မသေနိုင်သောဘုန်းကြီး Rasputin

แชร์
ฝัง
  • เผยแพร่เมื่อ 18 ธ.ค. 2024

ความคิดเห็น • 26

  • @mithrandir-s5n
    @mithrandir-s5n ปีที่แล้ว +6

    ကမ္ဘာကျော်လက္ခဏာဆရာကြီး ကိုင်ရိုရဲ့ စာအုပ်ထဲမှာ ဆရာကိုင်ရိုက သူနဲ့ ရစ်ဗြူတင်တို့ တွေ့ဆုံခဲ့ပုံကို ဖော်ပြထားတယ်လို့ ဖတ်ဖူးတယ် အဲဒီ မှာ ရစ်ဗြူတင်က သူ့ရဲ့ အနာဂတ်သေဆုံးခြင်းကို ဟောကြည့်ခိုင်းပါတယ်တဲ့
    ဆရာကိုင်ရိုက ရစ်ဗြူတင်နဲ့ အကြည့်ချင်းဆုံမှာကို ရှောင်လွှဲတဲ့အနေနဲ့ မျက်လုံးနှစ်လုံးရဲ့ အလယ်ကိုသာ စူးစိုက်စွာ ကြည့်ထားပြီး
    ခင်ဗျားဟာ အဆိပ်ခတ် သေနတ်နဲ့ပစ်ပြီး လုပ်ကြံခံရမယ့်အပြင် ရေထဲနှစ်သတ်ခံရလိမ့်လို့ ဟောလိုက်ပါတယ် တဲ့
    အဲဒါကို ကြားလိုက်ရတဲ့ ရစ်ဗြူတင်ဟာ ဟက်ဟက်ပက်ပက် ရယ်မောပြီး ဒါဟာ မဖြစ်နိုင်ဘူး ကျုပ်ဟာ အဆိပ်တွေ သေနတ်တွေကို မကြောက်ဘူးလို့ ပြောတဲ့အခါ ဆရာကိုင်ရိုက အေးလေ ဒါကတော့ ခင်ဗျားကိစ္စပဲ ကျနော်က ခင်ဗျားလက္ခဏာကို ကြည့်ပြီး ဟောပေးတာသာ ဖြစ်တယ်လို့ ပြောပါတယ်တဲ့
    ရစ်ဗြူတင်က အေးလေ တကယ်လို့ ခင်ဗျား ဟောတဲ့အတိုင်းသာ အမှန်ဖြစ်ပြီး ကျုပ်ကို လုပ်ကြံကြရင်လည်း ရုရှားပြည်ကြီး သွေးချောင်းစီးရလိမ့်မယ်လို့ ကျိန်စာလိုလို ရှေ့ဖြစ်ဟော လိုလို ပြောခဲ့ပါတယ်တဲ့
    တကယ်လည်း ရစ်ဗြူတင်ကို မင်းသား ရူစီပေါ့နဲ့ အပေါင်းအပါတွေက ဆိုင်ယာနိုက်အဆိပ်တွေ အမြောက်အမြားခပ်ထားတဲ့ မုန့်တွေ ဝိုင်တွေကို တိုက် ဘာမှ မထူးခြားသော သေနတ်နဲ့ ပစ် မသေသလိုလို သေသလိုလို ဖြစ်နေတဲ့ ရစ်ဗြူတင်ကို အလွန်အေးလှတဲ့ နီဗားရေခဲမြစ်ထဲမှာ ကျောက်တုံးကြီးနဲ့ ဖိပြီး ဖျောက်ပစ်ခဲ့ပါတယ်တဲ့
    နောက်တော့ ရစ်ဗြူတင် ကျိန်စာတိုက်ခဲ့သလိုပဲ ရုရှားပြည်မှာ အလုပ်သမားပါတီက တော်လှန်ရေးလုပ်ပြီး ရုရှားပြည်မှာ သွေးချောင်းစီးခဲ့တဲ့အပြင် ရုရှားဇာဘုရင်လည်း နန်းချခံလိုက်ရပါတယ် နောက်တော့ ဇာဘုရင် မိသားစု တစုလုံး ကွပ်မျက်ခံခဲ့ရပြီး ဇာဘုရင်မင်းဆက်ပြတ်သွားပါတယ်
    ဒါက ရစ်ဗြူတင်အကြောင်း ရိုက်ထားတဲ့ ဇာတ်ကားပေါင်းများစွာထဲမှ 1996 version ဖြစ်ပါတယ်
    Rasputin: Dark Servant of Destiny (1996) - Legendado
    th-cam.com/video/zC_5ROBX3H0/w-d-xo.html
    ဒါကတော့ ရစ်ဗြူတင်အကြောင်း ရေးဖွဲ့ထားတဲ့ Boney M. ရဲ့ 1979 ခုနှစ် မူရင်းသီချင်းဖြစ်ပါတယ်
    th-cam.com/video/16y1AkoZkmQ/w-d-xo.html
    ဒါကတော့ ရုရှားဇာဘုရင်မင်းဆက်ရဲ့ နောက်ဆုံးဇာဘုရင် နီကိုးလပ်စ်နဲ့ မိဖုရားကြီး အလက်ဇန္ဒရား တို့အကြောင်း ရိုက်ကူးထားတဲ့ 1971 ခုနှစ်က ဇာတ်ကား ဖြစ်ပါတယ် မိဖုရားကြီးဟာ ရစ်ဗြူတင်ကို အကြွင်းမဲ့ယုံကြည်ခဲ့တဲ့ ဆိုတာကို ဇာတ်ကားထဲမှာ တွေ့ရပါတယ် သူ့သားလေးရဲ့ မွေးရာပါသွေးကျဲ မျက်မြင်ဒိဋ္ဌကုသပေးခဲ့တာကိုး
    m4uhd.tv/watch-movie-nicholas-and-alexandra-1971-14587.html
    မိဖုရားကြီးနဲ့ ရစ်ဗြူတင်တို့ရဲ့ ကောလဟလပေါင်းများစွာ ရှိခဲ့တဲ့အတွက် Parody movie အနေနဲ့လည်း များစွာ ရိုက်ကူးထားပါသေးတယ်
    ရစ်ဗြူတင်ရဲ့သမီး မာရီယာရစ်ဗြူတင်ကတော့ ဒီကောလဟလတွေဟာ ကျမဖေဖေကို မနာလိုတဲ့သူတွေက ဖန်တီးခဲ့တာပါဆိုပြီး သူမကိုယ်တိုင်ရေးသားထုတ်ဝေခဲ့တဲ့ "ကျမဖေဖေ ရစ်ဗြူတင်" (My Father by Maria Rasputin) ဆိုတဲ့ စာအုပ်ထဲမှာ ဖော်ပြခဲ့ပါတယ်

    • @89lounge
      @89lounge  ปีที่แล้ว +2

      အကိုပြောပြထားတာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ အပြင် အတော်လေးနှံ့နှံ့စပ်စပ် လေ့လာထားတာပဲ သဘောကျတယ်ဗျာ😍

    • @shanhtet4739
      @shanhtet4739 ปีที่แล้ว +1

      ပြောရတာအားနာပါတယ် Rasputin နဲ့ Cheiro တွေ့ခဲ့တယ်ဆိုတာ ဘယ်အထောက်အထားမှမရှိပါဘူး တချိန်တည်းမှာလား Cheiro ရဲ့ ဟောကိန်းအများစုဟာလည်း ချဲ့ကား / stage ထားတာတွေဖြစ်ကြောင်း သက်သေပြပြီးဖြစ်ပါတယ် ။ myth / legend နဲ့ truth ဆိုတာ ကွဲပြားဖို့လိုပါ‌လိမ့်မယ်။

    • @mithrandir-s5n
      @mithrandir-s5n ปีที่แล้ว

      @@shanhtet4739 ညီလေး အပေါ်မှာရေးထားတဲ့ဟာတွေဟာ သမိုင်းစာအုပ်တွေထဲမှာ ဖတ်ခဲ့ရတာတွေကိုပြန်ပြောပြတာပါပဲ ​ကျန်တာမငြင်းလိုဘူး အဲဒီအချိန် ကိုယ်လည်းမမွေးသေးဘူး ဒါပေမယ့် စာအုပ်တွေမှာ Printed article အဖြစ်ပါလာတာကို ဖတ်ထားဖူးရုံပဲရှိတယ် ဘယ်တုန်းကမှ မတွေ့ဖူးဘူးအထောက်အထားမရှိဘူးလို့ဘာလို့ပြောလဲ ကိုယ်နားမလည်
      ရှာလို့လွယ်တဲ့ evidence တွေက အွန်လိုင်းပေါ်မှာတပုံကြီးပါ ဒါက အဲဒါတွေအားလုံးထဲကတခုပါပဲ
      trove.nla.gov.au/newspaper/article/266592655
      သမိုင်းဆိုတာ ငြင်းစရာတွေအနည်းနဲ့အများတော့ရှိတတ်ကြစမြဲပါဘဲ 😊
      evidence တခု

    • @89lounge
      @89lounge  2 หลายเดือนก่อน

      @NyiiA2010 ဘရို ဘယ်သူလဲတော့ မသိပေမဲ့ ဘရို ပြောပုံဆိုပုံ လိမ္မာပါးနပ်တာကိုလည်း ချီးကျူးပါတယ်ဗျ ဂန်းဒပ်ပုံနဲ့ဆိုရင်တော့ သေချာတယ် ဂိပဲဖြစ်ရမယ် ပြီးတော့ knowledge လည်း တကူးတက လာ share သွားတာ ကျေးဇူးတင်ပါတယ်ဗျာ အခု တနှစ် ပြည့်တဲ့ထိ ဘရို ကောမန့်ကို အမှတ်ရနေဆဲပါ ကျွန်တော် facebook မှာ credit ပေးပြီး share ပေးထားပါတယ်ဗျ ကျွန်တော့် facebook page လေးပါ
      facebook.com/share/p/DozyrT8U7Ks9Ss7f/
      အပန်းမကြီး ရင် လာနှုတ်ဆက်ပေးပါအုံးဗျ တွေ့ချင်လို့ပါ

    • @89lounge
      @89lounge  2 หลายเดือนก่อน

      facebook.com/share/p/DozyrT8U7Ks9Ss7f/
      ဘရို အားရင် လာနှုတ်ဆက်ပေးပါအုံးဗျ

  • @AllinOne-pm5ny
    @AllinOne-pm5ny ปีที่แล้ว

    အရမ်းစိတ်ဝင်စားဖို့ကောင်းတယ် bro

    • @89lounge
      @89lounge  ปีที่แล้ว +1

      ကျေးဇူးပါ bro ဆက် ကြိုးစားပါမယ်ဗျ

  • @kophyo4648
    @kophyo4648 ปีที่แล้ว

    ထပ်တင်ပေးပါအုံး

  • @burmaaudio
    @burmaaudio ปีที่แล้ว +3

    မိုက်လှပါလားကိုယ့်လူရ...ရှယ်ပဲ Reach တွေက

    • @89lounge
      @89lounge  ปีที่แล้ว

      ဆက်လက်ကြိုးစားတင်ဆက်သွားပေးပါ့မယ်ဗျ ကိုမောင်ငယ်ရင်သွေး

  • @footballsportshow1803
    @footballsportshow1803 ปีที่แล้ว +1

    စော်တွေရှယ်buufရတဲ့ ဘဲကြီး

  • @kyawhtetaung2866
    @kyawhtetaung2866 ปีที่แล้ว

    စာအုပ်ဖတ်ရတာလဲ မိုက်တရ်

  • @yangkai4221
    @yangkai4221 ปีที่แล้ว

    အဆိပ်ခပ်သတ်တာမသေတာကြီကစာလိုက်တာ

  • @trollingninja5196
    @trollingninja5196 ปีที่แล้ว

    the king man ထဲမှာ အဲ့ဘဲပါတယ်တော်တော်မိုက်တယ်

    • @89lounge
      @89lounge  ปีที่แล้ว

      ဟုတ်တယ်ဗျ နောက်ဆုံးထွက်တဲ့ ကားထဲမှာ အဲ့ဘဲပါတယ်ဗျ တော်တော်မိုက်တယ်

  • @kyawsoe5442
    @kyawsoe5442 ปีที่แล้ว

    Rasputin ဆိုတော့ ရပ်စ်ဖြူတင် လို့ အသံထက် putin က ပလာဒီမာ ပူတင်နဲ့ စာလုံးပေါင်းတူတူဘဲလား တူတာတွေတော်တော်များနေလို့ မေးကြည့်တာပါ

    • @89lounge
      @89lounge  ปีที่แล้ว +1

      ဟုတ်ပါတယ်ဗျ ပူတင်လို့လည်း အသံထွက်ကြပါတယ် တချိူ့ဆို ပူတင် 1 ကို ရပ်စ်ပူတင် ပူတင်၂ ကို putin လို့လည်း ပြောကြပါတယ်

    • @electronicmt._.3138
      @electronicmt._.3138 ปีที่แล้ว

      သီချင်းတိုင်ရှိ​သေးတယ်

  • @boeboe007
    @boeboe007 ปีที่แล้ว

    အဲ့အကြောင်းရိုက်ထားတဲ့ဇာတ်ကားရှိရင်တစ်ချက်လောက်

    • @89lounge
      @89lounge  ปีที่แล้ว +1

      Rasputin: Murder in the Tsar's Court

  • @nkety7041
    @nkety7041 ปีที่แล้ว

    မနေ့ညကမှကြည့်ထားမိတညအဲ့ကား