆိုတော့ ကြိုးစားပါ။
    ဒါ သာမန် လူတွေ မလုပ်နိူင်ကြဘူး
    အခု အရိယာလောင်းတွေ , ပါရမီရှင်တွေမို့ လုပ်နိူင် ကြတာ။
    တရားရှာ ကိုယ်မှာတွေ့ ဆိုတော့
    တရားဟာ ... ခန္ဓာကိုယ် ထဲမှာပဲ ရှိတယ် ။
    ဒါကြောင့် စိတ်ကို နည်းနည်းမှ အပြင်အထွက် မခံပါနဲ့
    စိတ်ငြိမ်လာပြီလား ..?
    ကိုယ်ထားသလို နေပြီလား သူ့ကို မလွှတ်ပါနဲ့ ကြည့်ထားပါ
    သူ့ကို ဆုံးမရင်း
    -------------------------------------
    အရောင် အဆင်း တွေလည်း
    မြင်ချင် မြင်လာမယ် , အဲဒါကို စိမ်းတယ် ဝါတယ် ပြာတယ် အမည်းပဲ မသတ်မှတ်ပါနဲ့ ၊ ပြောင်းလဲမှု့ သဘောကိုပဲ
    ကြည့်ပါ ။
    ▪️စိမ်းတာပေါ်လိုက် စိမ်းတာက ပျက်သွားလိုက်
    ▪️ဝါတာပေါ်လိုက် ဝါတာက ပျက်သွားလိုက်
    ▪️နီတာပေါ်လိုက် နီတာက ပျက်သွားလိုက်
    တစ်ခုပြီး တစ်ခု ပြောင်း ပြောင်း ပြီး ပျက်သွားတဲ့ သဘောကို ရှူ့ပါ
    ရေ မြေ တော တောင် သမုဒ္ဒရာ တွေ မြင်လာရင်လည်း
    ဒါ .. ရေပဲ တောပဲ တောင်ပဲ သမုဒ္ဒရာ ပဲလို့ မသတ်မှတ်ပါနဲ့
    ပြောင်းလဲတဲ့ သဘောကို ရှူ့ပါ ။
    ဘာတစ်ခုမှ မမြဲပါဘူး အမြဲတမ်း ပြောင်းလဲ နေပါတယ်
    ကျေးဇူးတော်ရှင်
    မူလသဲအင်းဂူဆရာတော်ဘုရားကြီး
    အရှင်ဥူးဥက္ကဌ 🙏🙏🙏
    သဲအင်းဂူတရားပြ (မိတ်ဆက်)
    / samsaravisitor
    JG ဓမ္မဒါပြန်လည်ကူးယူပူဇော်ပါသည်ဘုရား

ความคิดเห็น • 7

  • @YaminThu-yh1qx
    @YaminThu-yh1qx 9 หลายเดือนก่อน +1

    🙏🙏🙏🙏🙏

  • @skyrgxhxhhassan9643
    @skyrgxhxhhassan9643 2 ปีที่แล้ว

    သာဓု သာဓု သာဓု

  • @lapyae9430
    @lapyae9430 2 ปีที่แล้ว +1

    သာဓု သာဓု သာဓုပါဘုရား

  • @mehtwe9865
    @mehtwe9865 2 ปีที่แล้ว

    🙏🙏🙏

  • @oonyintwin5814
    @oonyintwin5814 2 ปีที่แล้ว

    ewwwwwewwwwwewweewweeeeeeeeweweweeeeeeeeeeeeeeweeeeewewwwewewewwewweeewweeweewewwwwweeweeewwewweewweeeewweweweweewewwweeewweewewewwweeeeweeewwwewweeeee

  • @winwinmar3868
    @winwinmar3868 ปีที่แล้ว

    🙏🙏🙏

  • @kayZin-zv8if
    @kayZin-zv8if 8 หลายเดือนก่อน +1

    🙏🙏🙏