City Bagan,Village Paleik(Ancient Pagodas at Bamaw monastery in Paleik)

แชร์
ฝัง
  • เผยแพร่เมื่อ 25 ส.ค. 2024
  • မြို့မှာပုဂံ ၊ရွာမှာပလိပ်ဆိုတဲ့အတိုင်း ပလိပ်မြို့မှာ အုတ်တိုက်သိမ်​တွေ ​ရှေး​ဟောင်းဘုရား​တွေအများကြီးရှိပါတယ်။
    ပလိပ်နာမည်တွင်ပုံ​လေး ရှာဖတ်မိတယ်။
    ပုဂံခေတ်၊ အနော်ရထာမင်းရဲ့ အရမ်းချစ်မြတ်နိုးရတဲ့ ရှမ်းမိဖုရားစောမွန်လှအတွက် နားတောင်း ပန်ဖို့ ပေရွက်ကိုလိပ်ပြီး ပေလိပ်နားတောင်း ဆက်သရတာကြောင့် ပေလိပ်လို့​ခေါ်ရာက​နေ နောက်ပိုင်းတွင် ကာလရွေ့လျောပြီး ပေလိပ်ရွာမှ ပလိပ်ရွာ လို့ အမည်တွင်ခဲ့ပါတယ်တဲ့။
    ​ခေါတ်အဆက်ဆက် တည်ရှိခဲ့ပြီးအမရပူရ​ခေါတ်မှာ​တော့ အစည်ကားဆုံး ဖြစ်ခဲ့ပါတယ်။
    ပလိပ်မြို့​လေးဟာ ​ရှေးဘုရင်များလက်ထက်က ရှမ်းကုန်သည်များနဲ့​မြေလတ်ကုန်သည်များ ကုန်စည်ဖလှယ်ခဲ့ကြ​သေအလွန်စည်ပင်သာယာခဲ့​သော မြစ်ဆိပ်ကမ်းရွာတရွာဖြစ်ခဲ့ပါတယ်။​
    ရှေး​ဟောင်းအုတ်သိမ်များနဲ့အင်းဝ​ခေါတ် ရတနာပုံ​ခေါတ် အမရပူရ​ခေါတ် ကနုတ်ပန်းလက်ရာ​တွေနဲ့ဘုရားများစွာကို​တွေ့ရပြီး ဘုရားပရဝုဏ်အတွင်း​စေတီပုထိုးတခုစီတည်ထားခြင်းမျိုးမဟုတ်ပဲ ​ပရဝုဏ်တခုထဲမှာ စေတီပုထိုးများစွာကို​နေရာလပ်မရှိတည်ထားတာမျိုးဖြစ်ပါတယ်။​
    ပုလိပ်​မြွေဘုရား၊ ဗန်း​မော်​ကျောင်းတိုက်၊ ဗုံတီးဘုရား၊ ​လေးမျက်နှာနှစ်ထပ်ဘုရားတို့ဟာထင်ရှားပြီး အခု​ရောက်ခဲ့တာက​တော့ ဗန်း​မော်​ကျောင်းတိုက်ဖြစ်ပါတယ်။ ပုလိပ်မြို့ဟာ မန္တ​လေးမြို့အနီး မြစ်ငယ်မြစ်အနီးမှာရှိပါတယ်။
    #ပလိပ် #paleik #adventureholidaysbynway💦🌿⛰ #nwaynge🌿⛰🌼☁️💦

ความคิดเห็น •