မှော်ဘီ ဘိုးဘိုးကြီး နတ်နန်း Pray for what you want 欲しいものを祈る อธิษฐานขอสิ่งที่คุณต้องการ 為你想要的祈禱

แชร์
ฝัง
  • เผยแพร่เมื่อ 12 ก.ย. 2024
  • 為你想要的祈禱
    pray for what you want
    อธิษฐานขอสิ่งที่คุณต้องการ
    欲しいものを祈る
    priez pour ce que vous voulez
    အမြိဿနတ်ကြီး(မှော်ဘီဘိုးဘိုးကြီး)
    မှော်ဘီ ဘိုးဘိုးကြီးသည်ယခင်ပွင့်တော်မူပြီးသောဘုရား၃ ဆူ ၏ ပရိဘောဂ ဓာတ်တော်များနှင့် ယခု့ပွင့်တော်မူသော ဂေါတမ မြတ်စွာဘုရား၏ဆံတော်ကို စောင့်ရှောက်ရသည်ဟုဆိုပါသည်။
    တောင်ဝှေးတော်သည် ဆူးလေ နတ်၏ ဦးခေါင်းထက်၊ဓမ္မကရိုက် ရေစစ်တော်သည် ရောဟဏီ ဘိုးဘိုး ကြီး၏ ဦးခေါင်းထက်၊ ရေသနုပ်တော် သည် ဥဒုမ္ဗရ ရုက္ခစိုး ခေါ်ဒက္ခိဏ နတ်ကြီးပေါ်ကျ၏ ။ မှော်ဘီ နတ်ကြီး သည် ဆံတော် ဓာတ်တော်ကို စောင့်ရှောက်ပေးသည်ဟုဆိုကြပါသည်။
    1. ဆူးလေနတ်မင်းကြီးထံမှ ရရှိသော ကကုဿန်မြတ်စွာဘုရားရှင်၏ တောင်ဝှေးတော်
    2. ရောဟဏီမည်သော ဗိုလ်တထောင်နတ်မင်းကြီးထံမှ ရရှိသည့် ကောဏဂုံမြတ်စွာဘုရားရှင်၏ ရေစစ်တော်
    3. ဒက္ခိဏ မည်သော သင်္ကန်းကျွန်း ကျိုက္ကဆံ နတ်မင်းကြီးထံမှ ရရှိသည့် ကဿပမြတ်စွာဘုရားရှင်၏ ရေသနုပ်သင်္ကန်းတော်မြတ်
    4. တဖုဿနှင့် ဘလ္လိက ညီနောင်တို့ထံမှ ရရှိသော ဂေါတမမြတ်စွာဘုရားရှင်၏ ဆံတော်မြတ်(၈)ဆူအား မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပေါင်း လပြည့်နေ့၌ရွှေတိဂုံစေတီတော်ဌာပနာတိုက် အတွင်းထည့်သွင်းတော်မူခဲ့ပါတယ်။
    ထိုဆံတော်ဓာတ်တို့ကို ‘အမြိဿရ’ မည်သော မှော်ဘီနတ်မင်းကြီးက စောင့်ရှောက်ရသည်ဟုအချို့သောဘုရားသမိုင်းနှင့် ရွှေတိဂုံသမိုင်းတို့ကရေးသားဖေါ်ပြကြပါတယ်။
    ယခုထက်တိုင် ၎င်းနတ်မင်းကြီးလေးပါးတို့သည် ရန်ကုန်မြို့နှင့်တကွ၊မကောင်းသူပယ်၍ကောင်းသူ တို့၏ အကျိုးစီးပွားတို့ကို စောင့်ရှောက်ပေးလျက် ရှိကြောင်း၊ အချို့သော ယုံကြည်သူတို့မှ ကိုးကွယ် အားထားလျှက်ပူဇေါ်ပသလေ့ရှိကြောင်းရေးသား တင်ပြ လိုက်ရ ပါတယ်။
    credit. lin htet

ความคิดเห็น •