ไม่สามารถเล่นวิดีโอนี้
ขออภัยในความไม่สะดวก

မွန်ပြည်လွတ်မြောက်ရေးတပ်တော် (M.L.A) မှ တပ်သားအသစ်ခေါ်ယူ

แชร์
ฝัง
  • เผยแพร่เมื่อ 26 ม.ค. 2023
  • ဂျူချန်း
    မဇ္ဈိမ။ ။မွန်ပြည်လွတ်မြောက်ရေးတပ်တော် Mon Liberation Army- M.L.A မှ အပတ်စဉ် (၂) အတွက် သင်တန်းသားများ ခေါ်ယူလျက်ရှိကြောင်း M.L.A ၏ ဘဏ္ဍာရေးဥက္ကဋ္ဌနှင့် ပြန်ကြားရေးတာဝန်ခံ မအေးရွှေ ကမဇ္ဈိမသို့ပြောသည်။
    “ လောလောဆယ်တော့ သင်တန်းသား အရေအတွက် မကန့်သတ်ထားဘူး။ ဘာလို့လဲဆိုတော့ MLA စထောင် ကတည်းက အနည်းဆုံး တပ်အင်အား ထောင်ဂဏန်းအတွက် ကြိုတင်ပြင်ဆင် ထားပြီးသား။ ဒါကြောင့် လာလျှောက်သမျှ ရဲဘော်အားလုံးကို စိစစ်လက်ခံနေပါတယ်။ လက်နက် အင်အားကတော့ ပြည့်စုံတာထက်ကို ပိုပါတယ်။ အမျိုးသမီးရဲဘော်အင်အားတော့ အရမ်းနည်း နေတယ်” ဟု ၎င်းကဆိုသည်။
    အာဏာရှင်စနစ်နှင့် လူမျိုးကြီးဝါဒကို ဆန့်ကျင် တော်လှန်လိုသူ၊ မည်သည့်အကြောင်းပြချက်နှင့်မှ နောက်ပြန်မလှည့်ဘဲ တော်လှန်ရေး ရည်မှန်းချက် ပြီးမြောက်သည် အထိ (သို့) အနည်းဆုံး ငါးနှစ် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်ဆိုသည့် စည်းကမ်းချက်များအပါအဝင် စုစုပေါင်း သတ်မှတ်ချက် ၉ ချက်ကို လိုက်နာနိုင်သူ မည်သူမဆို လျှောက်ထားနိုင်ကြောင်း MLA မှထုတ်ပြန်ထားသည်။
    တပ်ဖွဲ့ စတင်ဖွဲ့စည့်သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင်ပင် အပတ်စဉ် (၁) အတွက် သင်တန်းသားများ စတင်ခေါ်ယူနိုင်ခဲ့သည်။ ထို့အပြင် ၃ လကြာမြင့်မည့် အပတ်စဉ် (၂) အတွက် သင်တန်းသားများကို ဒီဇင်ဘာ ၈ ရက်နေ့မှစတင် ခေါ်ယူနေခြင်းဖြစ်ပြီး ဟုဆိုသည်။
    လာလျှောက်သည့် သင်တန်းသားဦးရေကို လုံခြုံရေးအခြေအနေအရ ပြောပြနိုင်ခြင်းမရှိသးဘဲ သင်တန်းလျှောက်ထားခြင်နှင့် အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက MLA ၏ သက်ဆိုင်ရာ စာမျက်နှာများမှ တဆင့် ဆက်သွယ်နိုင်‌ကြောင်း ဆိုသည်။
    ဦးတည်ချက်မှာ အာဏာရှင်စနစ်နှင့် မဟာလူမျိုးကြီးဝါဒ အပြီးသတ်ချုပ်ငြိမ်းရေးနှင့် မွန်လူမျိုးများအပါအဝင် အခြားသောလူမျိုးစုများအားလုံး လိုလားတောင့်တနေကြသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုကျင့်သုံးသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေရန် ရည်ရွယ်ထားကြောင်း MLA မှ ထုတ်ပြန်ထားသည်။
    တပ်ဖွဲ့အနေဖြင့် မြန်မာနိုင်ငံတောင်ပိုင်းတွင် အဓိကစစ်ရေးဖော်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် တော်လှန်ရေးတွင်သာမက တော်လှန်ရေးအလွန်ကာလတွင် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံပြန်လည် တည်ဆောက်ရေးအတွက်ပါ ရည်ရွယ်၍တည်ထောင်ခဲ့ခြင်းဟု MLA ထံမှသိရသည်။
    စာတည်း ။ ။ စိုးသူအောင်
    #မွန်ပြည်လွတ်မြောက်ရေးတပ်တော်
    #သင်တန်းသား
    #တပ်သားသစ်
    #MLA
    -----------------------------------------
    @MizzimaTV
    မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. bit.ly/2VhJ12U
    Join this channel to get access to perks:
    / @mizzimanewstv
    Follow us:
    Facebook ( Myanmar Language) bit.ly/3BuWBSJ
    Facebook (English language) bit.ly/3d5g1V2
    Facebook (Mizzima+TV) bit.ly/3eGNjdl
    Twitter bit.ly/3Dbvqh1
    Telegram bit.ly/3RRn2rk
    Tiktok bit.ly/3xngMzE
    Get Mizzima TV App Free : onelink.to/jnuwak/
    Website:
    www.mizzima.com/ www.mizzimaburmese.com/ www.mizzima.tv/
    .........................................
    About Us :
    Mizzima TV is an Online TV content provider that is run by Burmese journalists who are based in neighboring countries of Burma (Myanmar).We strive to produce world-class contents for Burmese as well as those who care about Burma affairs.

ความคิดเห็น • 22

  • @tinthan7399
    @tinthan7399 ปีที่แล้ว +3

    M.L.A မွန်လွတ်မြောက်ရေး တပ်တော်ကို ဂုဏ်ယူပါတယ် ဂုဏ်ပြုပါတယ်

    • @thetmin8520
      @thetmin8520 11 หลายเดือนก่อน +1

      Hi

  • @dkhvsgcd8089
    @dkhvsgcd8089 ปีที่แล้ว +1

    ပြည့်သူ့ကာကွယ်​ရေးတပ်👏👏

  • @mokhohtoo8198
    @mokhohtoo8198 ปีที่แล้ว

    Good job, go ahead, Congratulations

  • @WisNaing-ch6yx
    @WisNaing-ch6yx 11 หลายเดือนก่อน

    ပေါင်ဇင်းကျိုက် မိုးနိုင်းကဒုံစိများမယ်

  • @mgmgkoko5903
    @mgmgkoko5903 ปีที่แล้ว +2

    👍👍💪💪💪✌

  • @kyawshwe6283
    @kyawshwe6283 ปีที่แล้ว

    ကိုယ့်အိမ်ကို ဘယ်သူကမီးရှို့ဖို့ ကျိုးစားနေလဲ မြန်မာနိုင်ငံဆိုတာ တအိမ်ဘဲရှိတယ်

  • @kyawminhtun1798
    @kyawminhtun1798 ปีที่แล้ว

    အသေ ထွက် ၊ ဟုတ်တယ်၊ ပြန်လည် တည်ဆောက် ကြ ရတော့မယ်။👍

  • @theynaingoo6
    @theynaingoo6 ปีที่แล้ว +1

    💪💪💪💪

  • @yeelinnaing2798
    @yeelinnaing2798 ปีที่แล้ว

    လက်နက်အပိုင်းအားရတယ်

  • @kyarni6955
    @kyarni6955 ปีที่แล้ว

    👍

  • @MaWar-rb3hz
    @MaWar-rb3hz ปีที่แล้ว

    ဟုပ်

  • @thetmin8520
    @thetmin8520 11 หลายเดือนก่อน

  • @yeelinnaing2798
    @yeelinnaing2798 ปีที่แล้ว +2

    ဂုဏ်ယူပါတယ်အောင်မြင်မှာပါ

  • @thetmin8520
    @thetmin8520 11 หลายเดือนก่อน

    Hi

  • @nyanlon2817
    @nyanlon2817 ปีที่แล้ว

    သွားသေလိုက်

  • @lancerkay3794
    @lancerkay3794 ปีที่แล้ว

    ခပ်ညံ့ညံ့ပါ

  • @mgmgmgmg6699
    @mgmgmgmg6699 ปีที่แล้ว

    တံတားနာမယ်ပြောင်းဖို့လား

  • @naytun5867
    @naytun5867 ปีที่แล้ว

    ဘယ်လိုဆက်သွယ်လို့ရပါသလဲ

  • @thandaraung892
    @thandaraung892 ปีที่แล้ว

    မငေးလ

  • @thetmin8520
    @thetmin8520 11 หลายเดือนก่อน

    Hi