Kpop ရဲ့ အရှက်ရစရာအဖြစ်အပျက် (သို့) Burning Sun အရှုပ်တော်ပုံ အပိုင်း ၁ - Scandal Saturday

แชร์
ฝัง
  • เผยแพร่เมื่อ 28 ก.ย. 2024
  • ၂၀၁၉ ခုနှစ် အစောပိုင်းမှာ တောင်ကိုရီးယားနိုင်ငံရဲ့ Kpop လောကကို အကြီးအကျယ် လှုပ်ခတ်သွားစေခဲ့တဲ့ Burning Sun Scandal or Burning Sun Gate ဆိုတဲ့ အမှုကြီးတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့ဒီအမှုကနေပြီး တစ်နွယ်ငင် တစ်စင်ပါ ဆိုသလို ဒီကလပ်နဲ့ ပတ်သက်ဆက်စပ်နဲ့တဲ့ အမှုတွေ အများကြီး ပေါ်ထွက်လာခဲ့ပါတယ်။ ဒီအမှုတွေကို စီပြီးပြောပြရမယ်ဆိုရင်ဖြင့် ပြည့်တန်ဆာမှု၊ မူးယစ်ဆေးဝါးမှု၊ နောက် အလိုမတူဘဲ သားမယား ပြုကျင့်မှု၊ အမျိုးသမီးငယ်တွေမသိမရှိရအောင် ဗီဒီယိုတွေ ရိုက်ကူးမှု၊ ဖြန့်ဝေမှု၊ နောက်ပြီးတော့ ကိုရီးယားရဲတွေရဲ့ အကျင့်ပျက် လာဘ်စားမှု အစရှိတဲ့ အကြောင်းအချက်တွေပါ စစ်ဆေး ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီအမှုမှာ အဓိက ပါဝင်ပတ်သက်နေတဲ့ နာမည်ကြီးတွေထဲမှာ တောင်ကိုရီးယား Kpop အဆိုတော်နှစ်ယောက်ဖြစ်တဲ့ ဆုန်ရီနဲ့ ဆောင်ဂျွန်ယောင်း ဖြစ်တဲ့ အတွက်ကြောင့် တောင်ကိုရီးယားနိုင်ငံကိုသာမက တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ Kpop ကို အခိုင်အမာ အားပေးနေကြတဲ့ ပရိသတ်တွေ ကိုပါ အံ့အားတုန်လှုပ်သွားစေခဲ့တာဖြစ်ပါတယ်။
    အခုနောက်ပိုင်း ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေအရ အထူးသဖြင့် BBC ရဲ့ Burning Sun Documentary ရုပ်ရှင် ထွက်ပေါ်လာပြီးခဲ့တဲ့ နောက်ပိုင်းမှာတော့ Kara အမျိုးသမီးအဆိုတော်အဖွဲ့က Goo Hara က ဒီအမှုမှန် ပေါ်ပေါက်ရေးအတွက် အရမ်းကို အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ဝင်ကူညီပေးခဲ့တယ်ဆိုတာ လူတွေ သိရှိခဲ့ရပါတယ်။
    ဒီအဖြစ်အပျက်ဟာ Kpop လောကရဲ့ အမှောက်ဘက်ခြမ်းကို ဖွင့်လှစ်ဟပြသလိုက်တဲ့ ကိစ္စရပ်တစ်ခု ဖြစ်ခဲ့ပြီးတော့ ခွင့်ပြုချက်မရဘဲနဲ့ ဗီဒီယိုရိုက်ကူးမှု ဖြန့်ဝေမှု ပြဿနာကို မီးမောင်းထိုးပြလိုက်တဲ့ ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။ ကျူးလွန်ခံရတဲ့ သားကောင်တွေကို အပြစ်တင်တာထက် ဒီဗီဒီယိုတွေကို ရိုက်ကူးဖြန့်ဝေသူတွေကို ဘယ်လိုအရေးယူမယ် တာဝန်ခံစေမယ်ဆိုတဲ့ အကြောင်းအရာတွေကို ပိုအလေးပေး ဆွေးနွေးစေခဲ့တဲ့ အကြောင်းအရာတစ်ခု ဖြစ်လာခဲ့ပါတယ်။
    ၂၀၁၉ ခုနှစ်က စတင်ခဲ့တဲ့ အရှုပ်တော်ပုံအတွက် တရားစီရင်မှုတွေက ၂၀၂၁ -၂၀၂၂ အထိ ကြာရှည်ခဲ့တာ ဖြစ်ပြီးတော့ အမှုနဲ့ ပတ်သက်ပြီး တရားစီရင်ချက်တွေကလည်း တော်တော့်ကို ရှုပ်ထွေးပွေလီခဲ့တာ ဖြစ်ပါတယ်။ ကလပ်က တာဝန်ရှိသူ တချို့နဲ့ ရဲအရာရှိတချို့က စည်းကမ်းလိုက်နာဖို့ ပျက်ကွက်မှုလိုမျိုး စွဲချက်တွေနဲ့ အပြစ်ပေးခံခဲ့ရတာတွေရယ်၊ နောက် မူးယစ်ဆေးဝါးမှုတွေနဲ့ပတ်သက်ပြီး အပြစ်ပေးခံရတာမျိုးတွေ ရှိခဲ့ပေမယ့် ကလပ်ရဲ့ အဓိက ပိုင်ရှင်ဆိုသူတွေကတော့ သက်သေလုံလုံလောက်လောက် မရှိတဲ့အတွက်ကြောင့် အမှုကနေ အပြစ်ပေး မခံခဲ့ရပါဘူး။
    ဒါပေမယ့် ဒီအရှုပ်တော်ပုံရဲ့ အဓိက တရားခံနှစ်ယောက်လို့ ဆိုရမယ့် Big Bang အဖွဲ့သား ဆုန်ရီ၊ နောက် သူ့ရဲ့ သူငယ်ချင်း အဆိုတော် ဆောင်ဂျွန်ယောင်းနဲ့ တချို့ဝန်ထမ်းတွေကတော့ ထောင်ဒဏ်ကျခံခဲ့ရပါတယ်။
    ဒီအမှုအကြောင်းကို ခြုံပြီးပြောရမယ်ဟေ့ဆိုရင် ငွေရှိသူတွေ၊ အာဏာရှိသူတွေ၊ တာဝန်ရှိသူတွေနဲ့ ဒီဖျော်ဖြေရေးလောကထဲက အမျိုးသားတွေက အမျိုးသမီးတွေအပေါ် ဘယ်လိုဘယ်ပုံ သဘောထားပြီး အမြတ်ထုတ်ကြတယ်ဆိုတဲ့ အကြောင်း Kpop လောကရဲ့ အမှောင်ဘက်ခြမ်းကို လူတွေ မြင်သာအောင် ဖော်ထုတ်ပြလိုက်တဲ့ အမှုတစ်ခုဖြစ်တယ်လို့ ပြောရမယ်ထင်ပါတယ်။ ဒီလူတွေက ဘယ်လိုဘယ်ပုံ အရှုပ်ထုပ်တွေနဲ့ ပြဿနာတွေကို ဖန်တီးခဲ့သလဲ၊ ဆုန်ရီနဲ့ ဆောင်ဂျွန်ယောင်းတို့နှစ်ယောက်က ဒီ အရှုပ်တော်ပုံမှာ ဘယ်အတိုင်းအတာထိ ပါဝင်ပတ်သက်နေသလဲ၊ နောက်ပြီးတော့ ဒီထဲမှာ ပါဝင်နေတဲ့ တာဝန်ရှိသူ အာဏာ ရှိသူတွေက ဘယ်သူတွေလဲ၊ ဘယ်အတိုင်းအတာထိ ပါဝင်ပတ်သက်နေသလဲဆိုတာနဲ့ ကွယ်လွန်သွားခဲ့ပြီ ဖြစ်တဲ့ Goo Hara က ဒီအမှုမှန်ပေါ်ပေါက်အောင် ဘယ်လိုမျိုး ကူညီပေးခဲ့သလဲဆိုတဲ့ အချက်အလက်တွေကို ကျွန်တော်တို့ရဲ့ Scandal Saturday အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။

ความคิดเห็น • 129

  • @StoryBearsMM
    @StoryBearsMM  4 หลายเดือนก่อน +50

    မှားနေတာရှိရင် ထောက်ပြပေးလို့ရပါတယ်ခင်ဗျာ။ ကျွန်တော် နောက်တစ်ပိုင်းမှာ သေချာပြန်ပြင်ပါ့မယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။ အခုလောလောဆယ်မှာ Top နဲ့ Seungri နဲ့ မှားဝိုင်းထားတာတစ်ခုရှိနေတယ်။ နောက် ဆုန်ရီရဲ့ အသံထွက်ကို လာပြောထားသူလဲ ရှိပါတယ်ခင်ဗျာ။ ဆုန်ရီးဆိုတာကတော့ အသံထွက်လွယ်အောင် ကျွန်တော် ထွက်လိုက်တာမို့လို့ အပြစ်မယူကြပါနဲ့လို့။

    • @thanhtikezaw7488
      @thanhtikezaw7488 4 หลายเดือนก่อน +5

      မှားတော့ မမှားဘူး... ရှငိးပြတာ နညိးနည်းရှည်တယ်ဗျ... တအားတွေ အကုန်ရှင်းပြနေသလိုဖြစ်လို့
      မလိုတာတွေပါပြီး လိုရင်းရောက်ဖို့ ကြာနေတယ်လို့ ထင်တယ်...

    • @chae_yeongmin4765
      @chae_yeongmin4765 4 หลายเดือนก่อน

      @@thanhtikezaw7488 အဲ့လိုတော့လဲ မဟုတ်ပါဘူး။ ကို Polar Bearရဲ့ စေတနာကိုလဲ မြင်စေချင်တယ်။ သူက သူပြောသမျှအရာအားလုံးအတွက် အသေးစိပ်သေချာလေ့လာပြီး သူလေ့လာခဲ့သမျှ ကိုလဲ သေချာလေးပြန်ပြောချင်တတ်တဲ့ စိတ်ကလေးကို အသိအမှတ်ပြုပေးစေချင်တယ်။ ဒါက ကို Polarရဲ့ Trademarkပဲလေ။ ဒီလို Channelတွေဆိုတာ သတင်းတင်ဆက်သလို လိုတိုရှင်းအတွက် လုပ်နေတာမျိုးမှ မဟုတ်တာ။ Entertaining အတွက် Knowledge အတွက် လူတွေ Relaxဖြစ်စေဖို့အတွက်ပဲလေ။ အရမ်းတေ ချက်ကျလက်ကျ မြန်မြန်သိချင်ရင် ကို့ဖာသာရှာဖတ်လဲရတာပဲ အကြောင်းအရာတွေကို😂😂😂 နေရာတကာ လိုက်ဝေဖန်နေတော့တာပဲ လူတွေဆိုကလဲ🤣 ကိုယ်တွေက တော့ ဇိမ်ခံပြီး ရှည်ရှည်နဲ့သေချာနားထောင်ရတာကိုပဲ ကြိုက်တယ်။ အမောခံပြီး သေချာပြောတတ်တဲ့ ကိုPolarကိုလဲ အရမ်းကျေးဇူးတင်တာ❤

    • @bbkgaming7265
      @bbkgaming7265 4 หลายเดือนก่อน +1

      ​. ထောက်ခံပါတယ် 😂

    • @painghtetoo9949
      @painghtetoo9949 3 หลายเดือนก่อน

      ​@@thanhtikezaw7488အဲ့ဒီအကျင့်ကိုသွားပြင်ခိုင်းလို့မရဘူး အဲ့ဒါမွေးရာပါအကျင့်ပဲ အဖြစ်အပျက်တစ်ခုကိုပြန်ပြောပြတာချင်းတူကြပေမယ့် ကြာရတဲ့အကြောင်းက စကားပြောနေစဉ်မှာ သူများနားထောင်ဖို့အတွက်ပဲပြော‌ပြနေတာမဟုတ်ဘဲ ကိုယိတိုင်ပါနားထောင်သူနေရာမှာ၀င်ခံစားပြီးသူသိချင်တဲ့အချက်တွေကို သူကိုယ်တိုင်ပဲပြည့်စုံစွာနားထောင်ချင်တဲ့အတွက်ပြောနေရင်းအချိန်မှာနားထောင်သူအဖြစ်ရော ပြောပြသူအဖြစ်ရောတစ်ပြိုင်နက်တည်းခံစားတဲ့
      ( psycho feeling ) တစ်မျိုးပဲ
      ကျွန်တော်ကိုယ်တိုင်လဲ အဲ့လိုလူမျိုးဖြစ်တာကြောင့်ကျွန်တော်စကားနားထောင်ကြတဲ့သူတွေလဲ အခုလိုပဲပြောတယ် စကားကိုလိုရင်းပဲရှင်းပြ ပေရှည်မနေနဲ့ဆိုပြီးအမြဲအပြောခံရတယ်

  • @hanlin7873
    @hanlin7873 4 หลายเดือนก่อน +11

    အကို ပြောတဲ့ အချိန်နဲ့အရှိန်ကိုမလျှော့လိုက်ပါနဲ့ ဒီလိုမှ စဆုံးနားလည်တာ👍👍

  • @thazinnannwe2618
    @thazinnannwe2618 19 วันที่ผ่านมา

    အဲ့ကောင် SY ကျက်သရေတုန်းတယ် bb နမည် ပြတ်တယ် နှစ်အများကြီးကျရမာ

  • @winaung8853
    @winaung8853 4 หลายเดือนก่อน +3

    K pop ကိုတော့ မကြိုက်ဘူး Rock ပဲကြိုက်တာ ….ခုလို သိခွင့်ရလို့ Thank

  • @mange7349
    @mange7349 4 หลายเดือนก่อน +1

    မင်္ဂလာပါ polar bear ရေ။ အားပေးနေပါတယ်သားရေ။

    • @StoryBearsMM
      @StoryBearsMM  4 หลายเดือนก่อน

      အားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

  • @malphyu3053
    @malphyu3053 4 หลายเดือนก่อน +1

    ကျေးဇူးပါ

  • @AuntyMya-i6o
    @AuntyMya-i6o 2 หลายเดือนก่อน

    အမြဲတမ်းအားပေးဖြစ်ပါတယ်သိရလို့ကျေးဇူးတင်ပါတယ်ငါ့တူ

  • @jhonsee6516
    @jhonsee6516 3 หลายเดือนก่อน +1

    bigfanနော် နာမည်မှတ်ထားပေး❤

    • @yinminaung7798
      @yinminaung7798 3 หลายเดือนก่อน

      အတူတူပါပဲရှင်။

  • @kyawgyi-yx3ds
    @kyawgyi-yx3ds 3 หลายเดือนก่อน

    အမူက ဘယ်အခြေအနေရောက်ပြီလည်း bro
    အမိန်ချပြီလား

  • @nweoo3502
    @nweoo3502 3 หลายเดือนก่อน

    ကျေးဇူးပါ❤

  • @MayThuWin-z8q
    @MayThuWin-z8q 4 หลายเดือนก่อน

    သိချင်နေတာ ကျေးဇူး

  • @pyelin7594
    @pyelin7594 3 หลายเดือนก่อน

    good true story.

  • @zipphora9242
    @zipphora9242 3 หลายเดือนก่อน

    intro ဝင်တာအရမ်းကြာတယ်bro

  • @khunsoethu1026
    @khunsoethu1026 4 หลายเดือนก่อน

    Thanks ka

  • @MMH2703
    @MMH2703 4 หลายเดือนก่อน

    အလုပ်ပိတ်ရက်လေး နားထောင်ပြီးလေ

  • @nlssoe
    @nlssoe 4 หลายเดือนก่อน

    thank you

  • @ellaa7082
    @ellaa7082 4 หลายเดือนก่อน

    burning sun အမှုအကြောင်းက celebrity series ထက် taxi driver season2ကိုကြည့်ပါ epတော့မမှတ်မိပေမဲ့ ရှာလို့လွယ်ပါတယ်

    • @StoryBearsMM
      @StoryBearsMM  4 หลายเดือนก่อน

      ဟုတ်တယ်ခင်ဗျ။ အဲ့ဒီဟာကိုလည်း တွေ့လိုက်တယ်ခင်ဗျ။ မျှဝေပေးတာ ကျေးဇူးတင်ပါတယ်။

  • @CyanOnMarz
    @CyanOnMarz 4 หลายเดือนก่อน

    နဲနဲချုပ်ပြောရင် ကျနော့်လိုလူတွေအတွက်ပိုအဆင်ပြေမှာbro

  • @nyinyiminnhtet
    @nyinyiminnhtet 3 หลายเดือนก่อน

    Seungri ဆို ြပီး T.O.P ကိုတော့ မဝိုင်း ြပနဲ့လေဗျာ မမိုက်ဘူးနော်

  • @zenn4528
    @zenn4528 3 หลายเดือนก่อน

    Hisashi Ouchi အကြောင်းလေးတင်ပေးပါဉီးဉီး😅

  • @nilarlinn
    @nilarlinn 4 หลายเดือนก่อน

    အားပေးလျှက်ပါ❤ သိခွင့်ရလို့အထူးကျေးဇူးပါရှင့်😊

  • @MaThiDar-b8n
    @MaThiDar-b8n 4 หลายเดือนก่อน

    👍👍👍♥️♥️♥️

  • @jahkamnwawt8919
    @jahkamnwawt8919 3 หลายเดือนก่อน

    အကို ပြောဒါအရမ်း အရစ်ရှည်တယ်

    • @Millie_23391
      @Millie_23391 3 หลายเดือนก่อน

      အဲ့တော့?

  • @Dae-Sungjin
    @Dae-Sungjin 3 หลายเดือนก่อน

    အပုံမှာ Point ထောက်ပြထားတာက Senugri မဟုတ်ပါဘူးဗျ TOP ပါ ... Seungri က အလယ်ကတစ်ယောက်ပါ... Attention ရှာတာ တာ အပစ်မဟုတ်​ပေမဲ့ ဒီလိုမျိုး တစ်လွှဲ လုပ်ပီးတော့ မရှာစေချင်ပါဘူးဗျာ.... ထို့ကြောင့် Video ကို ဆုံးအောင် မကြည့်တော့ပါဘူးဗျ

    • @nltlen403
      @nltlen403 3 หลายเดือนก่อน

      ခုမှဝင်ကြည့်ဖူးတာထင်တယ်

    • @Millie_23391
      @Millie_23391 3 หลายเดือนก่อน

      တစ်သက်လုံး လာမကြည့်နဲ့
      စောက်ရူး

  • @uulay637
    @uulay637 4 หลายเดือนก่อน

    😮😮😮❤❤

    • @StoryBearsMM
      @StoryBearsMM  4 หลายเดือนก่อน

      First comment.

  • @MimOo-i6q
    @MimOo-i6q 4 หลายเดือนก่อน

    စကားကိုရှည်တာ လိုရင်းကိုမရောက်ဘူး 😒😏

  • @kokogyi444
    @kokogyi444 4 หลายเดือนก่อน +1

    မိုက်တယ်ဗျာ kpop ကိုတော့ မကြိုက်ဘူး အခြောက်လိုလိုကောင်တွေ

    • @StoryBearsMM
      @StoryBearsMM  4 หลายเดือนก่อน

      😅😅😅

    • @hermione7777
      @hermione7777 4 หลายเดือนก่อน +3

      ယွကျားကြီးတန်မဲ့နှုတ်သီးယားတဲ့ကောင်ကြမိန်းမလျာပေါ့
      အခြောက်ဆိုရင်မုဒိန်းမှုတောင်ရှိလာမှာမဟုတ်ဘူး စောက်တဖက်ပိတ်ကောင်

    • @kimbannja9459
      @kimbannja9459 4 หลายเดือนก่อน

      မင်းညီမ သူတို့ဆီ ထည့်ပေးလိုက်လေ ခြောက်လား မခြောက်လား သိချင်ရင် 😅😅😅

  • @CandyLynn-nw4pj
    @CandyLynn-nw4pj 4 หลายเดือนก่อน +8

    42 mins ကလဲ ခနလေးရယ်
    Can’t wait for ep-2

  • @kaysoe1135
    @kaysoe1135 4 หลายเดือนก่อน

    ကျေးဇူးပါ❤❤❤

  • @sandertint6620
    @sandertint6620 3 หลายเดือนก่อน

    အရမ်းကြိုက်တဲ့အဖွဲ့ပါဒီလိုဖြစ်တယ်ဆိုတာအခုမှထည်ထည်းဝင်ဝင်သိရတော့တယ်ရိုးရိုးမိန်းမရှုပ်လို့အမှူဖြစ်တယ်ထင်တာ

  • @burmabattlecollection
    @burmabattlecollection 4 หลายเดือนก่อน +7

    အခုလိုအမြဲထူးထူးခြားခြားဖြစ်ရပ်လေးတွေပြောပြပေးတဲ့အတွက် ကျေးဇူးပါဆရာ

  • @Anzio236
    @Anzio236 4 หลายเดือนก่อน +4

    ထစ်ကနဲဆိုတာနဲ့ အပြစ်ပြောတဲ့သူတွေကို တစ်ခုပဲပြန်ပြောလိုက်ပါ၊လွယ်မယ်ထင်ရင် ကိုယ်တိုင်ဝင်လုပ်ကြည့်ပါလို့။ကျနော်ကတော့ အစ်ကို့ရဲ့ အားစိုက်ထုတ်မှု၊အချိန်နဲ့စေတနာတွေအားလုံးကို လေးစားစွာနဲ့ကျေးဇူးတင်ပါတယ်ဗျ။

    • @nyinyiminnhtet
      @nyinyiminnhtet 3 หลายเดือนก่อน

      တစ်ခု မဟုတ်ဘူး ဘားမှကို ြပန် မ‌ေြပာချင်တာ ပျင်းဖို့ ကောင်းတယ်

  • @Kyawswarမြန်မာ
    @Kyawswarမြန်မာ 4 หลายเดือนก่อน +4

    အရမ်းစိတ်ရှည်ပြောပြတတ်တဲ့ ကိုကြီး
    ကျေးဇူးပါဗျ

  • @aepaing9759
    @aepaing9759 4 หลายเดือนก่อน +3

    Tysm pr ကျွန်တော်လဲသိချင်နေတာကြာပြီးဗျ ❤

  • @naungnaunglatt295
    @naungnaunglatt295 4 หลายเดือนก่อน +1

    သေချာ detail ကျကျ ပြောပြ ပြီး background documents တွေ ရှင်းပြ ပေးတာ ကျေးဇူးပါ Story Bears ရေ အားပေးနေပါတယ် ❤

  • @ryanaunguae
    @ryanaunguae 3 หลายเดือนก่อน +1

    တစ်ခြား Channel တွေကတင်တာရှိပေမဲ့ အကိုစကားပြောတဲ့ Tonality, Presentation Style နဲ့ Detail တွေက Professional အများကြီးဆန်ပါတယ် ပိုပြီးရှင်းလင်းတဲ့ Storytelling ဖြစ်ပါတယ် Keep up good work StoryBears! 💪

    • @StoryBearsMM
      @StoryBearsMM  3 หลายเดือนก่อน +1

      အခုလို ပြောတော့ ပြောတာပေါ့နော်။ အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

  • @nyogyi6862
    @nyogyi6862 4 หลายเดือนก่อน

    ဒီကောင်တွေကို အားပေးတဲ့ထဲမှာ ကိုယ်မပါလို့ တော်သေဒတယ် .. ဒီကောင်တွေ ကို အရူးအမူးအားပေးနေတဲ့ သူတွေ အတွက်တော့ စိတ် မကောင်းဘူး.. အောင်မြင်မှု ရှိရင် ကျဆုံးမှု ဆိုတာလည်းရှိတယ် .. အဲဒီအောင်မြင်မှု ကို လုပ်ချင်တာလုပ်ဖို့ ပေးထားတာ မဟုတ်ဘူး .. အဲဒါ ပညာမတတ်တဲ့ ကောင်တွေ စီမှာ အကြာကြီး မခံဘူး 😂

  • @wutyi5282
    @wutyi5282 2 หลายเดือนก่อน

    Hey guys, I was thinking to watch the documentary but thanks to you I don’t need to. 😂 anyway I just want to correct something. the person you red circle on the Big Bang group photo is not Seungri. That is TOP. Seungri is the one on the left with White T w/o sunglasses.

    • @StoryBearsMM
      @StoryBearsMM  2 หลายเดือนก่อน

      Hello. Thanks for pointing that out. It was entirely our ignorance. We apologized to the fans for our mistake. We have corrected that mistake in the short longer version of this story.

  • @kyalsin1393
    @kyalsin1393 4 หลายเดือนก่อน +1

    Bigbang is the best!But ...... My Handsome is Top😄

  • @CiangCiang-l4m
    @CiangCiang-l4m 4 หลายเดือนก่อน +1

    ဗဟုသုတတွေအများကြီးရလို့ကျေးဇူးပါ

  • @UThi-e7h
    @UThi-e7h 3 หลายเดือนก่อน

    BBC မှာ ကြည့်ပီးလဲ story bears ပြောတာ ထပ်ပြီး နားေထာင် ဖြစ်တယ်
    Ep 2 မျော်ေနမယ်

  • @chanmyaemon-fu8rt
    @chanmyaemon-fu8rt 4 หลายเดือนก่อน +1

    နားေအးြပီး အရမ်းနားေထာင်ေကာင်းတယ် ရှင်းရှင်းလင်းလင်းေလးနဲ့

  • @HlwanHtetOo
    @HlwanHtetOo 4 หลายเดือนก่อน

    အခုလိုမူခင်းသတင်းလေးတွေကိုတင်ပေးတဲ့အတွက်ကျေးဇူးပါရှင်။ဗဟုသုတလည်းများကြီးရတယ်ရှင့်💛

  • @hmhhmh-px3kc
    @hmhhmh-px3kc 4 หลายเดือนก่อน

    cn blueအဖွဲ့၀င်ထဲကတစ်ယောက်ရော ထောင်ကျလားမသိဘူး gp chatထဲပါနေတာ အရမ်းသိချင်နေပီနောက်ဆက်တွဲ

  • @nyonyo-ul5ch
    @nyonyo-ul5ch 3 หลายเดือนก่อน

    ဂျန်ဂျွန်ယောင်းနဲ့ဆွန်းရီပါအသံထွက်မှားနေလို့ပါBrotherဆရာကြီးလုပ်ချင်းမဟုတ်ပါ

  • @KiKi-rx5qb
    @KiKi-rx5qb 4 หลายเดือนก่อน

    ကြားဖူးနားဝပဲရှိသေးတာ ဒီ scandal ကို။ ခုတော့ story bear တင်ဆက်တော့ စဆုံး သေချာ နားထောင်ရမယ်။

  • @background2776
    @background2776 3 หลายเดือนก่อน

    ဟိုးအရင် ထဲက ကြာနေတဲ့ အမှုကို ဆွဲထား ပီး အာရုံပြောင်းဖို့ လိုအပ်နေတဲ့ချိန်မှ ဖော်လိုက်တာ လို့ပဲ ထင်ပါတယ် 🤧

  • @myathsumg
    @myathsumg 3 หลายเดือนก่อน

    Taxi Driver series season2မှာ အဲ့အကြောင်းတွေ ထည့် ရိုက်ထားတယ်

  • @thinnaung4401
    @thinnaung4401 4 หลายเดือนก่อน

    အကြောင်းအရာတစ်ခုကို စေ့စေ့စပ်စပ်နဲ့ ထောင့်စုံအောင်တင်ပြပေးတဲ့အတွက် အမြဲတမ်းစောင့်ပြီးနားထောင်အားပေးနေပါတယ်

  • @ThitAung-z5l
    @ThitAung-z5l 3 หลายเดือนก่อน

    ကြော်ကြားချင်တဲ့လူငယ်တွေဆိုတော့မဟုတ်တာအကုန်လုပ်တာဘဲ

  • @ပန်းချယ်ရီ-င၁ဇ
    @ပန်းချယ်ရီ-င၁ဇ 3 หลายเดือนก่อน

    ပြည့်ပြည့်စုံစုံပြောပြပေးလို့ကျေးဇူးပါ
    Ep2 ကိုစောင့်နေပါ့မယ်

  • @dawoo5228
    @dawoo5228 3 หลายเดือนก่อน

    တရဲတဆေမကောင်းဆိုးဝါးတွေအကြောင်းထက်အဖြစ်မှန်များကိုသာသိချင်ပါတယ်၊ကျေးဇူးပါ🎉

  • @SkyLine-b1x
    @SkyLine-b1x 4 หลายเดือนก่อน

    ကြံကြီးစီရာ အပြစ်ယူစရာလားအေ အများပြည်သူ ဗဟုသုတရချက် ကျေးဇူးတင်ချက်

  • @yinminaung7798
    @yinminaung7798 4 หลายเดือนก่อน

    အခုမှသေချာလေးသိလိုက်ရတယ်။ ကျေးဇူးတင်ပါတယ် Mr. Polar Bare ရှင်.

  • @nawnaw-jo5yw
    @nawnaw-jo5yw 4 หลายเดือนก่อน

    နက်ဖြန်တောင်မစောင့်နိုင်တော့ဘူး Ko Polar ရေ😢😢

  • @sandertint6620
    @sandertint6620 3 หลายเดือนก่อน

    သူတို့မှာအုပ်ချုပ်တဲ့အေဂျင်စီအမြဲတွဲပါတဲ့သက်တော်စောင့်တွေရှိတာတောင်ဒီလိုအမှူဖြစ်တာအံ့ဩစရာပါသူတို့ကအရမ်းစည်းကမ်းတင်းကြပ်လို့ရီးစားထားတာတောင်လွတ်လပ်စွာထားလို့မရလို့ဒီလိုဖြစ်တာမယုံန်ုင်အောင်ဘဲ

    • @StoryBearsMM
      @StoryBearsMM  3 หลายเดือนก่อน

      ဟုတ်ပါ့။ ဆုန်ရီက YG နဲ့ တော်တော်တည့်တာကြောင့်လည်းဖြစ်မယ်။

  • @KoMyo-dn7ue
    @KoMyo-dn7ue 4 หลายเดือนก่อน

    အမြဲအားပေးပါတယ်တင်ဆက်တာနားလည်လွယ်တယ်

  • @TunTun-uf7es
    @TunTun-uf7es 4 หลายเดือนก่อน

    မဂ်လာပါအေးချမ်းသာယာပျော်ရွင်ပါေစသူငယ်ချင်း ❤❤❤❤❤❤❤❤❤❤❤❤❤

  • @yoonshwewin2041
    @yoonshwewin2041 3 หลายเดือนก่อน

    အား​ပေး​နေပါတယ်ရှင့် ဒီထက်မက ​အောင်မြင်ပါ​စေ​နော်

  • @kyalsin1393
    @kyalsin1393 4 หลายเดือนก่อน

    မျှော်နေမယ်ဗျ။ ဇတ်ရှိန်တက်နေလေ😁😁😁

  • @lalmalmeelalmalmee9249
    @lalmalmeelalmalmee9249 4 หลายเดือนก่อน

    Polar Bear ကို Seungri ရဲ့ fans တွေမေတ္တာပို့ကြတော့မယ်လို့ ကျွန်တော်ပြောမယ်ဆိုရင်လဲ "မှားမယ်လို့မထင်ပါဘူးလေ" နော့ ၊ဟုတ်တယ်မလားးး😁😁😁...

    • @StoryBearsMM
      @StoryBearsMM  4 หลายเดือนก่อน

      🤣🤣 မတတ်နိုင်ဘူးလေနော့်။

  • @kayphyo1044
    @kayphyo1044 4 หลายเดือนก่อน +1

    မဂ်လာပါSB😊

  • @Htutpaingzan
    @Htutpaingzan 3 หลายเดือนก่อน

    ကျွန်တော်ထင်တာနော် အဲ့လိုတွေက အာရုမှာပိုများသလားလို့။ အနောက်နှိင်ငံတွေမှာလဲမရှိဘူးမပြောဘူးနော်။ US ကဟာမတွေက $ကျောတင်း😂

    • @StoryBearsMM
      @StoryBearsMM  3 หลายเดือนก่อน

      US က အကြောင်းတွေလည်း ပြောဖို့ရှိပါတယ်။ လာမယ် 😅😅😅

  • @Bike...863
    @Bike...863 4 หลายเดือนก่อน

    အကိုတင်ပြတာပိုပြည့်စူံတယ် အကိုရေ

  • @KoNge-j6m
    @KoNge-j6m 4 หลายเดือนก่อน

    အားပေးနေပါတယ်ဘရိုး....❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤

  • @cherrylay6908
    @cherrylay6908 4 หลายเดือนก่อน

    ဇာတ်ရှိန်မြင့်နေပြီ 😂

  • @AungMyoThant-qt5vo
    @AungMyoThant-qt5vo 4 หลายเดือนก่อน

    နောက်ကျသွားပီဦးပိုလာရေ😢

  • @HappyLife-db1pc
    @HappyLife-db1pc 4 หลายเดือนก่อน

    သိခွင့်ရလို့ ကျေးဇူးပါ

  • @autumnmg3911
    @autumnmg3911 3 หลายเดือนก่อน

    ဖင်ဝင်နာမယ့် မြန်မာက အကောင်တွေကောင်မတွေလာရှာတာ ခုတော့အပေါက်ပိတ်ကုန်ပြီမလား

    • @StoryBearsMM
      @StoryBearsMM  3 หลายเดือนก่อน

      😅😅😅

  • @khinhtethtetsoe522
    @khinhtethtetsoe522 4 หลายเดือนก่อน

    ကျေးဇူးပဲ မျှော်နေတာ...❤

  • @YuzanaWaiAung
    @YuzanaWaiAung 4 หลายเดือนก่อน

    ကြော်ငြာတွေ သိပ်မုန်းတာဘဲ နားထောင်ရတာအရှိန်ပျက်လို့ပါ အားပေးနေပါတယ် ❤🎉

    • @yinminaung7798
      @yinminaung7798 4 หลายเดือนก่อน +2

      ကြော်ငြာတွေကို မမုန်းပါနဲ့ ကိုယ်တွေ က ဘာ fees မှ မပေးရပဲ ဗဟုသုတရတာပါ။ ကြော်ငြာ ရတာကို ကိုယ်တွေရဲ့ Story Bears အတွက် ၀မ်းသာဂုဏ်ယူစရာပါ။

  • @aungnaingoo398
    @aungnaingoo398 4 หลายเดือนก่อน

    ကျေးကျေး ညီ။
    အမြဲအားပေးတယ်။👍

  • @kohtwe8267
    @kohtwe8267 3 หลายเดือนก่อน

    သင်းကြန်တုန်ူးက နေပြည်တော်လာသွားတဲ့ ကေပေါ့လား

    • @StoryBearsMM
      @StoryBearsMM  3 หลายเดือนก่อน

      🤣🤣🤣🤣🤣🤣🤣 ဟာ ပြောချက်ကြီးက။ တော်တော်စဉ်းစားလိုက်ရတယ်။ 🤣🤣🤣

  • @phyumyint7103
    @phyumyint7103 4 หลายเดือนก่อน

    ဓါတ်ပုံထဲကဝိုင်းပြထားတဲ့လူကမှားနေတာလားလို့ပါးစပ်ဟနေတဲ့လူထင်တယ်

    • @StoryBearsMM
      @StoryBearsMM  4 หลายเดือนก่อน +2

      ဟုတ်ပါတယ်။ နောက်ဗီဒီယိုကျရင်တော့ ပြင်လိုက်ပါ့မယ်ခင်ဗျ။

  • @Yar-hy8hl
    @Yar-hy8hl 4 หลายเดือนก่อน

    အားပေးနေပါတယ် အကိုရေ❤❤❤

  • @nweoo3502
    @nweoo3502 3 หลายเดือนก่อน

    ဆက်ပြောပေးအုံး ဆရာ

  • @ShineKhantKyaw-bh7bp
    @ShineKhantKyaw-bh7bp 3 หลายเดือนก่อน

    ဒီကိစ္စလိုင်းပေါ်ပြန့်ကတည်းက စိတ်ဝင်စားနေတာ အခုလို သေသေချာချာပြောပြပေးလို့ ကျေးဇူးပါ အကို 😊

    • @ShineKhantKyaw-bh7bp
      @ShineKhantKyaw-bh7bp 3 หลายเดือนก่อน

      အမြဲအားပေးနေပါတယ်နော် 😊

    • @StoryBearsMM
      @StoryBearsMM  3 หลายเดือนก่อน +1

      အခုလိုာအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

  • @kyawzinphyo5859
    @kyawzinphyo5859 3 หลายเดือนก่อน

    top ျကီးပါ

  • @kimmeimei5322
    @kimmeimei5322 4 หลายเดือนก่อน

    G.D နှင့် T.O.P ကိုပဲသိသောမိမမ😂

    • @StoryBearsMM
      @StoryBearsMM  4 หลายเดือนก่อน

      😅😅😅

  • @Tcreator908
    @Tcreator908 4 หลายเดือนก่อน

    Waiting for tomorrow video

  • @Ohsehun-n4c
    @Ohsehun-n4c 4 หลายเดือนก่อน

    အ့အမှုစ ြဖစ်ကတည်းက သတိထားမိခဲ့‌ေပမယ့် အ‌ေြကာင်းအရာတွေကိုသေချာသတိမထားမိခဲ့ဘူး ပီးတော့ bigbang ထဲမှာ သတိမထားမိတဲ့တစ်ဦးတည်ူသောအဖွဲ့၀င်မို့ စိတ်မ၀င်စားခဲ့တာလည်းပါတယ် ‌ေြပာရရင် fan တွေရဲ့ကာကွယ်မှု ‌ေြကာင့် ကောလဟာလလို့ထင်ခဲ့တာလဲပါတယ်

    • @StoryBearsMM
      @StoryBearsMM  4 หลายเดือนก่อน +1

      ဟုတ်တယ် အဲ့တုန်းက သူ့ဖန်တွေက တော်တော် ကြောက်စရာပဲ။ အခုထိလည်း သူ့ဘက်က အားပေးနေကြတဲ့သူတွေ ကာကွယ်ပေးနေတဲ့ ဖန်တွေ ရှိနေဆဲပါပဲ။

    • @Ohsehun-n4c
      @Ohsehun-n4c 4 หลายเดือนก่อน

      အနည်းစုဘဲရှိတော့တာပါ ခုခေတ်ကျိုး‌ေြကာင်းဆီလျော်အောင်တွေးတတ်တဲ့ fan တွေလည်းများလာပါပီ

    • @StoryBearsMM
      @StoryBearsMM  4 หลายเดือนก่อน +1

      @@Ohsehun-n4c အဲ့ဒါလည်းအမှန်ပဲ။ အရင်က သူ့ကိုအားပေးခဲ့တဲ့သူကနေ အားမပေးတော့တဲ့သူနဲ့ ဆက်အားပေးနေတဲ့သူ Kpop stan page နှစ်ခုမှာ အားပေးနေသူက အားမပေးတော့သူကို Facebook messenger ထိသွားဆဲနေတာကိုတောင်တွေ့ခဲ့တော့ အံ့ဩမိတာ။

    • @Ohsehun-n4c
      @Ohsehun-n4c 3 หลายเดือนก่อน

      @@StoryBearsMM brain level ‌ေြကာင့်ပါ
      နှစ်ပေါင်းများစွာ Stan ခဲ့တော့လက်မခံနိုင်တာ ြဖစ်မယ် idol ကိုချစ်ရင် မှားမှားမှန်မှန် ဆက်ချစ်ဆက်အားပေးရမယ်ဆိုတဲ့ ရှေးရိုးစွဲ fan သာသာတွေပါ

  • @minhtinkyaw9966
    @minhtinkyaw9966 3 หลายเดือนก่อน

    ကြာပါပီအစ်ကိုပြောတာပိုပြည့်စုံတယ်

    • @StoryBearsMM
      @StoryBearsMM  3 หลายเดือนก่อน

      ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဖြစ်တာကတော့ ကြာပါပြီ အခုနှစ်ထဲမှာ လူမသိသေးတဲ့အချက်အလက်တွေ ထပ်ထွက်လာတော့ လူတွေ ထပ်ပြောနေကြတာကြောင့်ပါ။

  • @KuKusan-ql8zu
    @KuKusan-ql8zu 3 หลายเดือนก่อน

    ကကြီးမတွေကို အံ့ဩမိတယ် BTS အဖွဲ့ဝင် တွေ ဆေးလိပ်သောက်တဲ့ပုံမြင်တော့ ဝိုင်းဝန်းဝေဖန်ပြောဆိုလိုက်ကြတာများရစရာမရှိ ဒီ မှုဒိန်းကောင်တွေကိုကျ အတင်းကာကွယ် ပေးတာတော်

    • @StoryBearsMM
      @StoryBearsMM  3 หลายเดือนก่อน +1

      ခုခေတ်မှာ idols လာဖြစ်တဲ့သူတွေက တော်တော်အပြောခံရတာ။ အရင်ခေတ်က idol တွေက နည်းနည်းပို လွတ်လပ်ကြသလားပဲ။

    • @KuKusan-ql8zu
      @KuKusan-ql8zu 3 หลายเดือนก่อน

      @@StoryBearsMM ဟုတ်ပ ဦးပိုလာရေ တွေးမိပီးဒေါသထွက်လို့ စကားကြမ်းသွားတယ် ဆောရီးပါနော် ဦးပိုလာလို ပြောတတ်ဆိုတတ် ချင်ပါရဲ့

    • @autumnmg3911
      @autumnmg3911 3 หลายเดือนก่อน

      မြန်မာမှာလည်းရှိပါတယ် မုဒိမ်းကျင့်တဲ့ကောင်ကို အိုင်ဒေါ်လ်မလို့မျက်စိမှိတ်အာပေးတဲ့ကောင်မလေးတွေရှိပါတယ်

    • @StoryBearsMM
      @StoryBearsMM  3 หลายเดือนก่อน

      @@KuKusan-ql8zu မဟုတ်တာ။ အဲ့ဒါအမှန်တရားပါပဲ။ ရိုင်းတဲ့အသုံးအနှုန်းမပါပါဘူး။ အေးဆေး။ peace..

    • @chanchan2819
      @chanchan2819 3 หลายเดือนก่อน

      မြန်မာမတွေလဲအများကြီးပဲလေ
      အငယ်လေးအငယ်လေးနဲ့
      အဲ့တုန်းကဖော်ထုပ်တဲ့ကောင်မလေးကိုလားမသိဘူးပြောလိုက်ကျတာ
      ရစရာတောင်မရှိဘူး
      ကိုယ်တွေလည်းပြန်ပြောခဲ့တာသုတ်ကြောင်မတွေဘာညာပေါ့အခုတောင်
      တင်ပေးနေတဲ့အကို ကိုအားနာလို့
      အဲ့ကိစ္စကိုပြန်တွေးအခုထိအဲသုတ်ကြောင်မတွေကိုဆဲချင်နေတုန်း😂😂

  • @chilichili5150
    @chilichili5150 4 หลายเดือนก่อน

    အားပေးလျှက်ပါ

  • @preppy2162
    @preppy2162 3 หลายเดือนก่อน

    ❤❤❤

  • @roiaunglawaw
    @roiaunglawaw 3 หลายเดือนก่อน

    👏👏

  • @aungthu-do9ej
    @aungthu-do9ej 4 หลายเดือนก่อน

    ❤️❤️❤️

  • @ManaMama-k3u
    @ManaMama-k3u 4 หลายเดือนก่อน

    ❤❤❤❤❤

  • @nandarwin2378
    @nandarwin2378 4 หลายเดือนก่อน

    ❤❤❤

  • @ChitKoKyee
    @ChitKoKyee 4 หลายเดือนก่อน

    👍👍👍

  • @oakarkyaw3505
    @oakarkyaw3505 4 หลายเดือนก่อน +1

    6:12မှာအလယ်ကseungriပါ ဝိုင်းပြထားတာကT.O.Pကြီး

    • @StoryBearsMM
      @StoryBearsMM  4 หลายเดือนก่อน +2

      ဟုတ် ကျွန်တော် Full Episode မှာကျရင် ပြန်ပြင်လိုက်ပါ့မယ်ခင်ဗျ။ ထောက်ပြတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။