တရားဦး ဓမ္မစကြာ (အပိုင်း ၄)

แชร์
ฝัง
  • เผยแพร่เมื่อ 7 ก.ค. 2024
  • သစ္စာလေးပါး
    ဤသုတ္တန်ဒေသနာ၏ အစပိုင်း၌ ပဉ္စဝဂ္ဂီငါးဦးတို့၏ အယူမှားကို ပယ်ဖျက်ပြီးလျှင်၊ တရားစစ်၏အခြေခံ သစ္စာလေးပါးကို အကျယ်ရှင်းလင်းဟောပြတော်မူ၏။ ထိုသစ္စာလေးပါးမှာ ဆင်းရဲအမှန်ဟူသော ဒုက္ခသစ္စာ၊ ဆင်းရဲဖြစ်ကြောင်းအမှန်ဟူသော သမုဒယသစ္စာ၊ ဆင်းရဲ ချုပ်ငြိမ်းရာအမှန်ဟူသော နိရောဓသစ္စာ၊ ဆင်းရဲချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအမှန်ဟူသော မဂ္ဂသစ္စာဟူသော ဤလေးပါးတည်း။ ဤသစ္စာလေးပါးတရားကိုပင် အရမ်းမဲ့ ယုံကြည်စရာအရာ မဟုတ်၊ လက်တွေ့မျက်မှောက် ပြုရမည့်တရားများဖြစ်ကြောင်းကို မှတ်သားရပေမည်။
    ဤသစ္စာလေးပါးတရား၌ ဆင်းရဲကို အရင်းခံထား၍ ဟောကြားသော်လည်း၊ ဆင်းရဲမှ လွတ်မြောက်ရာကိုလည်း ဟောပြ လျက်ရှိ၏။ ဆင်းရဲကို မည်သူမျှအလိုမရှိ ချမ်းသာကိုသာလိုချင်ကြ၏။ သို့ရာတွင် လူအမျိုးမျိုး၊ နတ်အထွေထွေရှိနေကြသဖြင့်၊ တစ်ဦးအား ချမ်းသာဖြစ်သောအရာသည် အခြားတစ်ဦးအား ချမ်းသာဖြစ်လိမ့်မည်ဟု မုချဆိုနိုင်မည် မဟုတ်ချေ။ သို့ဖြစ်၍၊ မိမိလိုလားတိုင်းသော ချမ်းသာဟူသမျှ ပြည့်စုံနိုင်မည့် နိစ္စထာဝရဖြစ်သည့် ကောင်းကင်ဘုံမျိုး မရှိနိုင်။
    ခံစားမှုဝေဒနာ စွဲ၍ဖြစ်သော ချမ်းသာမျိုးသည် တည်မြဲသောချမ်းသာမျိုး မဟုတ်ချေ။ ခံစားမှုနှင့်စပ်သော ချမ်းသာမျိုး၏ မမြဲပုံမှာ ကျွန်ုပ်တို့၏ ကိုယ်တွေ့ပင်ဖြစ်၍၊ ထင်ရှားလှ၏။ ရှင်တော်ဘုရား၏ တရားတော်အလို နိဗ္ဗာန်ချမ်းသာဟူသည် ဒုက္ခအားလုံး အကြွင်းမဲ့ချုပ်ငြိမ်းမှု သန္တိကို စွဲ၍ဖြစ်သော အေးငြိမ်းမှုဟူသော ချမ်းသာမြဲပင် ဖြစ်လေသည်။
    ဒုတိယဖြစ်သော သမုဒယသစ္စာ၌ ဝေဖန်ပြသော ပေါနော¸ ဝိကာဟူသော စကားအရ၊ တဖန်ဘဝသစ်ကို ပေးတတ်၏ဟု အဓိပ္ပာယ်ကျရာ၊ သတ္တဝါတို့အား နောင်ဘဝရှိကြောင်း ဘုရားဝန်ခံတော်မူသည်။ ထိုစကားရပ်ဖြင့် နောက်ဘဝမရှိသူဟု ယူ လေ့ရှိကြသူ ဥစ္ဆေဒဝါဒသမားတို့အား ယင်းတို့၏ အယူမှားကြောင်းကို ဖြေကြားရာရောက်သည်ကိုလည်း၊ အထူးသတိပြု သင့်ပေသည်။
    ဤသုတ္တန်ဒေသနာ၏ အလယ်ပိုင်း၌ ရှေးကမကြားစဖူးသော တရားထူးတို့၌ ဉာဏ်အလင်း ဖြစ်ပေါ်လာကြောင်း ဟောတော်မူ ၏။ ထို့အတူပင် ထိုသစ္စာတို့နှင့် စပ်လျဉ်း၍ သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ် သုံးပါးဖြစ်ပုံနှင့် တဆယ့်နှစ်ပါးသော အခြင်းအရာတို့ကို အကျယ်ခွဲခြားပြတော်မူသည်။
    သစ္စာလေးပါးတို့တွင်
    ဒုက္ခသစ္စာကို ပိုင်းခြားသိရမည်။
    သမုဒယသစ္စာကို ပယ်ပစ်ရမည်။
    နိရောဓသစ္စာကို မျက်မှောက်ပြုရမည်။
    မဂ္ဂသစ္စာကို ပွားများရမည်။
    ဤသစ္စာလေးပါးနှင့် စပ်လျဉ်း၍၊ ရှင်းရှင်းလင်းလင်း အသိဉာဏ် မဖြစ်ပေါ်သေးသမျှ၊ သမ္မာသမ္ဗောဓိဉာဏ်ကို ရရှိကြောင်း လောက၌ ပြောပြတော်မမူ။ သစ္စာလေးပါးကို ရှင်းရှင်းလင်း လင်း ပြည့်ပြည့်စုံစုံ သိမြင်တော်မူသောအခါကျမှ၊ သမ္မာသမ္ဗောဓိဉာဏ်ကို ရရှိတော်မူကြောင်း ဟောပြတော်မူ၏ဟု သုတ်အဆုံး၌ မိန့်တော်မူ၏။
    ဤကား ငါ၏အဆုံးစွန်သော ဘဝတည်း၊ နောင်တစ်ဖန်ဖြစ်ပေါ်ခြင်းမရှိဟု အဆုံးသတ်ဘဝအဖြစ်ကို ထင်ရှားစွာ ပြတော်မူပြီးလျှင်၊ ဤတရားဦးဒေသနာတော်ကို ပြီးဆုံးစေတော်မူ၏။
    ဒေသနာတော်၏ အဆုံး၌ အရှင်ကောဏ္ဍညမထေရ်သည် ရှေးဦးစွာ နိဗ္ဗာန်ကို မျက်မှောက်ပြုကာ၊ သောတာပန် ဖြစ်လေ သည်။ တရားအလင်းရောင်၏ အကြည်ဓာတ်ကို ခံယူရန် လာရောက်ကြသော ထောင်သောင်းမက များပြားလှစွာသော နတ်ဗြဟ္မာတို့သည် ကောင်းချီးနုမော် သာဓခေါ်ဆိုကြလေကုန်သတည်း။

ความคิดเห็น • 4

  • @WinTin-tf7ol
    @WinTin-tf7ol 14 วันที่ผ่านมา +2

    4 ညတိုင်ဟောကြားတရားနိဂုံး
    သာဓု သာဓု သာဓု ပါဘုရား

  • @ayethortarnaing
    @ayethortarnaing 14 วันที่ผ่านมา +1

    🙏🙏🙏🙏🙏

  • @panmalar9532
    @panmalar9532 14 วันที่ผ่านมา

    🙏🙏🙏🙏🙏🙏🙏🙏🙏

  • @user-dm6uc7fp1o
    @user-dm6uc7fp1o 14 วันที่ผ่านมา +1

    ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ