"ဝင်းနိမ္မိတာရုံဆရာတော်အတွက် ဝမ်းနည်း ကြေကွဲဖွယ် ဖြစ်ပေမယ့် မေ့ပျောက်ဖွယ်ရာ မဖြစ်နိုင်ကြောင်း မိန့်"

แชร์
ฝัง
  • เผยแพร่เมื่อ 24 มิ.ย. 2024
  • "ဝင်းနိမ္မိတာရုံ ဆရာတော်အတွက် ဝမ်းနည်း၊ ကြေကွဲဖွယ် ဖြစ်ပေမယ့် မေ့ပျောက်ဖွယ်ရာ မဖြစ်နိုင်ကြောင်း မင်းအောင်လှိုင် ကိုယ်စား လာရောက်တောင်းပန်တဲ့ ဝန်ကြီး ကို ကြခတ်ဝိုင်း ဆရာတော်က ပြန်လည် မိန့်ကြားခဲ့"
    PEN47 / ဇွန်-၂၅
    နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင်(ငြိမ်း) ၊ ပဲခူးမြို့ ၊ ဝင်းနိမ္မိတာရုံ ကျောင်း တိုက် ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ လိုက်ပါလာတဲ့ကားကို စစ်ကောင်စီတပ်က သေနတ်နဲ့ အကြမ်းဖက်ပစ်ခတ်ခဲ့လို့ ဆရာတော် ပျံလွန်တော်မူခဲ့ရတာကြောင့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က သူကိုယ်စား လူလွှတ်ကာ တောင်းပန်ခဲ့ပါတယ်။
    ဇွန်(၁၉)ရက် မနက်ပိုင်းက မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့နဲ့ ကမ္မရွာကြားမှာ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ နဲ့ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြိုနယ်၊ ကန်သုံးဆင့် ပရိယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသတို့ စီးနင်းလိုက်ပါလာတဲ့ ကားကိုမှန်မချဘဲ မောင်းလို့ဆိုကာ စစ်ကောင်စီတပ်က သေနတ်နဲ့ အကြမ်းဖက်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
    အဲဆိုပါ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဇွန်(၂၄)ရက်မှာ ဝင်းနိမ္မိတာရုံကျောင်းတိုက်ကို စစ်ကောင်စီတပ်ရဲ့ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီး က စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်စားလာရောက်ပြီး တောင်းပန်ခဲ့တာဖြစ်ပါတယ်။
    ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူတဲ့ ဖြစ်စဉ်ဟာ ဝမ်းနည်းဖွယ်ရာ၊ ကြေးကွဲဖွယ်ရာ ဖြစ်ပေမယ့် မေ့ဖျောက်ဖွယ်ရာတော့ မဖြစ်နိုင်ဘူးလို့ ကြခတ်ဝိုင်း ဆရာတော်က မင်းအောင်လှိုင် ကိုယ်စား လာရောက်တောင်းပန်တဲ့ ဝန်ကြီးက ကို ပြန်လည် မိန့်ကြားပါတယ်။
    ဒါအပြင် ဇွန်(၂၂)ရက်မှာလည်း သီတဂူဆရာတော်က စစ်ကောင်စီတပ်ကို သည်းခံဖို့ ၊ ခွင့်လွှတ်ဖို့ နဲ့ မေ့ဖျောက်ဖို့ သံဃာတော်တွေကို မိန့်ကြားခဲ့ပါတယ်။#pen47#ဝင်းနိမ္မိတာရုံဆရာတော်

ความคิดเห็น • 2

  • @HtinOo
    @HtinOo 9 วันที่ผ่านมา

    ကျနော် တော့ င ရဲ ကျ မှာ ကြောက် လို့
    ကျနော့် ကိုတော့ မြင်မသွားဘူး...

  • @HtinOo
    @HtinOo 9 วันที่ผ่านมา

    " ယမမင်း "
    မြင်ဖူးကြလား.....